Connect with us

Media

မြန်မာနိုင်ငံ ရန်ကုန်မြို့၏ မှိုင်းညို့သည့် တိမ်ညိုများအောက်မှ ပြည်သူများ၏ အိမ်ပြန်ချိန်မြင်ကွင်းများ

ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

မိုးရွာသွန်းပြီး လေပြင်းတိုက်မှုများကြောင့် ဇူလိုင် ၂၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတွင် သစ်ပင်များ လဲကျမှုကြောင့် ဓာတ်တိုင်များ ပြိုလဲမှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်လျက်ရှိသော အပူပိုင်းမုန်တိုင်း “ဝီဖာ” (WIPHA) သည် အနောက်ဘက်သို့ရွေ့လျားနိုင်ပြီး၊ ဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်ကာ နောက် ၁၂ နာရီအတွင်း လာအိုနိုင်ငံပေါ်တွင် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားမည်ဟု ခန့်မှန်းရကြောင်း၊ အဆိုပါ အပူပိုင်းမုန်တိုင်း “ဝီဖာ” မှ ပြတ်ထွက်လာသော တိမ်တိုက်များနှင့် အကြွင်းအကျန်တိမ်တိုက်များကြောင့် ဇူလိုင် ၂၂ ရက် ညနေမှ ဇူလိုင်၂၅ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးသည်းထန်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင်လ ၂၂ ရက် ည ၇:၀၀ နာရီက သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117