Connect with us

Media

ထိုင်း ဒူးရင်းသီးများ တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိ

ကူမင်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အရှေ့ပိုင်း Laem Chabang ကုန်စည်ပို့ဆောင်ရေးဘူတာတွင် ဒူးရင်းသီးအပြည့်ထည့်ထားသော ကွန်တိန်နာများကို တင်ဆောင်လာသည့် ထရပ်ကားများက စနစ်တကျ ဝင်ရောက်လာခဲ့ရာ ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီ ဝန်ထမ်းများက ကွန်တိန်နာတိုင်း၏အချက်အလက်များကို စစ်ဆေးရန် အလုပ်များနေခဲ့သည်။

အဆိုပါ ဒူးရင်းသီး တန်ချိန် ၄၀၀ တင်ဆောင်လာသော “သစ်သီးဝလံတင် ရထား”သည် ဧပြီ ၁၆ ရက်က Laem Chabang မှ ထွက်ခွာလာခဲ့ပြီး ဧပြီ ၁၇ ရက်တွင် လာအိုနိုင်ငံ၌ တရုတ်-လာအိုရထားလမ်းသို့ ကုန်စည်ကူးပြောင်းတင်ဆောင်ခဲ့ကာ ဧပြီ ၁၉ ရက် နံနက်ပိုင်းတွင်မူ တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိလာခဲ့သည်။ (Xinhua)

………………………………….
(Chinese Version)
全球连线|泰国榴莲通过中老铁路运抵昆明
在泰国东部兰乍邦火车货运站,一辆辆满载榴莲的集装箱卡车正有序进入,物流公司工作人员则忙着确认每个集装箱货柜的信息。这列装有400吨榴莲的“水果列车”于16日下午从兰乍邦出发,17日在老挝境内换装到中老铁路列车,19日上午抵达终点站昆明。