ဝမ်ကျိုး၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းဝမ်ကျိုးတွင် အပြည်ပြည်ဆိုင်ရာဇိမ်ခံသင်္ဘောကြီးများဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းသစ်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ ထိုဆိပ်ကမ်းမှတစ်ဆင့်နှစ်စဉ် ခရီးသည်ပေါင်း ၂၂ဝဝဝဝ အထိ ဝင်ထွက်သွားလာ နိုင်မည်ဖြစ်သည်။ဝမ်ကျိုးမြို့သည်စီးပွားရေးလုပ်ငန်းများစွာလည်ပတ်နေသောမြို့ဖြစ်ပြီး ထိုဆိပ်ကမ်းမှတစ်ဆင့်မြို့၏ စီးပွားရေး ကဏ္ဍ နှင့် ဒေသတွင်းခရီးသွားလာမှုတို့ကို တိုးမြှင့်နိုင်မည်ဖြစ်သည်။ (Xinhua)
ပေကျင်း၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ CSIS က ဆောက်လုပ်ပေးခဲ့သည့် နော်ဝေးနိုင်ငံရှိကမ္ဘာ့ပထမဆုံးအလိုအလျောက် ကမ်းလွန်ငါးဖမ်းစက်ရုံ မှာ အင်အားအလွန်ကြီးမားသည့် တိုင်ဖွန်းမုန်တိုင်းဒဏ်ကိုပင်ခံနိုင်ရည်ရှိစေရန် တည်ဆောက်ထားခြင်းဖြစ်သည်။ ၎င်းအား နော်ဝေးနိုင်ငံသို့ ယခုနှစ်စက်တင်ဘာလက လွှဲပြောင်းပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ယခုနှစ်တွင် ငါးဖမ်းစက်ရုံမှတစ်ဆင့် ဆော်လမွန်ငါးကောင်ရေပေါင်း ၁.၁ မီလီယံကိုဖမ်းဆီးနိုင်ခဲ့သည်။(Xinhua)
ကွေ့ကျိုး၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်းကွေ့ကျိုးတွင် မောင်းသူမဲ့ယာဉ်ပေါင်း ၁၁၈ဝစင်း ဖြင့် တရုတ်စာလုံးများ၊ အင်္ဂလိပ်စာလုံးများနှင့် ကောင်းကင်ပုံရိပ်ဖော်ခြင်းများကို ညီညီညာညာဖြင့် ရင်သပ်ရှုမောဖွယ်ပုံဖော်ခဲ့သည်။ မောင်းသူမဲ့ယာဉ်စုစုပေါင်း ၁၁၈ဝ စင်းဖြစ်ပြီး ၎င်းတို့တစ်စင်းချင်းစီ၏ အလေးချိန် မှာ ၁တန်ကျော်ရှိကာ ၎င်းတို့အားလုံးကို ကွန်ပျူတာတစ်လုံးနှင့် အင်ဂျင်နီယာ တစ်ဦးထဲမှ ထိန်းချုပ်မောင်းနှင်ပုံဖော်ခြင်းဖြစ်သည်။ (Xinhua)
နယူးယောက် ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ယခုနှစ်ဆောင်းရာသီ၏ ပထမဆုံး ဆီးနှင်းများ ကျဆင်းခဲ့သည့်အလှအပမြင်ကွင်းများကိုဆင်ဟွာသတင်းဋ္ဌာနမှ ရိုက်ကူးတင်ဆက်ထား ခြင်းဖြစ်ပါသည်။ (Xinhua)
ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) လူသားမျိုးနွယ်စုအားလုံး၏ ရှေးအကျဆုံးဖြစ်သောရုပ်ကြွင်းကို တောင်အာဖရိကတိုက်ရှိ ဂျိုဟန်နက်စ်ဘာ့ဂ်ရှိ တက္ကသိုလ်တွင် ပြသထားကြောင်းသိရသည်။ ၁၉၉၄ ခုနှစ်တွင် သေးငယ်သောခြေထောက်အရိုးရုပ်ကြွင်းငယ်ကလေးများကိုတူးဖော်ရရှိခဲ့ရာမှတစ်ဆင့် အဆိုပါ ရုပ်ကြွင်းကို little foot ဟုအမည်ပေးခဲ့ခြင်းဖြစ်သည်။ သက်တမ်းအားဖြင့် လွန်ခဲ့သည့် နှစ် သန်းပေါင်း ၃ သန်းကျော်ခန့်ကဟုယူဆရဖွယ်ရှိကာ အဆိုပါ...
စိမ့်အေဂမ် ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) ပြင်သစ် နိုင်ငံ စိမ့်အေဂမ် မြို့ ရှိ Beauval တိရစ္ဆာန် ရုံတွင် ဒီဇင်ဘာ ၄ ရက်နေ့၌ ပြင်သစ် နိုင်ငံ သို့ ရောက်ရှိ နေသည့် ပန်ဒါ စုံတွဲ မှ မွေးဖွား...
ကျိလင်၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းကျိလင်ပြည်နယ်တွင် အသက် ၆ဝ အရွယ် တိုင်ပတ်အကမယ်များက ဖျော်ဖြေပွဲများတွင်ဝင်ရောက်ကပြရန်အတွက် နေ့စဉ် တိုင်ပတ်လေ့ကျင့်ခန်းများပြုလုပ်လျက်ရှိသည်။ အသက် ၆ဝ နှစ်မှ ၆၉ အရွယ်ရှိ သက်ကြီးပိုင်းများဟုဆိုသော်လည်း သွက်လက်စွာလေ့ကျင့်ခန်းများပြုလုပ် နိုင်ကြသည်။ တိုင်ပတ်အကကြောင့် အလုပ်မှအနားယူသည့်အခါဖြစ်ပေါ်တတ်သည့် စိတ်ညစ်ညူးမှုများကို သက်သာစေသည်။ ၎င်းတို့သည်...
လျောင်းနင်း၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) တရုတ်နို်င်ငံ လျောင်းနင်းပြည်နယ် ခိုင်ယွမ်မြို့တွင် Zhu Yue ဟုအမည်ရသော ဝါသနာရှင်လူငယ် က လေယာဉ်တစ်စီးကို ကိုယ်တိုင်ပုံဖော်ဖန်တီးခဲ့သည်။ ငယ်စဉ်ကတည်းက လေယာဉ်တစ်စီးပိုင်ဆိုင်လိုသော ၎င်း၏ အိပ်မက်စိတ်ကူးအတိုင်း Airbus A320 လေယာဉ်ပုံစံတူကို တူများ၊ လျှပ်စစ်ဂဟေစက်များဖြင့် ဖန်တီးတည်ဆောက်ခဲ့သည်။ စတီးတန်ချိန်ပေါင်း ၄ဝ...