ဘိုးအောက်၊ ဟိုင်နန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) အာရှဒေသ၏ စီးပွားရေးသည် ၂၀၂၄ ခုနှစ်အတွင်း ၄.၅ ရာခိုင်နှုန်းခန့်တိုးလာမည်ဟု ခန့်မှန်းထားရာ ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် အကြီးမားဆုံးပံ့ပိုးပေးသောဒေသအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့တွင် ကျင်းပသော အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (BFA) မှ မတ်...
ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ) တရုတ်-ဟွန်ဒူးရပ်စ်တို့ကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် (၁)နှစ်ပြည့် နှစ်ပတ်လည်ကို ဂုဏ်ပြုသောအားဖြင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ဟွန်ဒူးရပ်စ်နိုင်ငံသမ္မတ ကက်စထရိုတို့က ဝမ်းမြောက်ကြောင်းသဝဏ်လွှာများကို မတ် ၂၆ ရက်တွင် အပြန်အလှန်ပေးပို့ ခဲ့ကြောင်း သိရသည်။
နန်နင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရိုရိကွမ်းနယ်စပ်ဂိတ်က ယခုနှစ် ပထမနှစ်လတာအတွင်း အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှု သိသိသာသာတိုးလာခဲ့ကြောင်း ဒေသန္တရအကောက်ခွန်ရုံးထံမှ သိရသည်။ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ရိုရိကွမ်းနယ်စပ်ဂိတ်မှတစ်ဆင့် အာဆီယံနိုင်ငံများနှင့် စုစုပေါင်း သွင်းကုန်၊ ပို့ကုန်များမှာ ယွမ် ၆၅.၅...
ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အရည်အသွေးရှိကုန်ထုတ်လုပ်မှုအင်အားစုအသစ်များ ဖော်ထုတ်ခြင်းနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်းအပေါ် အလေးထားဆောင်ရွက်ခြင်းက ပြည်တွင်းနှင့် ပြည်ပ စီးပွားရေးလုပ်ငန်းများအတွက် ကြီးမားသောအခွင့်အလမ်းများ ဖန်တီးပေးမည်ဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူရေးနှင့် တိုးတက်ရေးတွင်လည်း အားကောင်းသော တွန်းအားဖြည့်တင်းပေးလျက်ရှိကြောင်း ထိပ်တန်းစီးပွားရေးစီမံကိန်းအရ သိရသည်။ တရုတ်နိုင်ငံအနေဖြင့် အရည်အသွေးရှိကုန်ထုတ်လုပ်မှုအင်အားသစ်...
ရန်ကုန် ၊မတ် ၂၆ ရက် တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသားတို့ရဲ့ကြွယ်ဝသောရိုးရာဓလေ့အနှစ်သာရကို လိုက်ပါခံစားလိုက်ပါ။
အမ်မန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဂါဇာဒေသသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပို့ဆောင်နိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ချက်ချင်းဖော်ဆောင်ရန် လိုအပ်ကြောင်း မတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး Ayman Safadi နှင့် အမ်မန်မြို့၌...
ဒါကာ၊ မတ် ၂၆ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရုတ်ကုမ္ပဏီများ၏ ငွေကြေးထောက်ပံ့မှုဖြင့် တည်ဆောက်သည့် ပထမဆုံး ဗဟိုက ထိန်းချုပ်ထားသော လေအားလျှပ်စစ်စီမံကိန်းဖြစ်သည့် ကော့ဘဇားလေအားလျှပ်စစ်စက်ရုံက နောက်ဆုံး လေစွမ်းအင်သုံး မီးစက် တပ်ဆင်ပြီးနောက် မတ် ၂၄ ရက်တွင် အပြည့်အဝ လုပ်ငန်းလည်ပတ်မှု စတင်ခဲ့ကြောင်း သိရသည်။ အဆိုပါလေအားလျှပ်စစ်စီမံကိန်းက...
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသို့ ယခုနှစ် ပထမနှစ်လတာအတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် ၂၆၀,၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။ ဇန်နဝါရီလတွင် နိုင်ငံခြားခရီးသွားဧည့်သည် ၁၄၀,၀၀၀ ကျော် ဝင်ရောက်ပြီး ဖေဖော်ဝါရီလတွင် ၁၂၀,၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း...
ဝူးလူမုချီ၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ယခုအခါတွင် နွေဦးရာသီစိုက်ပျိုးသည့်အချိန် ဖြစ်သည်။ ဒေသခံလယ်သမားများက စိုက်ပျိုးရေး အချိန်နှင့် လုပ်သားစရိတ် လျှော့ချရေးအတွက် မောင်းသူမဲ့မျိုးကြဲစက်များကို လမ်းညွှန်ရန် BeiDou တည်နေရာပြဂြိုဟ်တုစနစ် (BDS)အား အသုံးပြုကြကြောင်း သိရသည်။ ရှင်းကျန်းဒေသက...
ဟူပေ၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် တောင်မှ မြောက်သို့ ရေလမ်းကြောင်းပြောင်းလဲရေးစီမံကိန်း သုံးခုရှိသည်။ ယင်းအနက် အထင်ရှားဆုံးမှာ အလယ်ပိုင်းလမ်းကြောင်းဖြစ်ပြီး တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ရှိ Danjiangkou ရေလှောင်ကန်မှစတင်ကာ ပေကျင်းမြို့နှင့် ထျန်းကျင်းမြို့သို့ မရောက်မီ ဟဲနန်ပြည်နယ်နှင့် ဟဲပေပြည်နယ်တို့ကို ဖြတ်သန်းသွားကြောင်း သိရသည်။ အဆိုပါ...