Connect with us

Eastern Europe

ရုရှားနိုင်ငံတွင် ဆည်ကြီးတစ်ခုကျိုး၍ အိမ်ခြေ ၁,၈၀၀ ကျော် ရေလွှမ်းမိုးခံရ

မော်စကို၊ ဧပြီ ၆ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ Orenburgskaya Oblast ပြည်နယ် Orsk မြို့တွင် ဆည်ကြီးတစ်ခုကျိုး၍ ဒေသခံပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် စီစဉ်လျက်ရှိကြောင်း အရေးပေါ် အခြေအနေဆိုင်ရာဝန်ကြီးဌာန၏ ဧပြီ ၅ ရက်က လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန်ခဲ့သော သတင်းအရ သိရသည်။
နောက်ဆုံးရအချက်အလက်များအရ Orenburgskaya Oblast ပြည်နယ်တွင် အိမ်ခြေ ၁,၈၀၀ ကျော်ထိ ရေလွှမ်းမိုးခံခဲ့ရကြောင်း၊ Orsk မြို့ ၌ အိမ်ခြေ ၄,၀၀၀ ကျော်နှင့် လူဦးရေ ၁၁,၀၀၀ သောင်းခန့်မှာ ရေလွှမ်းမိုးမှုဒဏ်ခံနိုင်နေရကြောင်း ဒေသတွင်း အစိုးရသတင်းရင်းမြစ်များကို ကိုးကား၍ TASS သတင်းဌာနက ဖော်ပြခဲ့သည်။ လက်ရှိ ယင်းပြည်နယ်တွင် လူဦးရေ ၃,၁၀၀ နီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားကြောင်း Orenburgskaya Oblast ပြည်နယ်အစိုးရက ပြောကြားခဲ့သည်။ (Xinhua)
………………………………………………………
(Chinese Version)
俄罗斯一大坝决堤 1800多栋房屋被淹
新华社莫斯科4月5日电 俄罗斯紧急情况部5日在社交媒体上发布消息说,俄奥伦堡州奥尔斯克市一座大坝发生决堤,正在组织当地居民撤离。
据塔斯社援引当地政府部门消息报道,根据最新数据,奥伦堡州已有超过1800栋房屋被洪水淹没。奥尔斯克市有超过4000栋房屋和约1.1万人处在泄洪区域内。奥伦堡州政府说,目前该州已有近3100人被疏散。