Connect with us

Videos

ခွေးချစ်သူများအတွက် DOG PC ကို တီထွင်

ဟောင်ကောင်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

မိမိအိမ်မွေးခွေးများအတွက် DOG PC ကိုအထူးတီထွင်ထုတ်လုပ်လိုက်ပြီဖြစ်သည်။ မိမိအချစ်တော်ခွေးလိမ်မာ လေးများ Fruit Ninja ကဲ့သို့သော ဂိမ်းများ ဆော့ကစားနိုင်ရန်အတွက်တီထွင်ထားခြင်းဖြစ်သည်။ ထိုသို့ ခွေးများအတွက် အထူးသီးသန့် ကွန်ပျူတာထုတ်လုပ်ခြင်းအားဖြင့် ၎င်းတို့ လှုပ်ရှားမှှုများကို ပိုမိုကျွမ်းကျင်စေနိုင်သည့်အပြင် ပိုင်ရှင်နှင့်လည်း ပိုမိုကောင်းမွန်သော ရင်းနှီးမှုများတည်ဆောက်နိုင်မည် ဖြစ်သည်။ Tablet အမျိုးအစား Touch screen အဖြစ်ထုတ်လုပ်ထားခြင်းဖြစ်ပြီး speaker နှင့် camera တပ်ဆင်ထားကာ ပိုင်ရှင်၏ smart ဖုန်းမှ တစ်ဆင့်ဆက်သွယ်နိုင်အောင်တီထွင်ပေးထားသည်။ ထို့အပြင် ခွေးပိုင်ရှင်က မိမိဖုန်းမှ တစ်ဆင့် ခွေးကလေးဆော့ကစားနေသည့်ကွန်ပျူတာတွင် အဆင်သင့်ထည့်သွင်း ထားသည့် အစာသေတ္တာထဲမှ အစာကို အချိန်မှန်ကျွေးနိုင်အောင်လည်း စီစဉ်ပေးထားသည်။အဆိုပါ ကွန်ပျူတာကို ဟောင်ကောင်ရှိနည်းပညာကုမ္ပဏီတစ်ခု ဖြစ်သည့် Telsa ကုမ္ပဏီက ထုတ်လုပ်ထားခြင်း ဖြစ်သည်။ အိမ်မွေးခွေးများ၏ အလေ့အကျင့်များ၊ အပြုအမူများအပေါ်အခြေခံကာ ထိုသို့ထုတ်လုပ် ပေးထားခြင်းဖြစ်ကြောင်းသိရသည်။ ယခုနှစ်ကုန်တွင် အိမ်မွေးတိရစ္ဆာန်ခွေးချစ်သူများထံသို့ တရားဝင်ဖြန့်ချီ ပေးတော့မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.