Connect with us

Science & Technology

Tianzhou-3 ကုန်တင်အာကာသယာဉ် လှည့်ပတ်ပျံသန်းပြီး အာကာသစခန်းနှင့် အောင်မြင်စွာ ချိတ်ဆက်နိုင်ပြီဖြစ်

ပေကျင်း အာကာသယာဉ်ထိန်းချုပ်ရေးစင်တာမှရိုက်ကူးသော Tianzhou-2ကုန်တင်အာကာသယာဉ် လေထုအလွှာတွင် ထိန်းချုပ်တာဝန်ထမ်းဆောင်နေသည့် နမူနာပုံစံအား မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ)

Tianzhou-3 ကုန်တင်အာကာသယာဉ်သည် ဧပြီ ၂၀ ရက် ၅ နာရီ ၀၂ မိနစ်တွင် တရုတ်အာကာသစခန်း ပင်မခန်း Tianhe၏ အနောက်ပေါက်မှ ခွဲထွက်ပြီး လှည့်ပတ်ပျံသန်း၍ အာကာသစခန်းအရှေ့ဘက်အပေါက်နှင့်အလိုအလျောက်ချိတ်ဆက်မှုကို ၉ နာရီ ၀၆ မိနစ်တွင် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း တရုတ်လူတင်အာကာသယာဉ်အေဂျင်စီမှ သိရသည်။လက်ရှိတွင် အာကာသစခန်း ပင်မခန်းနှင့် Tianzhou-3၏ ပူးတွဲအပိုင်းသည် အခြေအနေကောင်းမွန်ကြောင်း၊ နောက်ပိုင်းတွင် Tianzhou-4 ကုန်တင်အာကာသယာဉ်၊ Shenzhou-14 လူလိုက်ပါအာကာသယာဉ်နှင့် Wentianစမ်းသပ်ခန်းတို့ ရောက်ရှိလာမှုကို ကြိုဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။ (Xinhua)

————————
(Chinese Version)

天舟三号货运飞船完成绕飞和前向交会对接
2022-04-20 10:21:49
新华社北京4月20日电(记者李国利、杨晓敏)记者从中国载人航天工程办公室获悉,4月20日5时02分,天舟三号货运飞船从空间站天和核心舱后向端口分离,绕飞至前向端口,并于9时06分完成自动交会对接。
目前,空间站天和核心舱和天舟三号组合体状态良好,后续将迎接天舟四号货运飞船、神舟十四号载人飞船和问天实验舱的到访。(完)
图说1:3月31日在北京航天飞行控制中心拍摄的天舟二号货运飞船受控再入大气层任务模拟图像。这是天舟二号货运飞船调姿转倒飞。新华社记者 郭中正 摄