Connect with us

Media

တရုတ်နိုင်ငံက တီမောလက်စ်တေ့နိုင်ငံ ၏ ကော်ဖီထုတ်လုပ်ငန်းအတွက် နည်းပညာနှင့်ဈေးကွက်မြှင့်တင်

တီလီ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

မကြာသေးမီနှစ်များက တီမောနိုင်ငံထုတ် ကော်ဖီများ သည် နိုင်ငံတကာဈေးကွက်သို့ဝင်ရောက်နိုင်ခဲ့ပြီး တရုတ်နိုင်ငံတွင် အွန်လိုင်းမှ ရောင်းအားအကောင်းဆုံး ထုတ်ကုန်ဖြစ်လာခဲ့သည်။

တီမောလက်စ်တေ့နိုင်ငံ တွင် ကော်ဖီစိုက်ပျိုးရန် သင့်တော်သည့်မြေအနေအထား၊ရေနှင့် ရာသီဥတုအခြေအနေတို့ရှိသည်။

ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းသည် တီမောလက်စ်တေ့နိုင်ငံ အတွက် စီးပွားရေး ထောက်တိုင်တစ်ခုဖြစ်လာဖွယ်ရှိသည်။ အလွန်အဆင့်မြင့်မားသည့် စံချိန်စံညွှန်းများဖြင့် ကော်ဖီစေ့ခူးခြင်းနှင့် ထုတ်လုပ်ခြင်းများကြောင့် သဘာဝ Kopi Luwak ကော်ဖီမှာ နိုင်ငံ၏ အထင်ကရထုတ်ကုန်တစ်ခု ဖြစ်လာခဲ့သည်။

တီမောလက်စ်တေ့နိုင်ငံ သည် ၂၀၁၈ ခုနှစ်ကတည်းက တရုတ်နိုင်ငံတကာသွင်းကုန် ပြပွဲ (CIIE) တွင် တက်ကြွစွာပါဝင်ခဲ့သည်။

“ဒါဟာ တီမောလက်စ်တေ့နိုင်ငံ ရဲ့မြို့တော် ဖြစ်တဲ့ Dili မြို့ပြင်က ကော်ဖီစက်ရုံပါ၊ ဒီက ကော်ဖီစေ့တွေကိုပိုးသန့်စင်ပြီး ဆေးကြောကြရပါတယ်၊ ကော်ဖီစိုက်ခင်း တစ်ဝိုက်ကို တရုတ်နိုင်ငံ သံရုံးအကူအညီ ပေးရေးအစီအစဉ် နဲ့ ထောက်ပံ့ပေးထားပြီး   တီမောလက်စ်တေ့နိုင်ငံ ရဲ့ ကော်ဖီထုတ်လုပ်ငန်း ကို ပြန်လည် တိုးတက်ကောင်းမွန်လာစေပြီး ကော်ဖီအရည်သွေးနှင့် ထုတ်လုပ်မှုပမာဏ တိုးပွားစေဖို့လုပ်ဆောင်ထားပါတယ်။ အခု ဒီလိုမျိုး အညိုရောင် သဘာဝ ကော်ဖီစေ့တွေဟာ တရုတ်နိုင်ငံမှာ ပိုမို လူကြိုက်များသထက်များလာပါတယ်”

ကော်ဖီစိုက်တောင်သူ

ကျွန်တော့်နာမည်ကတော့ Ernesto ပါ ၊ကျွန်တော်ဟာ ကော်ဖီစိုက်တောင်သူတွေရဲ့မျိုးဆက်သစ်တစ်ယောက်ပါ၊ ကျွန်တော် တို့ကော်ဖီစိုက်ခင်းမှာတရုတ်နိုင်ငံက ကူညီထောက်ပံ့ပေးတဲ့အပြင် ကော်ဖီတွေဟာ တရုတ်နိုင်ငံမှာ ဈေးကွက်ဝင်တော့မှာကြောင့် သိပ်ကိုကျေးဇူးတင်နေပါတယ်၊ နောက်ပြီး Ermera ကောင်တီမှာ ကော်ဖီအရည်အသွေးနဲ့အထွက်နှုန်းကိုတိုးတက်အောင်တရုတ်နိုင်ငံက အားထုတ်ကြိုးပမ်းပေးတာကြောင့်လည်းကျေးဇူးတင်ပါတယ်

Timor-Leste Coffee Association မှ ဒုတိယ ဥက္ကဌ AFONSO DE OLIVEIRAက

“ ကျွန်တော်တို့သိထားတဲ့ သတင်းအချက်အလက်အရ ကျွန်တော်တို့ရရှိထားတဲ့ တရုတ်နိုင်ငံဈေးကွက်ဟာ တစ်ကမ္ဘာလုံးမှာ သိပ်ကိုကြီးမားပါတယ်၊ ဒီတော့ ကျွန်တော်တို့ဟာ တရုတ်နိုင်ငံဈေးကွက်တွေကိုပဲ ဆက်ပြီးဦးတည်ရမှာပါ၊ ဒီလိုအခြေအနေမှာကျွန်တော်တို့ဟာ ကော်ဖီအရည်အသွေးတွေနဲ့ ပမာဏကို တိုးတက်အောင်လုပ်ဆောင်ရမှာဖြစ်ပါတယ်၊ ဒါမှ လာမယ့်နှစ်တွေမှာ ကျွန်တော်တို့ဟာ တရုတ်နိုင်ငံဈေးကွက်မှာ ကြီးမားစွာထိုးဖောက်နိုင်မှာဖြစ်ပြီး အဲဒါကလည်းကျွန်တော်တို့ရဲ့ ပင်မ ရည်မှန်းချက်ဖြစ်လာပါတယ်”

Timor-Leste Coffee Association နည်းပညာ အကြံပေး CHEN LISONG က

SOUNDBITE 3 (Chinese): CHEN LISONG, Technical consultant of Timor-Leste Coffee Association

“တီမောလက်စ်တေ့နိုင်ငံ ရဲ့ ကော်ဖီ ဟာ သိပ်ကိုကောင်းမွန်တဲ့အရည်အသွေး အရသာနဲ့ ဓာတုဓါတ်မြေဩဇာမသုံးဘဲ စိုက်ပျိုးထားတဲ့အော်ဂင်းနစ်စစ်စစ်ကော်ဖီ အဖြစ် လူသိများပါတယ်၊ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဒီမှာ တရုတ်နိုင်ငံသံရုံးက ကော်ဖီလုပ်ငန်းအတွက် အကူအညီတွေပေးခဲ့ပါတယ်၊ ကော်ဖီ ထုတ်လုပ်ရေးလုပ်ငန်းနဲ့ သံရုံးက တီမောလက်စ်တေ့နိုင်ငံရှိ ကော်ဖီစိုက်ခင်းအချို့မှာ သရုပ်ပြ ဥယျာဉ်တွေတည်ဆောက်ပြီး ဒေသခံပြည်သူတွေကိုလေ့ကျင့်ပေးခဲ့တာကြောင့် ဒေသခံကော်ဖီစိုက်တောင်သူတွေက  သိပ်ကို အသိအမှတ်ပြုနေကြပါတယ်” ဟု ဆိုသည်။ (Xinhua)

…………………………………..

(English Version)

GLOBALink | China boosts Timor-Leste’s coffee industry with technology, market

DILI, June 15 (Xinhua) — In recent years, Timorese coffee is finding its way in the international market and has become an online best-selling product in China.

Timor-Leste has suitable soil, water and climate conditions for coffee growth.

Coffee industry is seen as an economic pillar for Timor-Leste. Ultra-high standards for bean-picking and processing have made the organic Kopi Luwak a signature product of the country.

Timor-Leste has been an active participant in the China International Import Expo (CIIE) since 2018.

Produced by Xinhua Global Service