Connect with us

Media

ခြေလက်တစ်စုံ မသန်စွမ်းသော်လည်း စက်ဘီးအားကစားသမားဖြစ်လာသူ “ ကောင်းရှောင်ယွီ”

စိန်ရန်၊ မေ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ် စိန်ရန်မြို့တွင်နေထိုင်သည့် “ ၉၀” ပြည့်နှစ်ဖွား ကောင်း ရှောင်ယွီ ဆိုသူသည် အသက် ၁၄ နှစ်သားအရွယ်တွင် မတော်တဆ မှုတစ်ခုကြောင့် လက်တစ်ဖက်နှင့် ခြေတစ်ဖက် ဆုံးရှုံးခဲ့ရသည်။
မိမိကိုယ်ကို ယုံကြည်မှုပျက်ယွင်းခြင်းနှင့်အတူ စိတ်ပျက်အားလျော့ခြင်း အား ကုစားရန် “ကောင်း”သည် စက်ဘီးစီး စတင်လေ့ကျင့်ခဲ့ပြီး စက်ဘီးအားကစားသမားတစ်ဦးဖြစ်လာရန် ရည်မှန်းချက်ထား ကြိုးပမ်း အားထုတ်ခဲ့သည်။

စက်ဘီးတစ်စင်း၊ ခြေတုတစ်ချောင်းနှင့် အခြေခံလိုအပ်ချက်များအားဖြည့်တင်းပြီးနောက် “ကောင်း” သည် နှင်းခဲတောင်တန်းများပေါ်သို့ စက်ဘီးစီးတက်ရောက်ခြင်း၊ သဲကန္တာရ များအားစက်ဘီးဖြင့် ဖြတ်ကျော်မောင်းနှင်ခြင်းအပြင် ကမ်းခြေတစ်လျှောက် စက်ဘီးစီးခြင်းတို့ကို ပြုလုပ်ခဲ့သည်။
လက်ရှိတွင် ကောင်း သည် စက်ဘီးဖြင့် ကီလိုမီတာ ၈သောင်းကျော် ကို ခရီးပေါက်ထားခဲ့ပြီးဖြစ်သည်။
စက်ဘီးစီးရင်း ကောင်းသည် ကြင်ဖက်နှင့်တွေ့ဆုံနိုင်ခဲ့သည့်အပြင် မိတ်ဆွေများစွာလည်းရရှိခဲ့သည်။ ထို့အပြင် စက်ဘီးစီးနင်းစဉ် လမ်းတစ်လျှောက် လူစိမ်းများ၏ အားပေးစကားများ ကလည်း သူ့အား ခွန်အားဖြစ်စေခဲ့သည်။ ကောင်း ၏ နောက်ထပ်အိပ်မက်တစ်ခုမှာ စက်ဘီးဖြင့် ကမ္ဘာပတ်ရန်ဖြစ်ကြောင်းသိရသည်။ အကြိမ်ကြိမ်လဲကျသော်လည်း ဇွဲသန်လှသည့် ကောင်း ၏ ကြိုးစားအားထုတ်မှုကို ရုပ်သံဖိုင်ထဲတွင်တွေ့မြင်နိုင်ပါသည်။ (Xinhua)
……………………………

GLOBALink | Chinese double amputee cyclist pursues dreams on the road

SHENYANG, May 26 (Xinhua) — Guo Shaoyu, a “post-90s” man from Shenyang, northeast China’s Liaoning Province, lost an arm and a leg in an accident at the age of 14.

His dreams were shattered until he started to practice cycling and decided to become an athlete, which saved him from feelings of frustration and low self-esteem.

A bicycle, a pair of prosthetic limbs and some basic supplies are all Guo needs when he cycles up snow-capped mountains, across deserts, and along seashores. In total, he’s covered more than 80,000 kilometers by bike so far.

Despite setbacks, he’s never given up.As a cyclist, Guo’s always on the move. He met his wife, has made many friends and receives lots of encouragement from strangers on the road. His next goal is to cycle around the world.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.