Connect with us

Videos

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အမေရိကန်နိုင်ငံ သို့ ရောက်ရှိ စဉ် တွင် တရုတ်-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြား

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖျိန်လိယွမ် တို့သည် အမေရိကန် နိုင်ငံ သမ္မတ ဘားရတ် အိုဘားမား ၏ ဖိတ်ကြားမှုအရ အမေရိကန်နိုင်ငံ သို့ ပထမဆုံး တရားဝင် ချစ်ကြည်ရေး အလည်အပတ် ခရီးစဉ် (State Visit) အဖြစ် အင်္ဂါနေ့တွင် ရောက်ရှိခဲ့သည်။

သမ္မတရှီကျင့်ဖိန် သည် (၃) ကြိမ်မြောက် တရုတ်-အမေရိကန် အုပ်ချုပ်ရေးမှူးများ ဖိုရမ် ကို တက်ရောက်ပြီး မိန့်ခွန်းပြောကြားရာတွင် တရုတ်-အမေရိကန် နှစ်နိုင်ငံ နိုင်ငံအချင်းချင်းဆက်ဆံရေး၊ ပြည်သူအချင်းချင်းဆက်ဆံရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍတွင်ပူးပေါင်းဆောင်ရွက်ရေး၊ ယဉ်ကျေးမှု ဖလှယ်ရေး နှင့်ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများကို ပိုမိုတိုးမြှင့် ဆောင်ရွက်ရန်အထူးအလေးထားပြောကြားခဲ့သည်။

ညနေပိုင်းတွင် Westin Seattle Hotel တွင် ကျင်းပသော သမ္မတရှီအား ကြိုဆို နှုတ်ဆက်ပွဲ အခမ်းအနား၌ သမ္မတရှီမှ ယခု ခရီးစဉ်နှင့် ပတ်သက်ပြီး မိန့်ခွန်း ပြောကြားရာတွင် တရုတ်နိုင်ငံ သည် စတော့ ဈေးကွက် ကို ပြန်လည် ကောင်းမွန်လာအောင် ကြိုးစားနိုင်ခဲ့ပြီး ဈေးကွက် အတက်အကျအား ကိုယ်တိုင်ထိန်း ညှိနိုင်ခဲ့ကြောင်း၊ အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် ( Asian Infrastructure Investment Bank (AIIB) ) ၏ ရည်ရွယ်ချက် သည်ဘုံ ဖွံ့ဖြိုးမှု အတွက် ဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ပူးပေါင်း၍ ဆိုက်ဘာ မှုခင်းများကို တိုက်ဖျက်ရန် အမေရိကန် အဆင့်မြင့် အရာရှိများနှင့် ဆွေးနွေးရန် အဆင်သင့်ရှိ ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံပြည်သူများ၏ နက်ရှိုင်းသော ရင်းနှီး ချစ်ကြည်မှုကို ပိုမို ခိုင်မာစေရန်နှင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုချဲ့ထွင်ပြီး တရုတ်နိုင်ငံနှင့် အမေရိကန် နိုင်ငံအကြား ပိုမို တိုးတက် ကောင်းမွန်သော နိုင်ငံကြီး အချင်းချင်း ဆက်ဆံရေး ပုံစံသစ်ကို တည်ဆောက်ရန် အတွက် ယခုကဲ့သို့ လာရောက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.