Connect with us

Asia

ဂျပန်နိုင်ငံ ဟီရိုရှီးမားခရိုင် တစ်နေရာရှိ ရေထဲတွင် အန္တရာယ်ရှိသော ဓာတုပစ္စည်းများက စံနှုန်းထက် အဆ ၃၀၀ ကျော်လွန်၊ အမေရိကန်စစ်တပ်က ၁၉ နှစ်ကြာ ညစ်ညမ်းအောင် ပြုလုပ်ခဲ့သည်ဟု သံသယရှိ

ဂျပန်နိုင်ငံ အိုဆာကာမြို့ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်က တွေ့ရှိရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

ဟီရိုရှီးမားခရိုင် ဟီဂါရှီဟီရိုရှီးမားမြို့တစ်နေရာရှိ ရေစစ်ဆေးချက်တွင် သြဂဲနစ်ဖလိုရင်းဒြပ်ပေါင်း (Organofluorine Compound) များ ပါဝင်မှုသည် စံနှုန်းထက် အဆ ၃၀၀ ကျော်လွန်နေကြောင်း တွေ့ရှိပြီးနောက် ဒေသအခြေစိုက် အမေရိကန် စစ်စခန်းက Per- and polyfluoroalkyl substances (PFAS) အခြေခံထားသော အမြှုပ်ထမီးသတ်ဆေးဘူးကို ၁၉ နှစ်ကြာ သုံးစွဲခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု ဂျပန်မီဒီယာများက အောက်တိုဘာ ၁ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။ ဟီဂါရှီဟီရိုရှီးမားမြို့ အစိုးရက အမေရိကန် စစ်အခြေစိုက် စခန်းကို စုံစမ်းစစ်ဆေးရေးပြုလုပ်ရန် တောင်းဆိုခဲ့သည်။ယင်းဒေသတွင် အမေရိကန်စစ်တပ် လက်နက်ခဲယမ်း သိုလှောင်ရုံအနီးရှိ နေရာအများအပြား၌ ရေညစ်ညမ်းမှု ပြင်းထန်ကာ ၎င်းအနက် နေရာတစ်ခုရှိ မြေအောက်ရေတွင် PFAS ပါဝင်မှုသည် စံနှုန်းထက် အဆ ၃၀၀ ကျော်လွန်နေကြောင်း၊ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစ၍ ဟီဂါရှီဟီရိုရှီးမားမြို့ရှိ ရေအရည်အသွေးဆိုင်ရာ စစ်တမ်းများစွာ၏ ရလဒ်များက ပြသခဲ့သည်။ အမေရိကန်စစ်တပ်ကို စုံစမ်းစစ်ဆေးရန် ဒေသခံများက ဂျပန်အစိုးရကို တောင်းဆိုခဲ့ကြောင်း သိရသည်။

လက်နက်ခဲယမ်း သိုလှောင်ရုံများတွင် PFAS အခြေခံထားသော အမြှုပ်ထမီးသတ်ဆေးဘူး အသုံးမပြုကြောင်း အမေရိကန်စစ်တပ်ဘက်က အကြိမ်ကြိမ် ကြေညာချက်ထုတ်ပြန်ခဲ့ဖူးသော်လည်း စက်တင်ဘာလတွင် အမေရိကန်စစ်တပ်က ၎င်းတို့၏ ယခင်ပြောဆိုမှုကို ပြောင်းလဲခဲ့ပြီး ၁၉၉၁ ခုနှစ်မှ စတင်ကာ ဤမီးသတ်ဆေးအမျိုးအစားကို ၁၉ နှစ်ကြာ အသုံးပြုခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ်တွင်ပင် အဆိုပါ မီးသတ်ဆေးရည် အများအပြားကိုလည်း မီးရှို့ဖျက်ဆီးစေခဲ့ကြောင်း ဝန်ခံခဲ့သည်။

ယင်းနှင့်ပတ်သတ်၍ ဒေသခံပြည်သူများ ဒေါသအမျက်ထွက်ပြီး မငြိမ်မသက်ဖြစ်ခဲ့သည်။ ဟီဂါရှီဟီရိုရှီးမားမြို့ အစိုးရတာဝန်ရှိသူများသည် စက်တင်ဘာ ၃၀ ရက်တွင် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ပြည်နယ်ရုံးခွဲသို့ သွားရောက်၍ အမေရိကန်စစ်တပ်၏ လက်နက်ခဲယမ်း သိုလှောင်ရုံရှိရာနေရာတွင် ရေအရည်အသွေးနှင့် မြေဆီလွှာစစ်တမ်းများ ကောက်ယူပြီး ရလဒ်များကို ထုတ်ပြန်ကြေညာရန် တောင်းဆိုခဲ့သည်။
PFAS များသည် လျော့နည်းပပျောက်ရန် ခဲယဉ်းပြီး ပတ်ဝန်းကျင်နှင့် လူ့ခန္ဓာကိုယ်တွင် စုပုံလာတတ်ရာ ၎င်းတို့ကို “ထာဝရဓာတုပစ္စည်းများ” ဟူ၍ ခေါ်ဆိုကြသည်။ ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ လက်အောက်ရှိ နိုင်ငံတကာကင်ဆာသုတေသနအေဂျင်စီသည် ယင်းအနက်တစ်ခုဖြစ်သော Perfluorooctanoic Acid (PFOA) ကို ကင်ဆာရောဂါဖြစ်စေသောပစ္စည်းဟု သတ်မှတ်မည်ဖြစ်ကာ အခြားတစ်မျိုးဖြစ်သော Perfluorooctane Sulfonate (PFOS) ကို ကင်ဆာဖြစ်စေနိုင်ခြေရှိသည့်ပစ္စည်းဟု သတ်မှတ်ခဲ့သည်။

လွန်ခဲ့သည့်နှစ်မှစ၍ ဂျပန်နိုင်ငံ အိုကီနာဝါခရိုင်၊ အိုဆာကာခရိုင်၊ တိုကျိုစသည့် နေရာများရှိ ရေထဲတွင် PFAS ပါဝင်မှုသည် စံနှုန်းထက် ကျော်လွန်နေကြောင်းနှင့် အနီးနားတွင် နေထိုင်သူများ၏ သွေးစစ်ဆေးမှုရလဒ်မှာ ပုံမှန်မဟုတ်ကြောင်း ဆက်တိုက်ပေါ်ထွက်လာခဲ့သည်။ အခင်းဖြစ်ပွားရာနေရာအများစုသည် ဂျပန်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းများ၊ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့အခြေစိုက်စခန်းများနှင့် နီးကပ်နေသောကြောင့် အဆိုပါအခြေစိုက်စခန်းများကို ညစ်ညမ်းမှုဖြစ်နိုင်ခြေရှိသော အရင်းအမြစ်များအဖြစ် ထင်မြင်ယူဆကြသည်။ (Xinhua)

…………………………………….
(Chinese Version)
日本广岛县一处水体有害物超标300倍 疑受美军污染19年
新华社北京10月2日电 日本媒体10月1日报道,广岛县东广岛市一处水体检测出有机氟化合物含量超标300倍后,驻当地美军承认使用含全氟和多氟烷基物质的泡沫灭火剂长达19年。东广岛市政府要求对美军基地展开调查。
去年12月以来,东广岛市多项水质调查结果显示,位于当地美军弹药库附近的多处水体污染严重,其中一处地下水中全氟和多氟烷基物质含量超标300倍,当地要求日本政府向美军提出调查。
美军方面曾多次宣称,没有在弹药库使用过含全氟和多氟烷基物质的泡沫灭火剂。但美军9月改口承认,从1991年起使用这类灭火剂长达19年,还在2020年大量焚烧这种灭火剂的原液。
对此,当地民众感到愤慨和不安。东广岛市政府官员9月30日前往日本防卫省分支机构,要求对美军弹药库所在区域进行水质和土壤调查并公布结果。
全氟和多氟烷基物质难以降解,会在环境和人体中累积,被称为“永久性化学物”。2023年,世界卫生组织下属机构国际癌症研究署将其中一种代表性物质全氟辛酸(PFOA)列为致癌物,将另一种代表性物质全氟辛烷磺酸(PFOS)列为可能致癌物。
去年以来,日本冲绳县、大阪府和东京都等地接连曝出水体中全氟和多氟烷基物质含量超标,附近居民血检异常。由于事发区域大多邻近驻日美军基地和日本自卫队基地,这些基地被视为可能的污染源。(张旌)
图说:这是2019年6月25日拍摄的日本大阪。新华社记者李钢摄