ရာဖာ၊ အီဂျစ်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံက ပိတ်ဆို့ခံဂါဇာကမ်းမြောင်ဒေသမှ ဒဏ်ရာရပါလက်စတိုင်းပြည်သူများနှင့် နိုင်ငံခြားပတ်စပို့ကိုင်ဆောင်ထားသူများကို အီဂျစ်နှင့် ဂါဇာဒေသကြား တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည့် ရာဖာနယ်စပ်ဂိတ်မှတစ်ဆင့် နိုဝင်ဘာ ၁ ရက်က လက်ခံခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ နိုင်ငံခြားပတ်စပို့ကိုင်ဆောင်ထားသူ ၂၂၅ ခန့် ဂါဇာကမ်းမြောင်ဒေသမှ...
နေပြည်တော်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်တို့သည် အောက်တိုဘာ ၃၁ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။ တောတောင် ရေမြေချင်းချိတ်ဆက်နေသော တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် “ဆွေမျိုးပေါက်ဖော်”...
ဆန်နာ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့က နိုဝင်ဘာ ၁ ရက်အစောပိုင်းက အစ္စရေးပစ်မှတ်များအား ပစ်လွှတ်ခဲ့သည့် တိုက်ခိုက်မှု ရုပ်သံဖိုင်တစ်ခုအား ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အစ္စရေးနိုင်ငံ တောင်ဘက်စွန်းရှိ ပင်လယ်နီမြို့ဖြစ်သည့် Eilat အနီး ဒရုန်းတိုက်ခိုက်မှုအား တားဆီးခဲ့ပြီးနောက် မကြာမီ အောက်တိုဘာ ၃၁...
ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ The Industrial and Commercial Bank of China (ICBC) ရန်ကုန်ဘဏ်ခွဲ၏ နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းကြား ငွေပေးချေမှုစနစ် (Cross-border Interbank Payment System -CIPS) တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ် လုပ်ငန်းစတင်ခြင်း အခမ်းအနားကို...
ချွန်ဘူရီ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်ကားထုတ်လုပ်သူ SAIC Motor က ထိုင်းနိုင်ငံ၌ ပထမဆုံးလျှပ်စစ်ကား (EV) ဘက်ထရီစက်ရုံ ဖွင့်လှစ်ခြင်းအား အောက်တိုဘာ ၃၁ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။ အကျယ်အဝန်း ၁၂ ဟက်တာရှိသော EV ဘက်ထရီစက်ရုံသည် ချွန်ဘူရီပြည်နယ်ရှိ အရှေ့ပိုင်းစီးပွားရေးစင်္ကြံအထူးဇုန်ရှိ...
ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်တွင် အများပြည်သူများကြည့်ရှုနိုင်ရန် ဘုရင့်အသုံးအဆောင်ပစ္စည်းများကို ပြန်လည်ခင်းကျင်းပြသနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအာကာကျော်က ဆင်ဟွာသို့ ယနေ့ နိုဝင်ဘာ ၁ ရက်တွင်ပြောသည်။ ထိုသို့ ပြသနိုင်ရန်အတွက် ဘုန်းတော်ကြီးကျောင်းများနှင့် ပုဂ္ဂလိကများမှ ဘုရင့်အသုံးအဆောင်ပစ္စည်းများအား...
ရှန်ဟိုင်း၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ၄၀ ကြိမ်မြောက် အန္တာတိက သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာရေးအဖွဲ့သည် နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းက ထွက်ခွာသွားခဲ့ကြောင်းနှင့် ယခုစတင်လိုက်သော မစ်ရှင်မှာ အချိန်ငါးလကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ ယခုအကြိမ်သည် တရုတ်နိုင်ငံ အန္တာတိက သိပ္ပံစူးစမ်းလေ့လာရေးမစ်ရှင်က သင်္ဘောသုံးစင်းဖြင့်...
ပေကျင်း၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများကို အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက အောက်တိုဘာ ၃၁ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် လက်ရှိဖြစ်ပွားနေသော အခြေအနေများနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ထင်မြင်သုံးသပ်ချက်ကို သတင်းထောက်တစ်ဦးက...
ဂါဇာ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) အစ္စရေးက ဂါဇာကမ်းမြောင်ဒေသတွင် မြေပြင်ထိုးစစ်ဆင်မှုအား အောက်တိုဘာ ၃၁ ရက်တွင် အရှိန်မြှင့်ခဲ့ပြီး ပဋိပက္ခစတင်ချိန်မှစ၍ ဂါဇာဒေသရှိ ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့အစည်းများ ပိုင်ဆိုင်သည့် ပစ်မှတ်ပေါင်း ၁၁,၀၀၀ ကျော်အား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ (Xinhua) …………………………… (English Version) GLOBALink...