ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ထိုင်ဝမ်ဒေသ ရွေးကောက်ပွဲသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးစစ်စစ်သာဖြစ်ကြောင်း၊ ပြင်ပမှဝင်ရောက်စွက်ဖက်မှုကို ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်ဒေသရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်မှုကို ရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၁ ရက်၌ ပြောကြားခဲ့သည်။
ယွန်ချိန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယွန်ချိန်မြို့ရှိ ဆားငန်ရေကန်သည် ဂေဟစနစ် တိုးတက်လာမှုကြောင့် ဆောင်းရာသီတွင် ငှက်များပျော်စံရာ နေရာအဖြစ် အသွင်ပြောင်းလာခဲ့သည်။ (Xinhua) ………………………………. Salt lake turns into paradise for birds in China’s Yuncheng...
ဂါဇာ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းသေဆုံးသူ အရေအတွက်မှာ ၂၃,၄၆၉ ဦး အထိရှိလာပြီဖြစ်ကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၁ ရက်၌ ပြောကြားခဲ့သည်။
လာ့စ်ဗီးဂတ်စ်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ်မြို့တွင် ပြုလုပ်လျက်ရှိသော 2024 Consumer Electronics Show ၌ တရုတ်လျှပ်စစ်ကားထုတ်လုပ်သူ Xpeng ၏ လုပ်ငန်းခွဲ XPENG AEROHT မှ ထုတ်လုပ်သည့် ကားပျံက လာရောက်လေ့လာသူများ၏ အာရုံကို ဆွဲဆောင်ထားနိုင်ခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုနှင့် တိုက်တွန်းမှုအရ ဇန်နဝါရီ ၁၀ ရက်မှ ၁၁ ရက်အတွင်း မြန်မာ့တပ်မတော်နှင့် MNDAA ၊ TNLA နှင့် AA စသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များက တရုတ်နိုင်ငံ ကူမင်းမြို့တွင် ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်ခဲ့ရာ တရားဝင်...
ကျဲ့ကျန်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်းဒေသများမှ ခရီးသွားဧည့်သည်များသည် နိုင်ငံအရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် မြို့တော် ဟာအယ်ပင်းရှိ “ရေခဲမြို့” သို့ လာရောက်လည်ပတ်ကြသလို နိုင်ငံအတွင်း အခြားဒေသများရှိ ဆောင်းရာသီ ခရီးသွားနေရာများသို့လည်း အဖွဲ့လိုက်သွားရောက်လည်ပတ်လေ့ရှိကြသည်။ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ စကိတ်စီးအပန်းဖြေစခန်းများတွင် ယခင်နှစ်ဆောင်းရာသီက ခရီးသွားဧည့်သည်...
အစ္စတန်ဘူလ်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) တူရကီ၊ ရိုမေးနီးယား၊ ဘူလ်ဂေးရီးယား စသည့်နိုင်ငံများက ပင်လယ်နက်အတွင်း ရေမြှုပ်မိုင်းများ ခြိမ်းခြောက်မှုအန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းရန် ပူးတွဲစီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်စောင်အား ဇန်နဝါရီ ၁၁ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အဆိုပါ သဘောတူညီချက်ကို တူရကီနိုင်ငံ ကာကွယ်ရေးဝန်ကြီး Yasar Guler...
ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ကရင်တိုင်းရင်းသားတို့၏ မွန်မြတ်သည့် ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့် ချစ်မြတ်နိုးဖွယ်ရာ ဂုဏ်ဒြပ်ကို ထင်ဟပ်ပေါ်လွင်စေသော ကရင်တိုင်းရင်းသား/သူများ၏ နေ့ကြီးရက်မြတ်ဖြစ်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော်နေ့ အခမ်းအနားများကို ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့၊ တိုင်းရင်းသားကျေးရွာတွင် ဇန်နဝါရီ ၁၁ ရက် (ယနေ့)တွင်...
သံအမတ်ကြီး မစ္စတာ ချန်းဟိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်က ယခုရက်ပိုင်း ရေးသားဖော်ပြခဲ့သည့် ဆောင်းပါးတွင် တရုတ် – မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ် နက်ရှိုင်းကြောင်း ၊ သမ္မတရှီကျင့်ဖျင်သည် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်လာရောက်ခဲ့ပြီး နှစ်ဦးနှစ်ဖက်က တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း...
ကျိုချွမ်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အာကာသအတွင်းသို့ ဂြိုဟ်တုသစ်တစ်စင်းအား ဇန်နဝါရီ ၁၁ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။ Tianxing-1 02 ဂြိုဟ်တုအား ပေကျင်းစံတော်ချိန် နံနက် ၁၁ နာရီ ၅၂ မိနစ်တွင် Kuaizhou-1A သယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်း...