China
7th CIIE – “တရုတ်စီးပွားရေးအပေါ် ကျွန်တော်တို့ အပြည့်အဝ ယုံကြည်မှု ရှိတယ်”_____ CIIE ၌ ပါဝင်ပြသကြသည့် ပြင်သစ်ကုန်သည်လုပ်ငန်းရှင်များ၏ တူညီသော စကားသံ
ပဲရစ်/ရှန်ဟိုင်း၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
“ကျွန်တော်တို့ တစ်ခါတလေ မီဒီယာတွေမှာ တွေ့ရတာက တရုတ်စီးပွားရေးနဲ့ပတ်သက်တဲ့ မကောင်းစကားတွေပေါ့။ ဒါပေမဲ့ တကယ် ဒီကို ရောက်လာတော့၊ ကျွန်တော်တို့ မြင်တွေ့ရတာတွေအားလုံးက စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲမှုတွေ၊ အသစ်အသစ်တွေ၊ ဒါက ကျွန်တော်တို့ကို တရုတ်စီးပွားရေးအပေါ် အပြည့်အဝ ယုံကြည်မှုရှိစေတယ်”
CIIE ခရီးစဉ်တိုင်းက ပြင်သစ် လတ်ဆတ်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် အသင်း ဥက္ကဋ္ဌ Daniel Sauvaitre ၏ တရုတ်နိုင်ငံအပေါ် ခံစားချက်ကို ပို၍ စစ်မှန်မှု၊ ပို၍ ပုံပေါ်မှု၊ ပို၍ပြည့်စုံမှု ရှိစေခဲ့ခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်သည် တရုတ်-ပြင်သစ် သံတမန် ဆက်ဆံရေး ထူထောင်သည့် နှစ် ၆၀ ပြည့်နှစ် ဖြစ်ပြီး ပြင်သစ်နိုင်ငံသည် သတ္တမမြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ၏ အဓိက ဧည့်သည်တော်နိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်ပေသည်။ ယခုအကြိမ် CIIE တွင် ပြင်သစ်နိုင်ငံ၏ သစ်သီးဝလံ ပို့ကုန်အကြီးစားလုပ်ငန်း ၄ ခုက တရုတ်စားသုံးသူများအတွက် အသေအချာရွေးချယ်ထားသည့် ရာသီပေါ်လတ်ဆတ်သည့် ပန်းသီး ၇ မျိုး၊ ကီလိုဂရမ် စုစုပေါင်း ၁,၀၀၀ ကျော်ကို ယူဆောင်လာခဲ့သည်။ ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံက ပြင်သစ်နိုင်ငံကို ကီဝီဘယ်ရီ (kiwiberry) ဈေးကွက်တံခါး ဖွင့်ပေးခဲ့ရာ ယင်းသစ်သီးဝလံအမျိုးအစားကိုလည်း ယခုအကြိမ်ပြပွဲတွင် အမျိုးအစားသစ်အနေဖြင့် ခင်းကျင်းပြသခဲ့သည်။
Sauvaitre က တရုတ်မှာ ဆန်းသစ်တီထွင်မှုကို ကြိုဆိုလက်ခံပြီး လျင်မြန်စွာ ပြောင်းလဲနေသည့် ဈေးကွက်ရှိပြီး ဒစ်ဂျစ်တယ် နည်းပညာနှင့် E-commerce ကဏ္ဍက ကမ္ဘာ့ ဦးဆောင်နေရာတွင် ရှိရာ ပြင်သစ် သစ်သီးဝလံ ပို့ကုန်လုပ်ငန်းနှင့် တရုတ်မိတ်ဖက်လုပ်ငန်းများသည် ကျယ်ပြန့်သည့် ပူးပေါင်းဆောင်ရွက်မှု အလားအလာရှိကြောင်း၊ “ကျွန်တော်ကတော့ CIIE ပလက်ဖောင်းကတစ်ဆင့် စားသုံးသူတွေကို တရုတ်ဈေးကွက်အတွက် သီးသန့်ရွေးချယ်ထားတဲ့ သစ်သီးဝလံအမျိုးအစားတွေကို မိတ်ဆက်နိုင်မယ်လို့ မျှော်လင့်တယ်” ဟု ဆိုသည်။
Sauvaitre အနေဖြင့် ကြည့်လျှင် ဥရောပ-တရုတ် ကုန်သွယ်ရေး အသွားအလာသည် လွန်စွာ အရေးကြီးပေသည်။ “ကုန်သွယ်ရေးက ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းတဲ့အရာ၊ ယဉ်ကျေးမှုဖလှယ်ရေးတွေကို ဆောင်ကြဉ်းပြီး နိုင်ငံအသီးသီး ပြည်သူတွေ အပြန်အလှန်နားလည်မှုကို မြှင့်တင်နိုင်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
သတ္တမမြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲကို “မပျက်မကွက် တက်ရောက်သူ” Lesaffre Greater China ၏ ဥက္ကဋ္ဌ ဖြစ်သူ Jérôme Vanachter ကလည်း တရုတ်ဈေးကွက်အလားအလာကို အကောင်းမြင်သည်။ တဆေးထုတ်လုပ်သည့် ဤလုပ်ငန်းအဖွဲ့က တရုတ်ဈေးကွက်တွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သည်မှာ နှစ်ပေါင်း ၄၀ ကျော်ရှိပြီ ဖြစ်ရာ အန်းဟွေး၊ ကွမ်ရှီးနှင့် အတွင်းမွန်ဂိုးလီးယားတို့၌ စက်ရုံ တည်ဆောက်ထားသလို ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး စသည့် နေရာများတွင်လည်း မုန့်ဖုတ် R&D စင်တာများ ထားရှိပြီး တရုတ်စားသုံးသူများ၏ လိုအပ်ချက်နှင့်အညီ သီးခြားထုတ်ကုန်များ သီးသန့် ပြုလုပ်လျက်ရှိပေသည်။
ယခုအကြိမ် CIIE တွင် Lesaffre နှင့် တရုတ်မုန့်ဖုတ်စားသောက်ကုန်လုပ်ငန်းများသည် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်လက်မှတ်ရေးထိုးပွဲ ၁၂ ခု ပြုလုပ်ခဲ့ပြီးရာ ရလဒ်များစွာ ရရှိခဲ့သည်။
Vanachter က တရုတ်စားသုံးသူများ၏ ဆန်းသစ်တီထွင်မှုအပေါ် လိုလားမှုက ၎င်းအတွက် အမှတ်ရစေကြောင်း၊ “တရုတ်ပြည်မှာ စားသုံးသူတွေက အသစ်အသစ်တွေကို နှစ်သက်ကြတယ်။ အရသာအသစ်၊ ပုံစံအသစ် ပေါင်မုန့်ဆို စားချင်ကြတယ်။ ဒီမှာက စားသုံးသူတွေရဲ့ လိုအပ်ချက်နဲ့ ဈေးကွက်တိုးတက်မှုအနေအထားကို နားလည်ရမယ်၊ အချိန်မရွေး အသင့်ပြင်ထားရတယ်” ဟု ပြောကြားခဲ့သည်။
ဖော်ပြထိုက်သည့် အရာတစ်ခုမှာ CIIE ပြပွဲတွင် Lesaffre နှစ်စဉ် ပါဝင်ပြသသည့်အခါမှာ တရုတ်နှင့် ပြင်သစ်၏ ထူးခြားမှုအစိတ်အပိုင်းတွေပါသော အထူးစီမံထားသည့် ပေါင်မုန့်ကို ယူလာလေ့ရှိပေသည်။ ယခုနှစ် အထူးစီမံထုတ်လုပ်ထားသည့် ပါမုန့်မှာ “ဂီတ” ခေါင်းစဉ်နှင့်ဖြစ်ပြီး တရုတ်-ပြင်သစ် ချစ်ကြည်ရေးတေးသံကို အတူရေးဆွဲကြမည်ဟူသော အနက်အဓိပ္ပါယ်ဖြင့် “တရုတ်ဗျပ်စောင်း” ၊ “တရုတ်ဗုံကြီး”နှင့် “ပြင်သစ်ခရာ” ဟူ၍ ပုံစံများ ထုတ်လုပ်ထားသည်။
“ပြင်သစ် လယ်ယာမြေမှ တရုတ်စားသောက်စားပွဲသို့” ယန္တရား သည် တရုတ်-ပြင်သစ် ပူးပေါင်းဆောင်ရွက်မှု၏ ရွှေရောင်ဆိုင်းဘုတ် ဖြစ်နေပြီဖြစ်သည်။ ပြင်သစ် ဝက်သားထုတ်လုပ်ရေးလုပ်ငန်း အဖွဲ့ ဥက္ကဋ္ဌ Anne Richard က CIIE သည် ကမ္ဘာမှာ အလားအလာရှိသည့် ဈေးဝယ်သူများနှင့် တစ်ခါတည်း တွေ့ဆုံနိုင်မည့် “အကောင်းဆုံး အခွင့်အလမ်း” ဖြစ်ကြောင်း ၊ ပြင်သစ်နှင့် တရုတ်နိုင်ငံသည် ဝက်သားစားသုံးသည့် နိုင်ငံကြီးဖြစ်ရာ အနာဂတ် ပူးပေါင်းဆောင်ရွက်မှုအလားအလာ အတိုင်းအဆမရှိကြီးမားကြောင်း ပြောကြားခဲ့သည်။
CIIE တွင် ၅ ကြိမ်မြောက်ပါဝင်ပြသသည့် Andros France Group China အထွေအထွေမန်နေဂျာ ကျန်းကျိခွန်းက တရုတ်နိုင်ငံသည် ဈေးကွက်နှင့် ရင်းနှီးမြှုပ်နှံမှု စသည့် ကဏ္ဍများတွင် အားသာချက်ရှိရာ ကုမ္ပဏီလုပ်ငန်းအဖွဲ့အနေဖြင့် ပြင်သစ်-တရုတ် နှစ်နိုင်ငံ လယ်ယာစားသောက်ကုန်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး တွန်းအားပေးဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
Andros ကုမ္ပဏီအဖွဲ့အနေဖြင့် ယခုအကြိမ်ပြပွဲတွင် သီးစုံယို၊ သကြားလုံး၊ အားကစားအစားအစာ စသည့် ထုတ်ကုန်ပစ္စည်းများ ပါဝင် ပြသထားရာ ၎င်းတို့အနက် အချို့ထုတ်ကုန်ပစ္စည်းများမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်များကို ပြသထားကြောင်း သိရသည်။
“ဒီနှစ်ကစပြီး ကျွန်တော်တို့က လော်လီပေါ့ ပလပ်စတစ်တုတ်ချောင်းလေးတွေ အားလုံးကို ပြန်ပြီးအသုံးပြုလို့ရတဲ့ သစ်သားချောင်းလေးတွေအဖြစ် ပြောင်းလဲသွားမယ်။ တရုတ်မှာ ရှိတဲ့ Andros စက်ရုံကလည်း ဒီစီးရီးထုတ်ကုန်ပစ္စည်းလေးတွေရဲ့ အပြင်ထုပ်ပိုးမှုကို ပြန်လည်အသုံးပြုလို့ရတဲ့ စက္ကူတွေနဲ့ ထုပ်ပိုးသွားမယ်။ ထုပ်ပိုးကုန်ကြမ်းတွေက ၁၀၀ ရာခိုင်နှုန်းပြန်လည်အသုံးပြုလို့ရအောင် ဖော်ဆောင်သွားမယ်” ဟု ကျန်းကျိခွန်းက ဆိုသည်။
ကျန်းကျိခွန်းက တရုတ်ဈေးကွက်သည် အလားအလာကြီးမားမှု၊ ထုတ်ကုန်လုပ်ငန်းကွင်းဆက် ပြည့်စုံမှုရှိသလို အရည်အသွေးမြင့် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူနှင့် ထုတ်လုပ်မှုလုပ်ငန်း လုပ်သားများ ရှိကြောင်း၊ ယင်းတို့မှာ Andros က တရုတ်နိုင်ငံနှင့် နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ရန် ရွေးချယ်သည့် အဓိက အကြောင်းရင်းများ ဖြစ်ကြောင်း၊ “Andros က တရုတ်နိုင်ငံမှာ လယ်ယာထုတ်ကုန် ကုန်ချော ထုတ်လုပ်တဲ့လုပ်ငန်းကွင်းဆက် အပြည့်အဝရှိရာ ကုန်ကြမ်း သစ်သီးဝလံ စိုက်ပျိုးတာကစပြီး ရောင်းချတဲ့အထိ ကွင်းဆက်တိုင်းကို လွှမ်းခြုံနိုင်တယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)
…………………………
(Chinese Version)
第七届进博会|综述:我们对中国经济充满信心——进博会法国参展商的共同心声
新华社巴黎/上海11月9日电 综述:我们对中国经济充满信心——进博会法国参展商的共同心声
新华社记者闫洁 崔可欣 李文昕
“我有时会在媒体上看到关于中国经济的负面言论,但真正来到这里后,我看到一切都在不断发展和变化,更新迭代,这让我们对中国经济充满信心。”每趟进博之旅,都让法国新鲜水果蔬菜行业协会主席达尼埃尔·索韦特对中国的感受更真实、更立体、更全面。
2024年是中法建交60周年,法国是第七届进博会主宾国之一。本届进博会上,4家法国大型水果出口企业带来7款为中国消费者甄选的当季新鲜苹果,共计1000多公斤。今年上半年,中国向法国软枣猕猴桃开放市场,这款水果此次也作为新品亮相进博会。
索韦特说,中国有拥抱创新且快速变化的市场,在数字技术和电子商务方面全球领先,法国水果出口企业和中国伙伴有广阔合作空间。“我希望借助进博会平台,向消费者介绍专为中国市场挑选的水果品类。”
在索韦特看来,欧中贸易往来至关重要,“贸易是和平的载体,可以带来文化交流,促进各国人民相互了解”。
进博会七届“全勤生”法国乐斯福集团大中华区总裁热罗姆·瓦纳什特(中文名:杨宏)也看好中国市场前景。这家酵母生产商深耕中国市场40多年,不仅在安徽、广西和内蒙古设立工厂,还在北京、上海、广州等地设有烘焙研发中心,专门针对中国消费者需求定制个性化产品。
本届进博会上,乐斯福已与中国烘焙食品企业进行12场战略合作签约,收获颇丰。瓦纳什特告诉记者,中国消费者对创新的追求令他印象深刻。“在中国,消费者总在追求新品,希望吃到新口味、新样式的面包。在这里,你必须了解消费者的需求和市场发展趋势并时刻做好准备。”
值得一提的是,乐斯福每年参加进博会都会带来一款融合中法元素的特制面包。今年的特制面包以“音乐”为主题,造型分别为“琵琶”“大鼓”和“西式圆号”,寓意共谱中法友好乐章。
“从法国农场到中国餐桌”机制已成为中法合作金字招牌。法国猪业联盟会长安妮·里夏尔告诉记者,进博会是一次与全球潜在客户见面的“绝佳机会”。法中同为猪肉消费大国,未来合作潜力无限。
第五次参加进博会的法国安德鲁集团中国区总经理曾骥琨说,中国在市场和投资等方面具有优势,集团希望进一步推动法中两国在农食领域的合作。
安德鲁集团此次带来果酱、糖果、运动食品等产品参展,其中部分产品体现了环保和可持续发展理念。“今年以来,我们棒棒糖的塑料棒全部改为可回收木质棒,安德鲁中国工厂也将这一系列产品的外包装升级为可回收纸质包装,实现包材百分百可回收。”曾骥琨说。
曾骥琨表示,中国市场潜力大、产业链完整,有高质量的行业人才及产业工人,这些都是安德鲁选择与中国深度合作的关键因素。“安德鲁在中国已打造出一条农产品加工全产业链,覆盖从原料水果种植到销售终端的各个环节。”(完)
1. 11月9日拍摄的第七届进博会技术装备展区。新华社记者 王翔 摄