ယာအွန်ဒီ ၊ မတ် ၁၃ ရက်(ဆင်ဟွာ) ကင်မရွန်းနိုင်ငံ၏ အထက်လွှတ်တော်ရွေးကောက်ပွဲများအတွက် ဆန္ဒမဲပေးခြင်းအား မတ် ၁၂ ရက်တွင် နိုင်ငံအတွင်းရှိ ဒေသ ၁၀ ခုတွင် မဲရုံပေါင်း ၁၉၈ ရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်း ၊ မတ် ၁၃ ရက်(ဆင်ဟွာ) ဂျာမနီကားပစ္စည်းများ ပေးသွင်းသူ Continental က တရုတ်နိုင်ငံ၏ အလိုအလျောက် မောင်းနှင်နိုင်သည့် ယာဉ်ဈေးကွက်နှင့် ပတ်သက်၍ ယုံကြည်စိတ်ချနေလျက် ရှိပြီး တရုတ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများအား ဆက်လက်တိုးချဲ့သွားမည် ဖြစ်ကြောင်း သိရသည်။
အန်ကာရာ ၊ မတ် ၁၂ ရက်(ဆင်ဟွာ) တူရကီနိုင်ငံသမ္မတရီဆပ်တေရစ် အာဒိုဂန်က တူရကီနိုင်ငံ၏ သမ္မတ နှင့် လွှတ်တော်ရွေးကောက်ပွဲများအား သတ်မှတ်ထားသည်ထက် တစ်လစော၍ မေလ ၁၄ ရက်တွင် ကျင်းပပြုလုပ်ရန် မတ် ၁၀ ရက်တွင် တရားဝင်သတ်မှတ်လိုက်ကြောင်း သိရသည်။
ဟိုင်ခို ၊ မတ် ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်၌ မတ် ၁၀ ရက်တွင် တွေ့ရှိခဲ့သော သောင်တင်နေသည့် လင်းပိုင်ကို သုံးနာရီကြာ ကယ်ဆယ်ရေး ပြုလုပ်ပေးပြီးနောက် ပင်လယ်အတွင်းသို့ ပြန်လည်၍ လွှတ်ပေးခဲ့ကြောင်း ဒေသတွင်းမီးသတ်ဌာနထံမှ သိရသည်။
ဂျကာတာ ၊ မတ် ၁၂ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၏ မီရာပီမီးတောင်သည် မတ် ၁၁ ရက်တွင် ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာမှုန်များက အနီးနားရှိ ကျေးရွာအများအပြားသို့ မှုတ်ထုတ်ခဲ့ကြောင်း ဘူမိဗေဒဆိုင်ရာ သဘာဝဘေးအန္တရာယ် နည်းပညာသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာ(BPPTKG)က ထုတ်ပြန်ခဲ့သည်။
ဗလာဒီဗော့စတော့ခ် ၊ ရုရှား ၊ မတ် ၁၂ ရက်(ဆင်ဟွာ) ရုရှားအရှေ့ဖျားလူငယ်စက်ရုပ်ဘောလုံးပြိုင်ပွဲအား ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ရှိ Far Eastern Federal တက္ကသိုလ်၌ မတ် ၁၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစ္စတန်ဘူလ် ၊ မတ် ၁၂ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အစ္စတန်ဘူလ်မြို့ရှိ ဆေးရုံ ၁၀ ရုံထက်မနည်းသည် ငလျင်ဒဏ်ခံနိုင်ရည် မရှိကြောင်း တာဝန်ရှိသူများက ကြေညာခဲ့ပြီးနောက် ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။ ယင်းဆေးရုံများသည် မြို့အတွင်းရှိ အခြားကျန်းမာရေးအဆောက်အအုံ သို့မဟုတ် ဆေးရုံဝင်းများအတွင်း ပိုမိုဘေးကင်းရာသို့ ပြောင်းရွှေ့ခြင်းဖြင့် ဝန်ဆောင်မှုများ ပေးသွားမည်...
ဖနွမ်းပင် ၊ မတ် ၁၂ ရက်(ဆင်ဟွာ) ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု(RCEP) ကုန်သွယ်မှုသဘောတူညီချက် နှင့် ကမ္ဘောဒီးယား-တရုတ်လွတ်လပ်သောကုန်သွယ်မှုဇုန်(CCFTA) နှစ်ခုလုံး အသက်ဝင်လာခဲ့သည့် ၂၀၂၂ ခုနှစ်မှစတင်ကာ တရုတ်နိုင်ငံသို့ တင်ပို့မှုများ အားကောင်းလာခြင်းကြောင့် ကမ္ဘောဒီးယားနိုင်ငံသားအများအပြားသည် ဝင်ငွေပိုကောင်းလာကြကြောင်း သိရသည်။
ဟိန်းကျိုး၊ မတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိန်းကျိုးမြို့တွင် ဖေးလုံတံတား တည်ဆောက်လျက်ရှိသည်။ စုစုပေါင်း အရှည် ၉၄၀ မီတာရှိသော ထိုတံတားသည် ကွမ်ရှီးဒေသရှိ ယွိကျန်းမြစ်ကို လျင်မြန်စွာ ဖြတ်သန်းနိုင်မည်ဖြစ်ကာ တံတားတည်ဆောက်မှု ပြီးစီးမှုပြီးစီးပါက ပို့ဆောင်ဆက်သွယ်ရေးကို ထပ်မံအဆင့်မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ (Xinhua)...
ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ ပထမအကြိမ် အစည်းအဝေးတွင် အခြေခံဥပဒေ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ ရှီကျင့်ဖိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ “ကျွန်ုပ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို သစ္စာစောင့်သိရိုသေပါမည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခွင့်အာဏာကိုထိန်းသိမ်းစောင့်ရှောက်ပါမည်။...