Connect with us

Videos

NLD သည် ပြည်သူများ၏ အဓိကလိုအပ်ချက်များကို ဖြည့်ဆည်းရန်ဦးတည် သည့်မူဝါဒစီမံကိန်းများဖြင့် ဆောင်ရွက်မည်ဟုဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ၂၁ ရက်နေ့ က ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ ရွေးကောက်ပွဲ ဆိုင်ရာ ဟောပြောချက်တွင် NLD သည် ရွေးကောက်ပွဲ တွင် အနိုင်ရရှိပါက ပြည်သူများ၏ အဓိကလိုအပ်ချက်များကို ဖြည့်ဆည်းရန်ဦးတည်သည့် မူဝါဒ စီမံကိန်းများဖြင့်ဆောင်ရွက်သွားမည်ဟု ထည့်သွင်း ပြောကြားသွားသည်။
NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီ၏ လမ်းစဉ်များ၊ ရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူများမှ နိုဝင်ဘာလတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မိမိတို့ကိုယ်တိုင်ယုံကြည်သည့် ပါတီကို ရွေးချယ်ကြရန်ဖြစ်ပြီး NLD ပါတီအနေဖြင့် ပြည်သူများ၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသွားမည်ဟုလည်း အဆိုပါရုပ်သံထုတ်လွှင့်ချက်တွင် ပြောကြားခဲ့သည်။
စက်တင်ဘာလ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် သို့ ရွေးကောက်ပွဲ အောင်နိုင်ရေးခရီးစဉ် အဖြစ်သွားရောက်ပြီး မဲဆန္ဒ ရှင်ပြည်သူလူထုနှင့်တွေ့ဆုံကာ ပြည်သူများ၏မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေး သတင်းစာရှင်းလင်းပွဲ ကို စက်တင်ဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့တွင်ကျင်းပပြုလုပ်ခဲ့ရာ NLD ဗဟိုအောင်နိုင်ရေး အဖွဲ့ဝင် ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည် ၏ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးခရီးစဉ်များ နှင့် ပတ်သက်ပြီး အောက်တိုဘာလ ၂ ရက်မှ ၅ ရက်နေ့ထိ ကချင်ပြည်နယ် အတွင်းရှိ ဝိုင်းမော်၊ မိုးညှင်းနှင့် မိုးကောင်းသို့ လည်းကောင်း၊ အောက်တိုဘာလ ၁၆ ရက်မှ ၁၈ ရက်နေ့ ထိ ရခိုင်ပြည်နယ် အတွင်းရှိ တောင်ကုတ်၊ သံတွဲနှင့် ဂွသို့ လည်းကောင်း၊ အောက်တိုဘာလ ၂၁ ရက်မှ ၂၂ ရက်ထိ ရှမ်းပြည်နယ် တောင်ပိုင်းသို့ လည်းကောင်း ရွေးကောက်ပွဲ အောင်နိုင်ရေးခရီးစဉ် အဖြစ်သွားရောက်မည်ဟုပြောကြားခဲ့သည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပြည်သူ့ လွှတ်တော်တွင် ၃၁၈ ဦး၊ အမျိုးသား လွှတ်တော်တွင် ၁၆၃ ဦး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်တွင် ၆၂၀ နှင့် တိုင်းရင်းသား လူမျိုးစု မဲဆန္ဒနယ်တွင် ၂၉ ဦး စုစုပေါင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုယ်စားလှယ်လောင်း ၁,၁၃၀ ဦးဝင်ရောက်မည် ဖြစ်ပြီး အဆိုပါ ၁,၁၃၀ ထဲတွင် တိုင်းရင်းသား ပါဝင်မှု ၃၆၀ ဦးနှင့် အမျိုးသမီး ပါဝင်မှု ၁၇၀ ဦး တို့ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.