Connect with us

Videos

JMC-U အဋ္ဌမအကြိမ် အစည်းအဝေးကို နိုဝင်ဘာ တတိယအပတ်တွင် ပြန်လည်ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ အဋ္ဌမအကြိမ် အစည်းအဝေးကို နိုဝင်ဘာ တတိယပတ်တွင် ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း အစည်းအဝေးမှ သိရသည်။ ပြန်လည်ကျင်းပမည့် JMC-Uအစည်းအဝေး၌ ကရင်ပြည်နယ်ကို မိုင်းရှင်းလင်းရှေ့ပြေးစီမံချက် ပြုလုပ်မှုအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဘက်မှ ပြန်လည်ဆွေးနွေးမည်ဖြစ်ပြီး သတ္တမအကြိမ်ဆွေးနွေးပွဲ၌ ကျန်ရှိသော အချက်အလက်များကို ဆက်လက် ဆွေးနွေးသွားမည်ဖြစ်သည်။ ယင်းJMC-U အစည်းအဝေးတွင် အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးနှင့် ဒုတိယအလုပ် အမှုဆောင် ညွှန်ကြားရေးမှူး၊ အတွင်းရေးမှူးတို့၏ လုပ်ငန်းလမ်းညွှန်၊ လုပ်ငန်းတာဝန်များအား အတည်ပြုနိုင်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.