Connect with us

Africa & Middle East

ဆူဒန်နိုင်ငံ၌ ဖြစ်ပွားသော လက်နက်ကိုင်ပဋိပက္ခ ၆ ရက်မြောက်တွင် အရပ်သား သေဆုံးသူ ၃၀၀ ကျော် ရှိလာ

ဆူဒန်နိုင်ငံ ခါတွမ်မြို့တွင် ပိတ်သိမ်းထားသော ဈေးဆိုင်တစ်ဆိုင်အား ၂၀၂၃ ခုနှစ် ဧပြီ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ခါတွမ်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံ ခါတွမ်မြို့ လမ်းမတစ်ခု၏ မြင်ကွင်းအား ၂၀၂၃ ခုနှစ် ဧပြီ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆူဒန်နိုင်ငံ ခါတွမ်မြို့ လမ်းမတစ်ခု၏ မြင်ကွင်းအား ၂၀၂၃ ခုနှစ် ဧပြီ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆူဒန်နိုင်ငံ ခါတွမ်မြို့တွင် ပိတ်သိမ်းထားသော ဈေးဆိုင်တစ်ဆိုင်အား ၂၀၂၃ ခုနှစ် ဧပြီ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့နှင့်Rapid Support Forces (RSF)အကြား ဖြစ်ပွားသည့် လက်နက်ကိုင် ပဋိပက္ခသည် ဧပြီ ၂၀ ရက်တွင် ၆ ရက်မြောက်သို့ ရောက်ရှိပြီဖြစ်ရာ ပဋိပက္ခဖြစ်ပွားသော နှစ်ဖက်တပ်ဖွဲ့များက ၂၄ နာရီ အပစ်အခတ်ရပ်စဲရေး နိုင်ငံတကာ အဆိုပြုချက်ကို ဧပြီ ၁၉ ရက်၌ အခြေခံအားဖြင့် လိုက်နာခဲ့သော်လည်း မြို့တော် ခါတွမ်တွင်မူ သေနတ်နှင့်အမြောက်သံများ မကြာခဏ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ လက်နက်ကိုင်ပဋိပက္ခကြောင့် သေဆုံးသော အရပ်သား ၃၀၀ ကျော် ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(Chinese Version)
苏丹武装冲突进入第六天 平民死亡人数超300
新华社喀土穆4月20日电(记者王丙飞)苏丹武装部队和快速支援部队之间的武装冲突20日进入第六天,冲突双方19日基本遵守了停火24小时的国际提议,但首都喀土穆仍不时响起零散枪炮声。据世界卫生组织公布的数字,武装冲突已造成超过300名平民死亡。
1,4. 这是4月19日在苏丹喀土穆拍摄的关闭的商店。新华社发(穆罕默德•海德尔摄)
2,3. 这是4月19日拍摄的苏丹喀土穆街头景象。新华社发(穆罕默德•海德尔摄)