Connect with us

Media

တရုတ်ပြည်သူ့စေတနာ့ဝန်ထမ်းစစ်သည် ၂၅ ဦး၏ ရုပ်အလောင်းများ တရုတ်နိုင်ငံသို့ ပြန်လည်သယ်ဆောင်လာ

စိန်ရန်၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ)

၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲတွင် ကျဆုံးသွားခဲ့သည့် တရုတ်ပြည်သူ့စေတနာ့ဝန်ထမ်း (CPV) စစ်သည် ၂၅ ဦး၏ ရုပ်အလောင်းများကို တောင်ကိုရီးယားနိုင်ငံမှ တရုတ်နိုင်ငံသို့ နိုဝင်ဘာ ၂၃ ရက်တွင် ပြန်လည်သယ်ဆောင်လာခဲ့ကြောင်း သိရသည်။

ကျဆုံးသွားသည့် စစ်သည်များ၏ ရုပ်အလောင်းများနှင့် ၎င်းတို့၏ ပိုင်ဆိုင်ပစ္စည်းများ တင်ဆောင်လာသည့် Y-20 စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ်သည် တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် မြို့တော် စိန်ရန်ရှိ ထောင်ရှန်းနိုင်ငံတကာလေဆိပ်သို့ နံနက် ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ဆင်းသက်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ယင်းရုပ်အလောင်းများအား နိုဝင်ဘာ ၂၄ ရက်တွင် ဈာပနအခမ်းအနားနှင့်အတူ စိန်ရန်မြို့ရှိ အာဇာနည်သုသာန်၌ မြှုပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………….
(English Version)
Remains of 25 CPV soldiers returned to China
The remains of 25 Chinese People’s Volunteers (CPV) soldiers killed in the 1950-1953 Korean War were returned to China on Thursday from the Republic of Korea (ROK).
At around 11:30 a.m., a Y-20 military transport aircraft carrying the remains and belongings of the fallen soldiers landed at the Taoxian International Airport in Shenyang, capital of northeast China’s Liaoning Province.
The remains will be buried in a martyrs’ cemetery in Shenyang, with a burial ceremony due to be held Friday.
Xinhua News Agency correspondents reporting from Shenyang, China.(XHTV)