ရှန်ဟိုင်း၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှန်ဟိုင်းတွင် ပြသလျက်ရှိသည့် စက်ရုပ်ပြပွဲတွင် ဗုံးရှင်းလင်းရေးစက်ရုပ်ကို ဖော်ထုတ်ပြသခဲ့သည်။ထိုစက်ရုပ်ကို လူမှ remote control ဖြင့်ထိန်းချုပ်ကာ ဗုံးရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်စေမည်ဖြစ်သည်။ ၎င်းမှာ ဗုံးဟုယူဆရသည့်အရာဝတ္တုများကိုရှာဖွေခြင်းနှင့် အန္တရာယ်ဖြစ်ပွားနိုင်သည့် အရာဝတ္တုများကို ကိုင်တွယ်ရှင်းလင်းပေးမည်ဖြစ်သည်။ အဆိုပါစက်ရုပ်ကို စစ်ဆင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်မည်ဖြစ်သည်။(Xinhua)
ရန်ကုန် ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) နှင့် တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း တို့မှ ပူးပေါင်း ဖွင့်လှစ်သည့် သဘာဝဘေး အန္တရာယ် အရေးပေါ် ကူညီကယ်ဆယ်ရေး သင်တန်း ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ...
ဗြူနိုအေးရိ၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ) အာဂျင်တီးနားရှိ ရေငုပ်သဘောၤ ARA San Juan, ပျောက်ဆုံးသွားခဲ့သည်မှာ အချိန် ၁ပတ်ကျော် ကြာမြင့်ပြီဖြစ်ပြီး ယခုအချိန်အထိ ရှာဖွေရေးလုပ်ငန်းများ ကို ခက်ခက်ခဲခဲ ဆက်လက်လုပ်ကိုင်လျက်ရှိသည်။ သင်္ဘောပေါ်တွင် အမှုထမ်းပေါင်း ၄၄ ဦး ပါဝင်လိုက်ပါသွားကာ သဘောၤလျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ကြောင့်...
နေပြည်တော် ၊ နိုဝင်ဘာ ၂၀ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသော ၁၃ ကြိမ်မြောက် အေဆမ်(ASEM) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအား ငြိမ်းချမ်းရေး နှင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပူးပေါင်းမှု အရှိန် မြှင့်တင်ရေး ရည်ရွယ်ချက်ဖြင့်...
နေပြည်တော်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုမြှင့်တင်ရန်နှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၉ ရက်က ကတိသစ္စာပြုခဲ့ကြောင်း သိရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနပြည်ထောင်စု ဝန်ကြီးဒေါ်အောင်ဆန်းစုကြည်နှင့်...
လီအွန်၊ နိုဝင်ဘာ ၂ဝ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ ဂွာနာဂျာတိုပြည်နယ် လီအွန်မြို့တွင် နိုဝင်ဘာ၁၇ရက် က ၁၆ကြိမ်မြောက် နိုင်ငံတကာမိုးပျံပူဖောင်းပွဲတော် ၂ဝ၁၇ ကို ကျင်းပခဲ့သည်။ မိုးပျံပူဖောင်းပေါင်း ၁ဝဝ ကျော်ကို ကောင်းကင်၌ လွှတ်တင်ကာ ဆင်နွှဲသည့် အဆိုပါပွဲကို လာရောက်လည်ပတ်သူများပြားခဲ့သည်။ ပွဲတော်ကာလ ညပိုင်းအချိန်တွင်လည်းဖျော်ဖြေပွဲများနှင့် ဝါသနာရှင်များ၏ မီးပုံးပျံလွှတ်ပွဲများဖြင့်စည်ကားစွာ...
အာ့ဟယ်၊ နိုဝင်ဘာ ၂ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျိလင်ပြည်နယ် အာ့ဟယ် ရွာတွင် လယ်သမား ၁၄ ဦးက အမြင့် ၁၂ မီတာအကျယ် ၄ မီတာရှိသည့် အိမ်နံရံကို ပြောင်းဖူးပေါင်း ၃ဝဝဝဝ ဖြင့် ရက်ပေါင်း ၁၆ ရက်ကြာ အချိန်ယူကာ အလှဆင်ခဲ့ကြသည်။...
ဟာရာရီ ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဇင်ဘာဘွေနိုင်ငံသမ္မတ ရောဘတ်မူဂါဘီသည် သမ္မတရာထူးမှ နုတ်ထွက်သွားပြီဖြစ်ကြောင်း သိရသည်။ ဇင်ဘာဘွေနိုင်ငံ လွှတ်တော်၌ နိုဝင်ဘာ ၂၁ ရက်တွင် ပြုလုပ်သည့် သမ္မတအပေါ် စွပ်စွဲပြစ်တင်မှု စကားစစ်ထိုးပွဲအား အတူတကွ တက်ရောက်ခဲ့စဉ်အတွင်း ၎င်း၏ နုတ်ထွက်စာကို လွှတ်တော်ဥက္ကဋ္ဌ Jacob Mudenda...
ရှန်ရှီး၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ရှီးပြည်နယ် ရှိ တိုင်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ စီးပွားဖြစ် ထောက်လှမ်းရေး ဂြိုဟ်တု commercial remote sensing အမျိုးအစားဂြိုဟ်တု ၃ လုံးကိုနိုဝင်ဘာလ ၂၁ ရက်နေ့က လွှတ်တင်ခဲ့သည်။ ၎င်းတို့မှာ Jilin-1 04/05 နှင့် 06...
ဒူဘိုင်း၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းတွင် နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပသောလေကြောင်းပြပွဲတွင် တရုတ်လေတပ်လည်းပါဝင်ကာလေကြောင်းစွမ်းရည်ပြသခဲ့သည်။ ယခုကျင်းပသောပွဲမှာ ၁၅ ကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး ဒူဘိုင်းရှိလေကြောင်းစွမ်းရည် ကျွမ်းကျင်သော လေယာဉ်မှူးများအစွမ်းပြသသည့်ပွဲလည်းဖြစ်သည်။ ဒူဘိုင်းလေကြောင်းပြပွဲမှာ ကမ္ဘာ့တတိယအကြီးဆုံးလေကြောင်းပြပွဲဖြစ်ပြီး လေကြောင်းစွမ်းရည်ပြသမှုပေါင်း ၁၂ဝဝ ကျော်ခန့်ရှိကာ လာရောက်ကြည့်ရှုသူပေါင်း ၇ဝဝဝ...