ချီကာဂို၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ) နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြောက်အမေရိကတိုက်၏ ဆေးဝါးပညာရပ်ဆိုင်ရာ ဓါတ်ရောင်ခြည်ကုသမှု နှစ်ပတ်လည်ညီလာခံကို ၁ဝ၃ ကြိမ်မြောက်အဖြစ် အမေရိကန်ပြည်ထောင်စု၊ချီကာဂိုတွင်ကျင်းပလျက်ရှိသည်။ ဆေးသိပ္ပံပညာရှင်ပေါင်း ၅ သောင်းခွဲခန့်တက်ရောက်ကြသည့်အဆိုပါပွဲတွင် နိုင်ငံပေါင်း ၁၃ဝ နိုင်ငံမှ ဆေးပစ္စည်းထုပ်လုပ်ရေးလုပ်ငန်းရှင်များပါ လာရောက်ဆင်နွှဲခဲ့ကြသည်။ ထိုပွဲတွင် နောက်ဆုံးပေါ်ဆေးပညာဖွံ့ဖြိုးတိုးတက်မှုများနှင့်ဆေးဝါးကုသမှုနည်းလမ်းများကိုဖလှယ်ကြမည်ဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့အထိကျင်းပသွားမည်ဖြစ်သည်။(Xinhua)
ချုံကျင်း၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံချုံကျင်းပြည်နယ်တွင် သဘာဝဘေးအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များက ၎င်းတို့၏ လုပ်ငန်းသုံးကိရိယာများဖြင့် စတန့်ပြသမှုများပြုလုပ်ခဲ့ကြသည်။ မြေတူးစက်များ၊ မြေသယ်ယာဉ်များ ဖြင့် ဝိုင်ငှဲ့ခြင်း၊ ဘောလုံးဖောက်ခြင်းနှင့် တရုတ်စာလုံးရေးသားခြင်းတို့ကိုအစွမ်းပြသခဲ့ကြသည်။ (Xinhua)
အိန္ဒိယ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) အိန္ဒိယလူမျိုးတစ်ဦး၏ ဝမ်းဗိုက်အတွင်းရှိ အကြွေစေ့ ၂၆၃ စေ့နှင့် သံချောင်းပေါင်း ၁ဝဝ စုစုပေါင်းအလေးချိန် ၅ ကီလိုဂရမ်ခန့်ကို ဖယ်ရှားခဲ့ရကြောင်းသိရသည်။ အဆိုပါ လူနာမှာ ဝမ်းဗိုက်မခံမရပ်နိုင်အောင်နာကျင်ခြင်းကြောင့် ဆေးရုံတွင်ကုသမှုခံယူခဲ့ရာဆရာဝန်များက ဓါတ်မှန်ရိုက်ကြည့်ခဲ့ရာ မှ ဝမ်းဗိုက်အတွင်းရှိ အကြွေစေ့များနှင့် သံချောင်းများကိုတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ လူနာမှာစိတ်ရောဂါဝေဒနာရှင်တစ်ဦးဖြစ်ဖွယ်ရှိကာ ဆန်းကြယ်သည့်အစားစားသည့်ဓလေ့ရှိဟန်တူကြောင်းသိရသည်။...
ဂျကာတာ ၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Mount Agung မီးတောင်ပေါက်ကွဲနေမှုအား အမြင့်ဆုံး အဆင့်ဖြစ်သော အဆင့် ၄ အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သတင်းအရင်းအမြစ်များက နိုဝင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ အင်အားပြင်း မီးတောင်ပေါက်ကွဲမှုကြောင့်...
ရန်ကုန် ၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ တက္ကသိုလ် များမှ လာရောက် ခင်းကျင်းပြသ သည့် စတုတ္ထ အကြိမ်မြောက် တရုတ်အဆင့်မြင့် ပညာရေး ပြပွဲ အား နိုဝင်ဘာ ၂၇ ရက်နေ့ က ရန်ကုန်မြို့ရှိ Summit Parkview...
ရှီအန်း၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ ) တရုတ်နိုင်ငံ ကျိလင်တောင်ကြားဒေသကို မြန်နှုန်းမြင့်ရထားဖြင့်ယခုနှစ်ကုန်တွင် ဖြတ်သန်းနိုင်တော့မည် ဖြစ်သည်။ ထို မြန်နှုန်းမြင့် ရထားလမ်းသည် စုစုပေါင်း ၆၄၃ ကီလိုမီတာရှည်ပြီး ကျိလင်တောင်တွင်ဖောက်လုပ်ထားသည့် ၁၂၇ ကီလိုမီတာရှည်သည့် ဥမင်လှိုဏ်ခေါင်းနှင့် ချိတ်ဆက်ထားသည်။ ရှီအန်းနှင့် ချန်ဒူးမြို့ကို ဆက်သွယ်မည်ဖြစ်ပြီး မြို့ နှစ်မြို့...
တိဘက်၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ Yumbu Lakhang ရှေးဟောင်း နန်းတော်အား ပြန်လည်မွမ်းမံရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိသည်။ထိုအဆောက်အအုံမှာ ခရစ်တော်မပေါ်ထွန်းမီ ၂ ရာစုခန့်က တည်ဆောက်ထားခဲ့ပြီး တိဘက်တွင်ရှေးအကျဆုံး အဆောက်အအုံတစ်ခုလည်းဖြစ်သည်။ ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းအတွက် တရုတ်နိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ၁.၅ မီလီယံ သုံးစွဲရန်ခွင့်ပြုထားခြင်းဖြစ်သည်။ အဆိုပါ...
ကိုင်ရို ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) နိုဝင်ဘာလ ၂၅ ရက်က အီဂျစ်နိုင်ငံ မြောက်ပိုင်း ဆိုင်နိုင်းပြည်နယ်အတွင်းရှိ ဗလီတစ်လုံး တိုက်ခိုက်ခံရမှုတွင် သေဆုံးသူ ၂၃၅ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အီဂျစ်နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းဌာနက ဖော်ပြခဲ့သည်။ဗလီအား စစ်သွေးကြွများက တိုက်ခိုက်မှုတွင် အနည်းဆုံး ဒဏ်ရာရသူ ၁ဝ၉ ဦး...
နယူးယောက်၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ) ၂၀၁၇ ခုနှစ် ကျေးဇူးတော်နေ့ ပွဲတော်အတွက် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကာတွန်းရုပ်ပူဖောင်း ဒီဇိုင်းမျိုးစုံဖြင့် အလှဆင်ခဲ့ကြသည်။ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အဆိုပါ ကျေးဇူးတော်နေ့ ပွဲ တော်အခမ်းအနားသည် အားလပ်ရပ် အခမ်းအနားများထဲတွင် အကြီးဆုံးအခမ်းအနားတစ်ခုလဲဖြစ်သည်။ နယူးယောက်မြို့သားများက အဖွဲ့အလိုက် အလှဝတ်စုံများ ၊ အရုပ်ကြီးများဖြင့်...
ရှန်ဟိုင်း၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှန်ဟိုင်းတွင် ပြသလျက်ရှိသည့် စက်ရုပ်ပြပွဲတွင် ဗုံးရှင်းလင်းရေးစက်ရုပ်ကို ဖော်ထုတ်ပြသခဲ့သည်။ထိုစက်ရုပ်ကို လူမှ remote control ဖြင့်ထိန်းချုပ်ကာ ဗုံးရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်စေမည်ဖြစ်သည်။ ၎င်းမှာ ဗုံးဟုယူဆရသည့်အရာဝတ္တုများကိုရှာဖွေခြင်းနှင့် အန္တရာယ်ဖြစ်ပွားနိုင်သည့် အရာဝတ္တုများကို ကိုင်တွယ်ရှင်းလင်းပေးမည်ဖြစ်သည်။ အဆိုပါစက်ရုပ်ကို စစ်ဆင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်မည်ဖြစ်သည်။(Xinhua)