Connect with us

Politics, Law & Military

ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် အောင်မြင်မှုသည် တရုတ်နိုင်ငံ၏ အောင်မြင်မှုဖြစ်သလို ကမ္ဘာ့အောင်မြင်မှုလည်း ဖြစ်ကြောင်းဝမ်ရိပြော

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား တွေ့ရစဉ် (Photo from the Foreign Ministry website)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိသည် ဖိတ်ကြားချက်အရ ၅၈ ကြိမ်မြောက် မြူးနစ်လုံခြုံရေး ဆွေးနွေးပွဲ တရုတ်နိုင်ငံဆိုင်ရာ အစည်းအဝေး (MSC Conversation:China Edition) ကို ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက ပေကျင်းမြို့မှ ဗွီဒီယိုလင့်ခ်ဖြင့် တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
မိန့်ခွန်းပြောကြားရာတွင် ဝမ်ရိက၂၀၂၂ ခုနှစ် ပေကျင်း ဆောင်းရာသီအိုလံပစ်ပွဲတော် ကျင်းပမှုသည် အောင်မြင်စွာ ပြီးဆုံးတော့မည်ဖြစ်ကြောင်းနှင့် မိမိအနေဖြင့် ကမ္ဘာတစ်ဝှမ်းမှ ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်တွင် စိတ်အားထက်သန်စွာ ထောက်ခံအားပေးပြီး ပါဝင်ဆင်နွှဲသူများအပေါ် လေးနက်စွာကျေးဇူးတင်လိုကြောင်း ပြောကြားခဲ့သည်။ ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်မှုသည် တရုတ်နိုင်ငံ၏ အောင်မြင်မှုဖြစ်သလို ကမ္ဘာ့အောင်မြင်မှုလည်း ဖြစ်ကြောင်း၊ ဤကြီးကျယ်ခမ်းနားသည့် ကမ္ဘာကျော် အားကစားပွဲတော်သည် ကပ်ရောဂါနှင့် ဆောင်းအအေးဒဏ် ခံစားနေရသည့် နိုင်ငံအသီးသီးမှ ပြည်သူများအတွက် နွေးထွေးမှုနှင့် မျှော်လင့်ချက်များ ဆောင်ကျဉ်းလာသလို မတည်မငြိမ်ဖြစ်နေသည့် ကမ္ဘာကြီးအတွက်လည်း ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေး၏ အဖိုးတန်သော အားအင်များကို ဖြည့်သွင်းပေးခဲ့ကြောင်း ဝမ်ရိကဆိုသည်။

ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲ၏ ဆောင်ပုဒ်မှာ “လက်တွဲတူညီ အနာဂတ်ဆီသို့ “ဖြစ်ရာ ပြိုင်ပွဲတွင် ပြင်းပြင်းထန်ထန်ပြိုင်ဆိုင်နေသည့် ပြိုင်ဖက်များကစ ငြိမ်းချမ်းစွာ ယှဉ်ပြိုင်ကြပြီး အပြန်အလှန် အားပေးကူညီခဲ့ကြသည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ ပြိုင်ဖက်များကို အနိုင်ယူရန်မဟုတ်ဘဲ မိမိကိုယ်ကို ကျော်လွှားရန်ဖြစ်ကြောင်း၊ နိုင်ငံအချင်းချင်း ဆက်ဆံရာတွင်လည်း ထိုသို့သော စိတ်ဓာတ်များကို ကျင့်သုံးသင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီးနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ကပ်ရောဂါအလွန်ကာလတွင် သင်္ဘောတစ်စီးတည်း စီးနင်းကာ ပိုမိုသာယာသော အနာဂတ်ကို ဖန်တီးရန် လိုလားကြောင်း ဝမ်ရိကပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)

王毅:北京冬奥会的成功,是中国的成功,更是世界的成功
2022-02-20 00:23:51 分类: 政治法律
新华社北京2月19日电国务委员兼外长王毅2月19日晚在北京应邀以视频方式出席第58届慕尼黑安全会议中国专场并发表主旨讲话。

王毅表示,2022年北京冬奥会即将圆满结束。借此机会,我愿向世界上所有热情支持和参与北京冬奥会的人们表示衷心感谢。北京冬奥会的成功,是中国的成功,更是世界的成功。这场举世瞩目的体育盛会,不仅为身处疫情寒冬的各国人民带来了温暖与希望,更为动荡不安的世界注入了和平与团结的宝贵力量。

王毅说,北京冬奥会的口号是“一起向未来”。我们看到,在冬奥赛场上,哪怕是最激烈的竞争对手也能和平竞赛、相互鼓励,因为他们的目的不是打败对方,而是超越自我。这样的精神也应该成为国与国之间的相处之道。我们愿与各国以团结为帆,以合作为桨,在后疫情时代同舟共济,开创更加美好的未来!(完)