Connect with us

Videos

တရုတ်နိုင်ငံ တာ့ထုန်မြို့၌ အကြီးစားစမတ်ထရပ်ကားသစ် ထုတ်ဖော်ပြသ

တာ့ထုန် ၊ မတ် ၁၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်းထရပ်ကားထုတ်လုပ်သူ CRRC က အကြီးစားစမတ်လျှပ်စစ်ထရပ်ကားတစ်စီးအား ဆန်းရှီးပြည်နယ် တာ့ထုန်မြို့၌ မတ် ၁၄ ရက်တွင် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။ယင်းထရပ်ကားသည် ယာဉ်တွင်ပါရှိသည့် ဘတ်ထရီ သို့မဟုတ် ဝေဟင်ဝါယာကြိုးများမှတစ်ဆင့် လျှပ်စစ်ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ခြင်းဖြင့် အသုံးပြုနိုင်ကြောင်း သိရသည်။
ထရပ်ကား၏ အဓိကအင်္ဂါရပ်မှာ ထရပ်ကားသယ်ယူပို့ဆောင်ရေး စွမ်းဆောင်နိုင်မှု နှင့် ရေရှည်တည်တံ့မှုအား မြှင့်တင်ရန် ရွှေ့လျားသွားလာနေစဉ်အတွင်း အားသွင်းနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီထရပ်ကားကို ခရီးဝေးသယ်ယူပို့ဆောင်ရေးတွေ ၊ ဆိပ်ကမ်းတွေ နဲ့ ကျောက်မီးသွေးသယ်ယူပို့ဆောင်ရေးတွေမှာ အသုံးပြုနိုင်ပါတယ်”ဟု CRRC Datong သုတေသနအဖွဲ့၏ ဒုတိယခေါင်းဆောင် LIU PENG က ပြောကြားခဲ့သည်။

ယင်းထရပ်ကားသည် အနာဂတ်တွင် အလိုအလျောက် မောင်းသူမဲ့ မောင်းနှင်သွားလာမှု ဖြစ်ပေါ်လာရန် မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

————————–

GLOBALink | New smart heavy-duty truck unveiled in China’s Datong
China’s leading train maker CRRC unveiled a smart electric heavy-duty truck in Datong in Shanxi Province on Tuesday.
The truck can be powered by built-in battery or by being connected to the electricity grid through overhead wires.
A key feature of the truck is that it can charge while moving to enhance efficiency and sustainability of truck transportation.
SOUNDBITE (Chinese): LIU PENG, Deputy head of CRRC Datong’s research institute
“The truck can be used in long-distance transportation, in ports and also for coal transportation.”
In the future, the truck is also expected to realize autonomous driving.
Xinhua News Agency correspondents reporting from Datong, China.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.