Connect with us

Videos

လက်ဝှေ့တွဲဆိုင်း ၁၀ ဆိုင်းဖြင့် မြိုင်ဆိုင်ခဲ့သည့် The Great Lethwei

ရန်ကုန် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

လေးကြိမ်မြောက်ကျင်းပသည့် TGL 4 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ( The Great Lethwei ) ကို ဇွန် ၂၅ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ ကျင်းပခဲ့သည်။ ယင်းပြိုင်ပွဲကို တွဲဆိုင်း ၁၀ ဆိုင်းဖြင့် ကျင်းပခဲ့ပြီး ခေါင်တွဲဆိုင်းတွင် မြန်မာလက်ဝှေ့သမား ရာမာန်က ထိုင်းနိုင်ငံမှ ပြိုင်ဘက် “အိုလန်”ကို ပထမအချီမှာတင် ပွဲသိမ်းအလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဒုခေါင်တွဲဆိုင်းတွင် ထွန်းမင်းအောင်က ပြိုင်ဘက် ကစားသမား အောင်ခိုင်ကို ဒိုင်အဆုံးအဖြတ် အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ကျန်ပွဲစဉ် ၈ ပွဲ အနက် တွဲဆိုင်း ၄ ဆိုင်းသည် ဒိုင်အဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့ကြပြီး အလဲထိုး ပွဲစဉ် ၃ ပွဲရှိခဲ့ကြောင်း သိရသည်။ TGL 4 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲသည် ပရိသတ်အကြိုက် ပွဲစဉ်များ ဖြစ်ခဲ့ကာ လက်ဝှေ့ရုံပြည့် နီးပါးအထိ ပရိသတ်များ လာရောက်အားပေးခဲ့ကြကြောင်း သိရသည်။ (Xinhua)