Connect with us

Media

တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ ငလျင်သင့်ပြည်သူများကို ကူညီပေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိ

ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ဝင် ၃၇ ဦး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ (မတ် ၂၉ ရက်) သတင်းထုတ်ပြန်ထားသည်။
အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံ၏ ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အချိန်မီ အရေးပေါ်ကူညီရန် ညဉ့်နက်အထိ ခရီးဆက်လာကာ ငလျင်ဖြစ်ပြီး ၁၈ နာရီအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာသော အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့ ဖြစ်ကာ တရုတ်-မြန်မာ အစဉ်အလာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ပြသခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့သည် ပျက်စီးဆုံးရှုံးမှုများသော နေပြည်တော်သို့ အမြန်သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည်ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံရုံးယာယီတာဝန်ခံ Ms. Cao Jing နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က လေဆိပ်တွင် ကယ်ဆယ်ရေးအဖွဲ့ကို ကြိုဆိုခဲ့သည်။
အဆိုပါ ကယ်ဆယ်ရေးအဖွဲ့သည် ကူမင်း Changshui အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အသက်ကယ်ကိရိယာ (Life detector)များ၊ ငလျင်ကြိုတင်သတိပေးစနစ်(Earthquake early warning system) များ၊ ခရီးဆောင်ဂြိုဟ်တု(portable satellite)များနှင့် ဒရုန်းများ အပါအဝင် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ စုစုပေါင်း ၁၁၂ စုံ သယ်ဆောင်ပြီး မြန်မာနိုင်ငံသို့ ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117