Connect with us

Media

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်တွင် e-ID ကတ် ထုတ်ပေးမှုပြန်လည်စတင်

ကဘူးလ်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် အီလက်ထရောနစ်အမျိုးသားစိစစ်ရေးကတ်ပြားများ (e-ID cards) ထုတ်လုပ်ပေးမှုများကို ပြန်လည်စတင်လျက်ရှိကြောင်း ပြည်တွင်းရုပ်သံဌာနတစ်ခုဖြစ်သည့် Tolonews က တနင်္ဂနွေနေ့က သတင်းထုတ်ပြန်ခဲ့သည်။
ထိုသို့ e-ID cards ထုတ်လုပ်ပေးမှုများကို ၂လကြာ ရပ်ဆိုင်းထားခဲ့ရာကနေ ယခုပြန်လည်ထုတ်ပေးချိန်တွင် ပထမအဆင့်အနေဖြင့် e-ID cards အခုရေ ၈၀,၀၀၀ ကို ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကဘူးလ်ဒေသခံ Mir Najibullah ဆိုသူက “အီလက်ထရောနစ်အမျိုးသားစီစစ်ရေးကတ်ပြားထုတ်ပေးတဲ့ရုံးဖွင့်ပြီး e-ID ကတ်တွေထုတ်လို့ရနေတာ နှစ်ရက်တောင်ရှိပါပြီ ၊ ကျွန်တော်ကပြီးခဲ့တဲ့ ၆ လကတည်းက စာရင်းသွင်းခဲ့တာ အခုရခဲ့ပါပြီ၊ အီလက်ထရောနစ်အမျိုးသားစိစစ်ရေးကတ်ပြားတွေ က ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကိုင်ကြသူတွေအတွက် နိုင်ငံကူးလက်မှတ်လုပ်တဲ့နေရာမှာသိပ်ပြီးလိုအပ်ပါတယ်” ဟု ဆိုသည်။
သြဂုတ်လ လလယ်ပိုင်းတွင် တာလီဘန်တို့က နိုင်ငံကို သိမ်းယူခဲ့ပြီးနောက် နိုင်ငံကူးလက်မှတ်များနှင့် အီလက်ထရောနစ်အမျိုးသားစိစစ်ရေးကတ်ပြားများ ထုတ်လုပ်ပေးသည့် အစိုးရဌာနများကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။
နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင် အာမခံထုတ်ပေးမှုများကို တစ်ဖန်ပြည်လည်ဆောင်ရွက်ပေးလျက်ရှိကြောင်း Tolonews အရ သိရသည်။ (Xinhua)
……………….
(English Version)
GLOBALink | Issuance of e-ID card resumes in Afghanistan’s Kabul

KABUL, Oct. 18 (Xinhua) — Authorities in Kabul, capital of Afghanistan, have resumed the electronic national identity card issuance service, the local television channel Tolonews reported Sunday.

The service was resumed Saturday after two months of a halt and in the first phase, 80,000 e-ID cards will be issued, the report said.

After the country’s takeover by the Taliban in mid-August, the government agencies handling passport and e-ID card affairs had remained closed.

The passport department resumed the issuance service last week, according to the Tolonews report.

Produced by Xinhua Global Service