Connect with us

China

CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင် နှင့်CPPCC အမျိုးသားကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်က ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်ဒေသ လုပ်ငန်းရှင်များ ထိပ်သီးအစည်းအဝေးပွဲ၏ ထိုင်ဝမ်ဆိုင်ရာ ဥက္ကဋ္ဌ လျိုကျောက်ရွှန်းအဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ CPPCC အမျိုးသားကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်နှင့် ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်ဒေသ လုပ်ငန်းရှင်များ ထိပ်သီးအစည်းအဝေးပွဲ၏ ထိုင်ဝမ်ဆိုင်ရာ ဥက္ကဋ္ဌ လျိုကျောက်ရွှန်တို့ ပေကျင်းမြို့၌ ဧပြီ ၁၀ ရက်က တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင် နှင့်CPPCC အမျိုးသားကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်က ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်ဒေသ လုပ်ငန်းရှင်များ ထိပ်သီးအစည်းအဝေးပွဲ၏ ထိုင်ဝမ်ဆိုင်ရာ ဥက္ကဋ္ဌ လျိုကျောက်ရွှန်နှင့်အဖွဲ့ အား ပေကျင်းမြို့တွင် ဧပြီ ၁၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ဟုနင်က မိမိတို့အနေဖြင့် တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ၏လမ်းညွှန်မှုများနှင့် ခေတ်သစ်တွင် ပါတီ၏ ထိုင်ဝမ်အရေး ဖြေရှင်းရေး နည်းလမ်းများကို ဘက်စုံအကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ၊ ပါတီကော်မတီအထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ ထိုင်ဝမ်ရေးရာ လုပ်ငန်းဆိုင်ရာ အရေးကြီးလမ်းညွှန်မှုများကို လက်တွေ့ဆောင်ရွက်ကာ ထိုင်ဝမ်ရေလက်ကြား နှစ်ဖက် ဆက်ဆံရေးကို မှန်ကန်သောလမ်းကြောင်းတွင် ဖွံ့ဖြိုးတိုးတက်လာစေရန် တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်ပုံစံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ဘက်စုံ တွန်းအားပေးဆောင်ရွက်လာသည်နှင့်အညီ ရေလက်ကြားနှစ်ဖက် ပူးပေါင်းဖလှယ်ရေးကို အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ရာ မွေးချင်းဆွေမျိုးများ၏ သုခချမ်းသာနှင့်သံယောဇဉ်ကို တိုးမြှင့်ရာတွင် ပို၍ အကျိုးဖြစ်ထွန်းလာမည် ဖြစ်သလို တရုတ်အမျိုးသားစီးပွား အင်အားကြီးမားလာရေးအတွက် အကျိုးရှိစေမည် ဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့် ထိုင်ဝမ်မွေးချင်းများကို အစဉ်အမြဲ လေးစားမှု၊ ဂရုစိုက်မှု၊ အကျိုးဆောင်မှုများဖြင့် ထိုင်ဝမ်မွေးချင်း လုပ်ငန်းရှင်များ ပြည်မကြီးသို့ လာရောက် အခြေချ ပေါင်းစည်းပြီး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာကာ အမိမြေ တရုတ်နိုင်ငံ ပြည်မကြီး၏ တိုးတက်ဖွံ့ဖြိုးလာသော ရလဒ်များနှင့် အမျိုးသားဂုဏ်ရောင်တစ်ဖန်ထွန်းတောက်လာမှုကို ပို၍ကောင်းမွန်စွာ အတူမျှဝေခံစားနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝမ်ဟုနင်က မိမိတို့အနေဖြင့် ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးကို အားထားဆောင်ရွက်လျက်ရှိသော်လည်း “ထိုင်ဝမ် သီးခြားရပ်တည်ရေး”သည် ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးနှင့် မီးနှင့်ရေပမာ အပ်စပ်မှု မရှိကြောင်း ပြောကြားခဲ့သည်။ ရေလက်ကြားနှစ်ဖက် မွေးချင်းများက လက်တွဲ၍ စည်းလုံးညီညွတ်စွာ ပြည်ပအင်အားစု စွက်ဖက်မှု နှင့် “ထိုင်ဝမ် သီးခြားရပ်တည်ရေး”ခွဲထွက်ရေးလှုပ်ရှားမှုများကို အခိုင်အမာ ဆန့်ကျင်ရမည် ဖြစ်ပြီး အမိမြေပေါင်းစည်းရေး ၊ အမျိုးသားမဟာပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးကို အတူတည်ဆောက်ဖန်တီးသွားရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လျိုကျောက်ရွှန်က ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်ဒေသ လုပ်ငန်းရှင်များ ထိပ်သီးအစည်းအဝေးပွဲ၏ကဏ္ဍကို ပို၍ကောင်းမွန်စွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်ဖက်ပေါင်းစည်းဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ကာ နှစ်ဖက် မွေးချင်းများ၏အကျိုးကို သယ်ပိုး၍ တရုတ် အမျိုးသားပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………………………

(Chinese Version)
王沪宁会见两岸企业家峰会台湾方面理事长刘兆玄一行
新华社北京4月10日电中共中央政治局常委、全国政协主席王沪宁10日在京会见两岸企业家峰会台湾方面理事长刘兆玄一行。
王沪宁表示,我们将全面贯彻中共二十大精神和新时代党解决台湾问题的总体方略,贯彻习近平总书记关于对台工作的重要指示精神,推动两岸关系朝着正确方向发展。随着中国式现代化全面推进,加强两岸交流合作,更加有利于增进同胞福祉亲情,有利于壮大中华民族经济。我们将始终尊重、关爱、造福台湾同胞,让广大台胞台企愿意来、留得住、融得进、发展好,更好共享祖国大陆发展成果和民族复兴荣耀。
王沪宁表示,我们致力于维护台海和平稳定,但“台独”同台海和平稳定水火不容。两岸同胞要携手同心,坚决反对外部势力干涉和“台独”分裂活动,共创祖国统一、民族复兴的千秋伟业。
刘兆玄表示,愿更好发挥两岸企业家峰会作用,深化两岸产业合作,促进两岸融合发展,为两岸同胞谋福祉,为中华民族谋复兴。(完)
1. 4月10日,中共中央政治局常委、全国政协主席王沪宁在北京会见两岸企业家峰会台湾方面理事长刘兆玄一行。 新华社记者 丁海涛 摄