အန့်ဟွေး၊နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံအရှေ့ပိုင်း အန့်ဟွေးပြည်နယ် Luan မြို့တွင် လျှပ်စစ်ဝန်ထမ်းများက 1100 KV လျှပ်စစ်စီးဆင်း နေသည့် လျှပ်စစ်တာဝါတိုင်ပေါ်သို့တက်ရောက်ကာ ဝိုင်ယာကြိုးများကိုချိတ်ဆက်ထားသည့်နေရာကို အောင်မြင်စွာ ပြုပြင်ဆောင်ရွက်နိုင်ခဲ့သည်။ ထိုသို့ လျှပ်စစ်စီးဝင်နေသည့် တာဝါတိုင်ပေါ်သို့တက်ရောက်ကာ ပြုပြင်ခြင်းမှာ ကမ္ဘာ့ပထမဆုံး အကြိမ် အောင်မြင်ပြီးမြောက်ခြင်းလည်းဖြစ်သည်။ ပြုပြင်ရေးလုပ်ငန်းစဉ် တစ်ခုလုံးအတွက်...
ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ထုတ်လုပ်ခဲ့သည့် ဝင်ရိုးစွန်းလေ့လာရေးဇိမ်ခံသင်္ဘောကြီးသည် ပထမဆုံးအကြိမ်တောင်ဝင်ရိုးစွန်း ဒေသကို သွားရောက်ခဲ့ပြီးပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။ Greg Mortimer ဟုအမည်ပေးထားသည့် ၎င်း သင်္ဘောကြီးကို China Merchants Industry Holdings က တည်ဆောက်ထားခြင်းဖြစ်ပြီး စက်တင်ဘာ လဆန်း ပိုင်း က ဟိုင်မန်...
ရန်ကုန် ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) “ ကျွန်ုပ် သည် ကြယ်တစ်ပွင့် ဖြစ်သည် ” ဟူသော ခေါင်းစဉ် ဖြင့် ကျင်းပ ပြုလုပ်သည့် ၂၀၁၉ ခုနှစ် ရန်ကုန် တိုင်းဒေသကြီး တရုတ် သီချင်း ဆို ပြိုင်ပွဲ...
ပေကျင်း၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက အာကာသစူးစမ်းလေ့လာရေးယာဉ်၏ လုပ်ငန်းစဉ်များ၊ မားစ်ဂြိုဟ် ပေါ်သို့ ဆင်းသက်ရာတွင် အတားအဆီးများကိုရှောင်ရှားရန်တို့နှင့်ပတ်သက်သည့် လေ့လာစမ်းသပ်မှုတစ်ခုကို နိုဝင်ဘာ ၁၄ ရက် က ပြုလုပ်ခဲ့သည်။ လေ့လာစမ်းသပ်မှုကို ကမ္ဘာ့ အာကာသ ဆိုင်ရာ စူးစမ်းလေ့လာရေး နယ်မြေတစ်ခုအဖြစ် အာရှတိုက် တွင် အကြီးဆုံး...
ဘရာဇီးလီးယား၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် နိုဝင်ဘာ ၁၄ ရက်က ဘရာဇီးနိုင်ငံ ဘရာဇီးလီးယားနိုင်ငံတွင် ကျင်းပလျှက်ရှိနေသည့် BRICS မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားခဲ့သည်။ သမ္မတရှီကျင့်ဖိန်က BRICS ပူးပေါင်းဆောင်ရွက်မှု မှ တစ်ဆင့် တစ်ကမ္ဘာလုံးတွင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေ မည်ဖြစ်သောကြောင့် အတူတကွ ကြိုးပမ်းဆောင်ရွက်...
ဝူဟန်၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဆူးတောင်မဲ့ ယန်ဇီ လင်းပိုင် တစ်ကောင်အား ငါးလှောင်ကန် အတွင်း မွေးဖွားခဲ့သည့် ရုပ်သံကို မှတ်တမ်းရိုက်ကူးထားနိုင်ခဲ့သည်။ ယခုအခါ ၎င်းလင်းပိုင်လေးမှာ အသက် ၅ လ ရှိပြီဖြစ်ပြီး F9C ဟု အမည်ပေးထားကာ ၎င်းမှာ ကမ္ဘာ့...
ပေကျင်း၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှိ ဝေးလံ သည့် ဒေသများတွင်နေထိုင်သူများအတွက် သွားလာရေးအဆင်ပြေစေရန် ကျောက်ကမ်းပါးယံများပေါ်တွင် အဝေးပြေးလမ်းမကို ခက်ခက်ခဲခဲဖောက်လုပ်ထားသည်။ အချို့အပိုင်းများတွင် လမ်းများကို နှစ်ကာလနှင့်ချီကာ ကြာမြင့်အောင် ဖောက်လုပ်ရသည်ဟုသိရသည်။ ထိုသို့ တောင်များအတွင်း နှင့် ကျောက်ကမ်းပါးယံများအတွင်းဖောက်လုပ်ထားသော အဝေးပြေးလမ်းမကြီး တည်ဆောက်ပြီးစီးပြီးနောက် ဒေသခံများ၏ စီးပွားရေးလုပ်ငန်းများ လွယ်ကူလျှင်မြန်ချောမွေ့...
ဘရာဇီးလီးယား၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က နိုဝင်ဘာ ၁၄ ရက်နေ့တွင် ဘရာဇီးနိုင်ငံ ဘရာဇီးလီးယား၌ ကျင်းပပြုလုပ်ခဲ့သည့် BRICS စီးပွားရေးဖိုရမ် ပိတ်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံကိုအောက်ပါ လင့်ခ်မှတစ်ဆင့်ကြည့်ရှုနိုင်သည်။ (Xinhua)
ရှီကျားကျွမ်း၊ နိုဝင်ဘာ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် အသစ်တီထွင်ထုတ်လုပ်ထားသည့် မောင်းသူမဲ့ မြေအောက်ရထားကိုစမ်းသပ် မောင်းနှင် ခဲ့ကြောင်း သိရသည်။ ၎င်းမြေအောက်ရထားမှာ တံခါးအဖွင့်အပိတ်ပြုလုပ်ခြင်း၊ အတားအဆီးများကို အာရုံခံစားနိုင်ခြင်းနှင့် အရေးပေါ်အခြေအနေများ တွင် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း တို့အပါအဝင် အချိန်တိုင်းတွင် အလုံးစုံ အလိုအလျောက် မောင်းနှင်နိုင်မည် ဖြစ်သည်။ ရထားကို တရုတ်နိုင်ငံ၏...
ဘရာဇီးလီးယား၊ နိုဝင်ဘာ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဘရာဇီးနိုင်ငံ ဘရာဇီးလီးယားမြို့သို့ ၁၁ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် နိုဝင်ဘာ ၁၃ရက်တွင်ရောက်ရှိခဲ့သည်။ ဘရာဇီးနိုင်ငံ၌ သမ္မတရှီကျင့်ဖိန်သည် ဘရာဇီးနိုင်ငံသမ္မတ Jair Bolsonaro နှင့်လည်းတွေ့ဆုံဆွေးနွေးရန် ရှိကြောင်းသိရသည်။ (Xinhua)