Connect with us

Videos

မူဆယ်မြို့၌ တရုတ်နိုင်ငံ ရွှေလီမှကူညီပံ့ပိုးတည်ဆောက်ပေးသည့် ကိုဗစ်-၁၉ ကုသရေးစင်တာ စတင်ဖွင့်လှစ်

ကူမင်း၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ ရွှေလီမြို့မှ မြန်မာနိုင်ငံ မူဆယ်ဒေသသို့ ကူညီပံ့ပိုးတည်ဆောက်ပေးသည့် ကိုဗစ်-၁၉ ကုသရေးစင်တာကို အောက်တိုဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ဖွင့်ပွဲအခမ်းအနားကို တက်ဟုန်းပြည်နယ်ခွဲနှင့် မူဆယ်ဒေသ သက်ဆိုင်ရာ ကိုယ်စားလှယ်များက ရုပ်သံလင့်ခ်ဖြင့် တက်ရောက်ခဲ့ကြသည်။
တရုတ်နိုင်ငံ အစိုးရ အဆင့်ဆင့်၏ ကူညီမှုဖြင့် တက်ဟုန်းပြည်နယ်ခွဲ ရွှေလီမြို့ တွင်နေထိုင်သည့် မြန်မာနိုင်ငံသားများအတွက် အခမဲ့ Nucleic acid စစ်ဆေးပေးမှု အကြိမ်ရေပေါင်း (၂.၃၆)သန်းပြုလုပ်ပေးခဲ့ပြီး ကိုဗစ်ရောဂါကူးစက်ခံရသည့် မြန်မာနိုင်ငံသား (၁၁၃)ဦးကို အခမဲ့ ကုသပေးခဲ့ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ မူဆယ်ဒေသသို့ ကာလတန်ဖိုး ယွမ် သန်း(၂၀)ကျော်ရှိသည့် ကပ်ရောဂါထိန်းချုပ်ကုသရေး အထောက်အပံ့ပစ္စည်းများနှင့်အင်ဂျင်နီယာသုံးပစ္စည်းများအား ပေးအပ်လှူဒါန်းကူညီခဲ့ကာ ယင်းဒေသ ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများကို အားကောင်းလာစေရန်အတွက် ကြိုးပမ်းကူညီခဲ့ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကုသရေးစင်တာကို ယခုနှစ် ဩဂုတ်လတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆောင် ၈ ဆောင်အပါအဝင် လူနာကုတင် ၁,၀၀၀ နှင့် ဆေးကုသရေး အထောက်အကူပြုပစ္စည်းများ နှင့် ဆေးဝါး အထောက်အပံ့များပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.