Connect with us

Myanmar

၂၀၂၂ ခုနှစ် အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၆,၂၇၆ မှုရှိ ၊ ကာလတန်ဖိုးငွေကျပ် ၁၀၆၉.၉၄ ဘီလီယံကျော်ကို ဖမ်းဆီးရမိ

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဖမ်းဆီးရမိ​သော မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့်ဆက်စပ်ပစ္စည်းများအား ဇွန် ၂၆ ရက်က ရန်ကုန်မြို့၌ မီးရှို့ဖျက်ဆီး​နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ)

၂၀၂၂ ခုနှစ် အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၆,၂၇၆ မှုရှိခဲ့ပြီး စုစုပေါင်း ကာလတန်ဖိုးငွေကျပ် ၁၀၆၉.၉၄ ဘီလီယံကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၂)ထံမှ သိရသည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအနက် ဘိန်း ၁.၁ တန်ကျော်၊ ဘိန်းဖြူ ၁. ၃၂ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၄.၈၇ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၂၁.၇၅ တန်ကျော်၊ ကတ်တ မင်း ၂.၀၄ တန် ကျော်အပါအဝင် အခြားမူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ပါဝင်ကြောင်း သိရသည် ။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို စီမံချက်ရေးဆွဲဆောင်ရွက်ခဲ့ရာ ဖမ်းဆီးရမိမှုများ နှစ်စဉ်တိုးမြင့်လာသည်ကို တွေ့ရမည်ဖြစ်ပြီး အထူးစစ်ဆင်ရေးများကို ယနေ့အထိ (၃၇)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ဒီဇင်ဘာ ၁၄ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော ယင်းအစည်းအဝေးတွင် ပြောကြားခဲ့သည် ။ (Xinhua)