Connect with us

Videos

ရန်ကုန်တိုင်းဒေသကြီးတွင် ကျပ် ဘီလီယံ ၄၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမှုအနေဖြင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအမျိုး ၃၆ မျိုး တန်ဖိုးအားဖြင့် ကျပ် ၄၃၆ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂၀၇ သန်းကျော်) ကို ဇွန် ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ဒဂုံဧရာ ကုန်တင်ယာဉ်ရပ်နားကွင်း၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးမြို့တွင် မူးယစ်ဆေးဝါးအမျိုးအစား ၃၄မျိုး တန်ဖိုးအားဖြင့် ကျပ် ၁၄၄ ဘီလီယံကျော်(အမေရိကန် ဒေါ်လာ ၆၉သန်းကျော်နှင့် တောင်ကြီးမြို့တွင် မူးယစ်ဆေးဝါးအမျိုးအစား ၇၅မျိုး တန်ဖိုးအားဖြင့် ၃၅ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၆၉ သန်းကျော်) မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သိမ်းဆီးရမိသော မူးယစ်ဆေးဝါး နှင့် ဓာတုပစ္စည်း တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၄၄၆ သန်းကျော်ကို ဇွန် ၂၆ ရက် တွင် ကျရောက်သော (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မီးရှို့ဖျက်ဆီးခြင်း အခမ်းအနား၌ မီးရှို့ဖျက်ဆီး ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်း မီးရှို့ဖျက်ဆီးသည့် အခမ်းအနားများကို ဇွန် ၂၆ ရက်၊ မနက်ပိုင်းတွင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီး စသည့် မြို့ကြီး ၃ မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117