နစ်ရှ်နီနော့ဖ်ဂရက်၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က နောက်လာမည့် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့ကပြောကြားခဲ့သည်။ သမ္မတပူတင်က နစ်ရှ်နီနော့ဖ်ဂရက်မြို့တွင်ကျင်းပသော မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းဝန်ထမ်းများနှင့်တွေ့ဆုံပွဲတွင်ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ရုရှားနိုင်ငံ၏ သမ္မတရွေးကောက်ပွဲကို ၂ဝ၁၈ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင်ကျင်းပသွားမည်ဖြစ်သည်။(Xinhua)
ရှီအန်း ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရှီအန်းမြို့(Xi’an) နှင့် အနောက်တောင်ပိုင်း ချန်ဒူးမြို့(Chengdu) အကြားဆက်သွယ်ပေးမည့် မြန်နှုန်းမြင့် ရထားလမ်းကို ယနေ့(ဒီဇင်ဘာ ၅ ရက်) တွင်စတင် ပြေးဆွဲခဲ့ပြီး ၊ အဆိုပါမြန်နှုန်းမြင့်ရထားလမ်းသည် ၎င်းမြို့နှစ်မြို့အကြာ ခရီးအကွာအဝေးကြာချိန် ၁၁ နာရီကို ၄...
ကယ်လီဖိုးနီးယား၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် ဒီဇင်ဘာလ ၄ ရက်ကတည်းက စတင်လောင်ကျွမ်းခဲ့သော တောမီးမှာ အရှိန်ပြင်းစွာဆက်လက်လောင်ကျွမ်းလျက်ရှိသောကြောင့် လူပေါင်း၂၇ဝဝဝ ခန့် ဘေးလွတ်ရာသို့ထွက်ပြေးခဲ့ရကြောင်းသိရသည်။ အဆိုပါတောမီးလောင်ကျွမ်းရာ ဝေဟင်မှ ရဟတ်ယာဉ်များဖြင့် ရေများဖြန်းပက်ကာ မီးငြှိမ်းသတ်ခဲ့ကြသကဲ့သို့ မီးသတ်သမားရာပေါင်းများစွာကလည်း ကြိုးစားငြှိမ်းသတ်လျက်ရှိသော်လည်း လေပြင်းများကြောင့် မီးညွှန့်ကျိုးခြင်းမရှိကြောင်းသိရသည်။ (Xinhua)
ဝူယွမ်၊ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းကျန်းရှီပြည်နယ် ဝူယွမ်စီရင်စုရှိ မြူနှင်းများဖုံးလွှမ်းနေသည့် ဟွမ်လင်းရွာ ၏ လှပမှုမြင်ကွင်းကို ဆင်ဟွာသတင်းဋ္ဌာနမှရိုက်ကူးခဲ့ပါသည်။ ရွာအတွင်းရှိ ဗိသုကာလက်ရာများမှာဟွေ့ကျိုး ယဉ်ကျေးမှုကို ထင်ဟပ်စေသည်။ မျက်စိပသာဒဖြစ်ဖွယ်လှပသောရှုခင်းများဖြင့် ဟွမ်လင်းရွာ၏အလှအပကို video ထဲတွင်ရှုစားနိုင်ပါသည်။(Xinhua)
ယီချွမ်၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းရှီပြည်နယ်ရှိ ယီချွမ်မြို့တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၃ဝဝ ခန့်ကတည်းက နံမည်ကျော်ကြားထင်ရှားခဲ့သည့် ယီချွမ်ဆေးဘဲဥလုပ်ငန်းကို ဆင်ဟွာသတင်းဋ္ဌာနမှ သွားရောက်ရိုက်ကူးခဲ့ပါသည်။ ယီချွမ်မြို့သည် ကမ္ဘာပေါ်တွင် ဟင်းလက်ရာကောင်းမွန်မှုဖြင့်ကျော်ကြားသည့် မြို့တစ်မြို့လည်းဖြစ်သည်။ နံမည်ကျော်ဆေးဘဲဥများရရှိရန်အတွက် ဘဲဥများကို လက်ဘက်အမဲ၊မဖောက်ထုံးနှင့် ဆားတို့အား ရောပြုတ်ကာ ထိုအရည်များထဲတွင် အချိန်...
ကျင်းဟိုင်၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်ပိုင်းရှန်တုံပြည်နယ် ကျင်းဟိုင်ရှိ ချန်ဝှန်း ဆိပ်ကမ်းသစ် တွင် အာရှတိုက်၏ ပထမဦးဆုံးအလိုအလျောက်ထိန်းချုပ်နိုင်သည့်ကွန်တိန်နာဆိပ်ကမ်းကိုအသုံးပြုလျက်ရှိပြီဖြစ်သည်။ ၎င်းမှာ အချိန် ၉ နာရီအတွင်း ပေ ၂ဝ ကွန်တိန်နာအလုံးရေပေါင်း ၁၇၈၅ လုံးအထိ သယ်ယူပို့ဆောင်နိုင် သည့် ဆိပ်ကမ်းဖြစ်သည်။ ကရိန်းများ၏ သယ်ဆောင်နိုင်စွမ်းမှာ တစ်နာရီလျင်...
ဝူးကျိန့်၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang ပြည်နယ် ဝူးကျိန့်( Wuzhen) မြို့၌ ၄ ကြိမ်မြောက် ကမ္ဘာ့အင်တာနက်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် Wuxi ရှိ တရုတ်နိုင်ငံ အမျိုးသား...
ကျင်းဟိုင်၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကျင်းဟိုင်-တိဘက်ဒေသတွင် တရုတ်နိုင်ငံထုတ် မောင်းသူမဲ့တိုက်ခိုက်ရေး ရဟတ်ယာဉ်အမျိုးအစားများဖြစ်သည့် AV500W အမျိုးအစား မောင်းသူမဲ့တိုက်ခိုက်ရေးရဟတ်ယာဉ်၊ XM20 multi-rotor အမျိုးအစားမောင်းသူမဲ့ယာဉ်ပျံငယ် စသည့်ယာဉ်များကို အောင်မြင်စွာစမ်းသပ်ပျံသန်းနိုင်ခဲ့သည်။ AV500W အမျိုးအစား မောင်းသူမဲ့တိုက်ခိုက်ရေးရဟတ်ယာဉ် ကို ပင်လယ်ရေမျက်နှာမြင်အထက် အမြင့်ပေ ၄၃ဝဝ မီတာတွင် အောင်မြင်စွာစမ်းသပ်ပျံသန်းနိုင်...
ကာဆင်၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ ကာဆင်တွင် ကျောက်မီးသွေးစွမ်းအင်သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံကို နိုဝင်ဘာလ၂၉ ရက်နေ့ က ဖွင့်လှစ်ခဲ့သည်။ ၎င်းမှာ တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကံ(CPEC) ၏ အဓိက ကျသော စွမ်းအင်ထုတ်ယူသုံးစွဲနိုင်မှုဆိုင်ရာဒုတိယမြောက်စီမံကိန်းလည်းဖြစ်သည်။ ထိုစက်ရုံမှ တစ်ဆင့် ပါကစ္စတန် ပြည်သူများအား လျှပ်စစ်စွမ်းအင်ကို ဈေးသက်သာစွာဖြန့်ဖြူးနိုင်တော့မည်ဖြစ်သည်။ ၎င်းမှာ တရုတ်နှင့်...
ရှန်ကျန်း၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ရှန်ကျန်းရှိ ဖူထျန့် လွတ်လပ်သောကုန်သွယ်မှုဇုန်တွင် မောင်းသူမဲ့ဘတ်စ်ကားများ စမ်းသပ်ပြေးဆွဲခဲ့သည်။ ကားတွင်ဆင်ဆာမီးလုံးများတပ်ဆင်ထားခြင်းကြောင့် အတားအဆီးအဟန့်အတားများကိုအာရုံခံနိုင်စွမ်းရှိကာ ကင်မရာ ပါဝင်မှုကြောင့် လမ်းများကိုခွဲခြားမှတ်သားထားနိုင်သည်။ မောင်းသူလုံးဝလိုက်ပါခြင်းမရှိဘဲ အလိုအလျောက်လမ်းကြောင်းပြောင်းခြင်း၊ ဘရိတ်အုပ်ခြင်းများနှင့်သတ်မှတ်ထားသည့် မှတ်တိုင်များတွင်ရပ်ပေးခြင်းများကိုဆောင်ရွက်နိုင်ကာ စီးနင်းသူများအနေဖြင့်လည်း မိမိတို့၏ လက်ကိုင်ဖုန်းများမှ တစ်ဆင့်ငွေပေးနိုင်သည်။ အနာဂတ်တွင် မောင်းသူမဲ့ဘတ်စ်ကားများပိုမိုတွင်...