Connect with us

Politics

လီချန်နှင့် မြန်မာနိုင်ငံ ခေါင်းဆောင် မင်းအောင်လှိုင် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (၈) ကြိမ်မြောက် ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိနေသော မြန်မာနိုင်ငံ ခေါင်းဆောင် မင်းအောင်လှိုင်တို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၆ ရက်၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ကူမင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (၈) ကြိမ်မြောက် ခေါင်းဆောင်များ အစည်းအဝေးတက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာသော မြန်မာနိုင်ငံ ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ကူမင်းမြို့၌ နိုဝင်ဘာ ၆ ရက် ညနေပိုင်းတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်နေသော ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သလို နက်ရှိုင်းသော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးလည်းရှိကြကြောင်း လီချန်က ပြောကြားခဲ့သည်။ သံတမန်ဆက်ဆံရေး ထူထောင်ပြီး နှစ်ပေါင်း ၇၀ ကျော် ကာလအတွင်း တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် စိတ်ရင်းစေတနာအမှန်ဖြင့် အပြန်အလှန် ဆက်ဆံခဲ့ကြသလို အပြန်အလှန် ဖေးမကူညီခဲ့ကြကြောင်း၊ နှစ်ဖက်ဆက်ဆံရေးသည် နိုင်ငံတကာအခြေအနေ အပြောင်းအလဲ၏ စမ်းသပ်မှုဒဏ်ကို ခံနိုင်ရည်ရှိကာ တည်ငြိမ်စွာ ရှေ့သို့ ဆက်လက် ဖွံ့ဖြိုးတိုးတက်ခဲ့ပါကြောင်း၊ အထူးသဖြင့် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ သမ္မတ ရှီကျင့်ဖိန် သမိုင်းဝင် အလည်အပတ်ခရီးစဉ်လာရောက်ခဲ့ရာ တရုတ်-မြန်မာ ဆက်ဆံရေးသည် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး၏ ခေတ်သစ်ကို ဝင်ရောက်ကာ အားမာန်သစ်များ ပွင့်လန်းခဲ့ပါကြောင်း လီချန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို တရုတ်နိုင်ငံ၏ အိမ်နီးချင်းသံတမန်ရေးဆက်ဆံရေး၏ အရေးပါသော နေရာတွင် အစဉ်အမြဲထားရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံ၏အခြေအနေများနှင့်ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း ရွေးချယ်ခြင်းအပေါ် အစဉ်အမြဲ ထောက်ခံကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု စဉ်ဆက်မပြတ် ခိုင်မာတိုးတက်စေရန်၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်၊ စိန်ခေါ်မှုများကို အတူလက်တွဲ ကိုင်တွယ်ဖြေရှင်းရန်၊ နှစ်နိုင်ငံ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး နက်ရှိုင်းခိုင်မာလာအောင် မြှင့်တင်ဆောင်ရွက်ရန်၊ နှစ်နိုင်ငံ ပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုနိုင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် ပြန်လည်ရင်ကြားစေ့ရေးနှင့် အသွင်ကူးပြောင်းရေးဖြစ်စဉ်အား တွန်းအားပေးသည့်အပေါ် တရုတ်နိုင်ငံက ထောက်ခံကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ အရည်အသွေးမြင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်ရေးမူဘောင်အောက်တွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်မှုအား တည်ငြိမ်စွာ တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း လီချန်က ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွား စသည့် ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသန္တရကူးလူးဖလှယ်မှုများကို အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေး ပြည်သူ့ဆန္ဒအခြေခံကို ခိုင်မာအောင် တည်ဆောက်ရမည် ဖြစ်ကြောင်း၊ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်ညာမှု စသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုများကို အတူတကွ တိုက်ဖျက်ကာ နှစ်နိုင်ငံပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံဝန်ထမ်းများ၊ အဖွဲ့အစည်း ဌာနများနှင့် စီမံကိန်းလုံခြုံရေးကို လက်တွေ့ အကာအကွယ်ပေးစေလိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ဘက်ပေါင်းစုံကဏ္ဍ၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း၊ ကျယ်ပြန့်များပြားလှသည့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်အတူ ဘုံအကျိုးစီးပွားကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာ-တရုတ် နှစ်နိုင်ငံသည် ညီအစ်ကို အရင်းအချာပမာ အစဉ်အလာ ချစ်ကြည်ရေးရှိကြသည့် အိမ်နီးချင်းကောင်းနိုင်ငံများ ဖြစ်ကြကြောင်း၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်ခဲ့သည့်အချိန်မှစ၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်၏ စိတ်ဓာတ်ကို အစဉ်အမြဲ လေးစားလိုက်နာခဲ့ရာ နှစ်ဖက်ဆက်ဆံရေး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ရရှိခဲ့ပါကြောင်း ပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ် သမ္မတ ရှီကျင့်ဖိန်၏ သမိုင်းဝင် မြန်မာနိုင်ငံ အလည်အပတ်ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေးကို မြန်မာ-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်းအဖြစ်သို့ မြှင့်တင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာ စောင့်စည်းလိုက်နာမည် ဖြစ်သလို ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲခြားမရသော တစ်စိတ်တစ်ပိုင်းအဖြစ် ယူဆကြောင်း၊ မြန်မာနိုင်ငံ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝဘေးအန္တရာယ် ရင်ဆိုင်ဖြေရှင်းမှုတွင် တရုတ်နိုင်ငံက အဖိုးတန်သည့်အကူအညီများပေးသည့်အပေါ် အထူးကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် မြန်မာနိုင်ငံ မြောက်ပိုင်း တည်ငြိမ်အေးချမ်းရေးတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှပါဝင်သည့်အပေါ် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ ဝန်ထမ်းများ၊ အဖွဲ့အစည်းဌာနနှင့် စီမံကိန်း ဘေးကင်းလုံခြုံမှုရှိရေး အစွမ်းကုန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် လာမည့်နှစ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်ပြည့် နှစ်ပတ်လည်အခါသမယတွင် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး တိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားလိုကြောင်း၊ နှစ်ဖက် ကုန်သွယ်စီးပွား၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ပြည်သူများ၏ အသက်မွေးမှု စသည့် နယ်ပယ်များ၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ရန် မြန်မာနိုင်ငံအနေဖြင့် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ဝူကျိန့်လုန် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (၈) ကြိမ်မြောက် ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိနေသော မြန်မာနိုင်ငံ ခေါင်းဆောင် မင်းအောင်လှိုင်တို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၆ ရက်၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

…………………………
(Chinese Version)
李强会见缅甸领导人敏昂莱

新华社昆明11月6日电(记者王慧慧、赵珮然)国务院总理李强11月6日下午在昆明会见来华出席大湄公河次区域经济合作第八次领导人会议的缅甸领导人敏昂莱。   李强表示,中缅是山水相连的友好邻邦,有着深厚的胞波情谊。建交70多年来,中缅始终以诚相待、守望相助,双边关系经受住国际风云变幻考验,不断稳定向前发展。特别是2020年习近平主席历史性访问缅甸,中缅关系进入构建命运共同体的新时代,焕发出新的蓬勃生机。中方始终把发展对缅关系置于中国周边外交的重要位置,将一如既往支持缅方选择符合国情的发展道路,愿同缅方不断巩固增进政治互信,深化战略合作,携手应对挑战,推动两国命运共同体建设走深走实,更好造福两国人民。   李强指出,中方支持缅方推进政治和解与转型进程,愿同缅方在高质量共建“一带一路”框架下,稳步推进中缅经济走廊建设。双方要加强教育、文化、旅游等领域合作和地方交往,打牢两国友好的民意基础,共同打击网赌电诈等跨境犯罪活动,维护好两国民众切身利益。希望缅方切实保障中方在缅人员、机构和项目安全。中方愿同缅方加强在多边领域的团结协作,同广大发展中国家一道努力,坚决维护好共同利益。   敏昂莱表示,缅中是亲如兄弟的传统友好邻邦,两国自建交以来,始终遵循和平共处五项原则精神,双边关系取得长足发展。2020年习近平主席历史性访缅,将两国关系提升为缅中命运共同体。缅方坚定恪守一个中国原则,认为台湾是中国不可分割的一部分。缅方衷心感谢中方为缅甸经济社会发展和应对自然灾害提供的宝贵援助,感谢中方为缅甸和平和解和缅北和平稳定发挥的积极作用,将全力确保在缅中方人员、机构和项目安全。缅方期待以明年两国建交75周年为契机,巩固发展两国胞波情谊,深化双边经贸、投资、农业、减贫、民生等领域务实合作,共同推动缅中命运共同体建设取得更大发展。   吴政隆参加会见。(完)