Connect with us

Africa & Middle East

လုံခြုံရေးကောင်စီတွင် အမေရိကန်နိုင်ငံက ဗီတိုအာဏာဖြင့် ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို တစ်ဖန် ပယ်ချ

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မူကြမ်းအား မဲခွဲဆုံးဖြတ်စဉ် ကန့်ကွက်မဲပေးနေသော အမေရိကန်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် Robert A. Wood (ရှေ့တန်း၊ အလယ်) ကို နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်မူကြမ်းကို နိုဝင်ဘာ ၂၀ ရက်၌ ဗီတိုအာဏာဖြင့် တစ်ဖန် ပယ်ချခဲ့ကြောင်း သိရသည်။
ထိုနေ့တွင် လုံခြုံရေးကောင်စီသည် ဂါဇာကမ်းမြောင်ဒေသတွင် ချက်ချင်း၊ ခြွင်းချက်မရှိ ထာဝရအပစ်အခတ်ရပ်စဲရန်နှင့် ထိန်းသိမ်းခံထားရသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုထားသော အမြဲတမ်းအဖွဲ့ဝင် မဟုတ်သောနိုင်ငံ ၁၀ နိုင်ငံက အဆိုပြုသည့် ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်ခဲ့သည်။ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၄ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ဖြစ်သော အမေရိကန်နိုင်ငံက ဗီတိုအာဏာ သုံးခဲ့သောကြောင့် ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

တရုတ်နိုင်ငံသည် မဲရလဒ်အပေါ် အလွန်ပင်စိတ်ပျက်မိကြောင်း၊ ဂိုင်ယာနာ၊အယ်လ်ဂျီးရီးယား စသည့် အမြဲတမ်းအဖွဲ့ဝင် မဟုတ်သောနိုင်ငံ ၁၀ နိုင်ငံက ဆုံးဖြတ်ချက်မူကြမ်း ဆွေးနွေးညှိနှိုင်းမှုလုပ်ငန်းစဉ်အတွင်း အကြီးမားဆုံးရိုးသားမှုနှင့် အပြုသဘောဆောင်မှုကို ပြသခဲ့ကြောင်း၊ အမေရိကန် တစ်နိုင်ငံတည်း ဗီတိုအာဏာကို အသုံးပြုခြင်းသည် ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူများ၏ အသက်ရှင်သန်ခွင့် မျှော်လင့်ချက်တစ်မျှင်ကို ချေမှုန်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား ပိုမိုနက်ရှိုင်းသော အမှောင်ထုနှင့် မျှော်လင့်ချက်ကင်းမဲ့သည့်အဖြစ်ကို တွန်းပို့ခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက လုံခြုံရေးကောင်စီတွင် မဲခွဲဆုံးဖြတ်ပြီးနောက် ရှင်းလင်းချက်မိန့်ခွန်း၌ ပြောကြားခဲ့သည်။

ဖုချုံးက အမေရိကန်နိုင်ငံ၏ ထပ်ခါတလဲလဲ ဗီတိုအာဏာအသုံးပြုခြင်းသည် လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာဥပဒေများ၏ အခွင့်အာဏာကို သမိုင်းဝင် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိစေခဲ့ကြောင်း ပြောကြားခဲ့သည်။ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံသည် ၎င်း၏တာဝန်ဝတ္တရားများကို အလေးအနက်ထားဆောင်ရွက်ရန်၊ တက်ကြွမှုမရှိဘဲ ရှောင်ရှားနေခြင်း မပြုရန်၊ တမင်နှောင့်နှေးစေခြင်းကို ရပ်တန့်ရန်၊ သမိုင်းအပေါ် တာဝန်သိသောသဘောထားဖြင့် လုံခြုံရေးကောင်စီ၏ ချက်ချင်းအပစ်အခတ်ရပ်စဲရေး၊ လူ့အသက်များကယ်တင်ရေး၊ ငြိမ်းချမ်းရေးပြန်လည်ရရှိရေးအတွက် လိုအပ်သည့် ဆောင်ရွက်မှုအားလုံးကို ပံ့ပိုးကူညီရန် တရုတ်နိုင်ငံက တိုက်တွန်းခဲ့ကြောင်း ပြောကြားခဲ့သည်။
လွန်ခဲ့သည့်နှစ် အောက်တိုဘာလတွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ် ဖြစ်ပွားပြီးကတည်းက ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ပါလက်စတိုင်း ၄၀,၀၀၀ ကျော် သေဆုံးခဲ့ရသည်။ ဂါဇာကမ်းမြောင်ဒေသ၌ ချက်ချင်း အပစ်အခတ်ရပ်စဲရန် တောင်းဆိုသည့် တခဲနက် တိုက်တွန်းသံများ နိုင်ငံတကာအသိုက်အဝန်းတွင် ဖြစ်ပွားခဲ့သော်လည်း လုံခြုံရေးကောင်စီ၏ အပစ်အခတ်ရပ်စဲရေးတောင်းဆိုသည့် ဆုံးဖြတ်ချက်မူကြမ်းမှာ အမေရိကန်နိုင်ငံ၏ အကြိမ်ပေါင်းများစွာ ပိတ်ပင်ခြင်း ခံခဲ့ရကြောင်း သိရသည်။ (Xinhua)

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် လုံခြုံရေးကောင်စီ မဲခွဲဆုံးဖြတ်သည့် နေရာကို နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………….
(Chinese Version)
美国在安理会再次否决加沙停火决议草案
新华社联合国11月20日电(记者施春)美国20日在联合国安理会再次否决有关要求在巴勒斯坦加沙地带停火的决议草案。
安理会当天对由10个非常任理事国提出的决议草案进行表决,该决议草案要求在加沙地带立即无条件实现永久停火,立即释放所有被扣押人员。安理会15个成员中14个投了赞成票,常任理事国美国行使了否决权,导致决议草案未获通过。
中国常驻联合国代表傅聪在安理会表决后的解释性发言中说,中方对表决结果非常失望。圭亚那、阿尔及利亚等10个非常任理事国在决议草案磋商过程中展现了最大的诚意和建设性。美国独家使用否决权,粉碎了加沙民众活下去的一线生机,把他们进一步推入黑暗和绝望之中。
傅聪表示,美国的一再否决,使安理会和国际法的权威降到历史最低点。中方呼吁美国认真对待作为安理会常任理事国的责任,不再消极回避,不再刻意拖延,拿出对历史负责的态度,支持安理会为立即停火、拯救生命、恢复和平采取一切必要行动。
去年10月新一轮巴以冲突爆发以来,以色列在加沙地带的军事行动已造成4万多巴勒斯坦人死亡。国际社会形成要求在加沙地带立即停火的压倒性呼声,但安理会要求停火的决议草案多次遭到美国的阻挠。(完)
图说1:11月20日,在位于纽约的联合国总部,美国常驻联合国副代表罗伯特·伍德(前中)在安理会就决议草案进行表决时投反对票。新华社记者 谢锷 摄
图说2:这是11月20日在位于纽约的联合国总部拍摄的安理会投票现场。新华社记者 谢锷 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.