ဟာဘင်း၊ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ဘက်စွန်းရှိ ဟေလုံကျန်းပြည်နယ် မြို့တော်ဟာဘင်းတွင် ဆောင်းရာသီ အတွင်း အပူချိန်မှာ အနုတ် ၂ဝ ဒီဂရီ ဆဲလ်စီးယပ်အထိအေးခဲလျက်ရှိသည့်ရာသီဥတု၌ တရုတ်နိုင်ငံ၏ အထူးလေ့ကျင့်ရေးတပ်ဖွဲ့ SWAT ၏ စစ်ရေးလေ့ကျင့်မှုမြင်ကွင်းများကိုရိုက်ကူးထားပါသည်။(Xinhua)
ဆန်တီရေးဂိုး၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ China Oriental Song and Dance အဖွဲ့မှ အကသမားများသည် ချီလီနိုင်ငံမြို့တော်ဆန်တီရေးဂိုးတွင် ဒီဇင်ဘာလ ၅ ရက်နေ့က တရုတ်ရိုးရာဖျော်ဖြေပွဲတစ်ရပ်ကျင်းပခဲ့ရာ အဆိုပါပွဲတွင် တရုတ်ရိုးရာယဉ်ကျေးမှုအကအလှများကို တင်ဆက်ခဲ့ပြီးချီလီနိုင်ငံပရိသတ်များကို ဖမ်းစားနိုင်ခဲ့ကြသည်။ တရုတ်ရိုးရာအကအလှ တင်ဆက်မှုများကို video ထဲတွင်ရှုစားနိုင်ပါသည်။(Xinhua)
ဟူနန်၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ ယွဲ့ယန်မြို့တွင် ၂ဝ၁၁ ခုနှစ် နှစ်ကုန်ပိုင်း က အထပ် ၃ဝ အမြင့်ရှိသည့် အဆောက်အဦ ကို စွမ်းအင်ချွေတာသည့်အနေဖြင့် အချိန် ၁၅ ရက်အတွင်း ဆောက်လုပ်ခဲ့သည်။ အဆောက်အဦ၏ foundation ပိုင်းအတွက် အချိန် ၃...
တိုင်ယွမ်၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်းရှန်ရှီးပြည်နယ် တိုင်ယွမ်မြို့တွင် Cangshan တောင်များအကြား၌ ဖြတ်သန်းကာဖောက်လုပ်ထားသည့် မှန်တံတားမှတစ်ဆင့် တောတောင်များ၏ ရှုခင်းအလှအပများကိုရှုစားရန် လာရောက်သူများပြားကြောင်းသိရသည်။ အဆိုပါမှန်တံတားတွင်ထူးခြားချက်မှာbuilt in screen ကို အသုံးပြုထားသောကြောင့် တံတားပေါ်လျှောက်နေစဉ် မှန်များကွဲကြေသွားသည့် ပုံစံမျိုးပုံရိပ်ယောင်များ ကိုလည်းဖန်တီးထားရာ လာရောက်လည်ပတ်သူများရင်သပ်ရှုမောဖွယ်ခံစားမှုမျိုးကိုခံစားစေရမည်ဖြစ်သည်။ (Xinhua)
လစ်စဘွန်း၊ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့်ဇနီး ဖုန်းလိယွမ်တို့ သည် ပေါ်တူဂီနိုင်ငံ လစ်စဘွန်းသို့ ဒီဇင်ဘာလ ၄ ရက်နေ့က ရောက်ရှိခဲ့ပြီး ပေါ်တူဂီနိုင်ငံသမ္မတ မာဆဲလို ရဲလ်ဘယ်လို ဒါ ဆိုဆာ က ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားဖြင့်ကြိုဆိုခဲ့သည့် မြင်ကွင်းအပြည့်အစုံကို အောက်ပါလင့်ခ်မှတစ်ဆင့်ကြည့်ရှုနိုင်ပါသည်။(Xinhua)
လစ်စဘွန်း၊ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဇနီး ဖုန်းလိယွမ်တို့သည် ပေါ်တူဂီနိုင်ငံသို့ ဒီဇင်ဘာလ ၄ ရက်နေ့က နိုင်ငံတော်ခရီးစဉ်အဖြစ်သွားရောက်ခဲ့ရာ ပေါ်တူဂီလေကြောင်းပိုင်နက် ခရီးစဉ်တစ်လျှောက် ပေါ်တူဂီတပ်မတော်လေယာဉ်များခြံရံကာကြိုဆိုခဲ့ကြသည်။ ယခုဥရောပ ခရီးစဉ်မှာ ၈ နှစ်တာကာလအတွင်း တရုတ်နိုင်ငံခေါင်းဆောင်အနေဖြင့် ပထမဆုံးသွားရောက်သည့်ခရီးစဉ်လည်းဖြစ်သည်။ (Xinhua)
တယ်ဂူစီဂါလ်ပါ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) ဟွန်ဒူးရပ်စ်နိုင်ငံတွင်ပြီးခဲ့သည့်နိုဝင်ဘာလ ၃ဝ ရက်နေ့က ကမ္ဘာ့အကြီးဆုံးကော်ဖီခွက်ကြီးကို ဂင်းနစ်စံချိန်မှတ်တမ်းတင်နိုင်ခဲ့သည်။အဆိုပါ ကော်ဖီခွက်ထဲတွင် ကော်ဖီပေါင်း ၁၈ဝဝဝ လီတာ ကိုဖြည့်တင်းထားခဲ့ပြီးနောက် ယခင်က ဗြိတိန်နိုင်ငံက တင်ထားခဲ့သည့်ကော်ဖီလီတာပေါင်း ၁၃၂ဝဝ လီတာ ကို ချိုးဖျက်ကာ စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ကော်ဖီခွက်ကြီးအား စတီးဖြင့် ပြုလုပ်ထားပြီး ရေနွေးပေါင်း...
ပေကျင်း၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း တန်ချန်း Tancheng စီရင်စုတွင် သက်တမ်းအားဖြင့် နှစ်ပေါင်း ၃ဝဝဝ ကျော်ရှိပြီဖြစ်သည့် ရွှေရောင်အဆင်းရှိသည့် Ginko ပင် မြန်မာအခေါ်အဝေါ်အားဖြင့် နှစ် ၁ဝဝ ပင်၊ ပဲကောပင် ကို လှပစွာမြင်တွေ့နိုင်မည်ဖြစ်သည်။ ၎င်းမှာ ၄၁.၉ မီတာ...
ဗျူနိုအေးရိစ်၊ ဒီဇင်ဘာ ၂ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဒီဇင်ဘာလ ၂ရက်နေ့က ကျင်းပသည့် အာဂျင်တီးနားနိုင်ငံသမ္မတ မာရူရီစီယို မက်ကရီ ၏ ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကိုတက်ရောက်ခဲ့သည့်မြင်ကွင်းအပြည့်အစုံကိုအောက်ပါလင့်ခ်မှတစ်ဆင့်ကြည့်ရှုနိုင်ပါသည်။(Xinhua)
ဗျူနိုအေးရိစ်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကတရုတ်- အမေရိကန် နှစ်နိုင်ငံကုန်သွယ်မှု ဆက်လက်မြှင့်တင်သွားရန်နှင့်အခွန်အခများတိုးမြှင့်ကောက်ခံမှုရပ်တန့် ရန် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရန့်တို့တွေ့ဆုံဆွေးနွေးခဲ့ ကြောင်းပြောကြားခဲ့သည် ။(Xinhua)