Connect with us

Latin America

ဘိုလီးဗီးယားနိုင်ငံတွင် အာဏာသိမ်းရန် ကြိုးပမ်းမှု မအောင်မြင်၊ စစ်တပ်ဗိုလ်ချုပ်ဟောင်း ဖမ်းဆီးခံရ

ဘိုလီးဗီးယားနိုင်ငံတွင် အာဏာသိမ်းရန် ကြိုးပမ်းမှု မအောင်မြင်၊ စစ်တပ်ဗိုလ်ချုပ်ဟောင်း ဖမ်းဆီးခံရ #ဆင်ဟွာ

လာပါဇ်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

ဘိုလီးဗီးယားနိုင်ငံ သမ္မတ Luis Arce သည် စစ်တပ်ဗိုလ်ချုပ်သစ်အဖြစ် José Wilson Sánchez Velásquez အား ဇွန် ၂၆ ရက်တွင် ခန့်အပ်ခဲ့သည်။ Sánchez က သမ္မတအိမ်တော်တွင် တိုက်ခိုက်နေရာယူထားသော စစ်သားများအား ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာကာ တပ်စခန်းများသို့ ပြန်ရန် အမိန့်ထုတ်လိုက်ပြီးနောက် စစ်သားများ ထွက်ခွာခဲ့ကြသည်။
စစ်တပ်ဗိုလ်ချုပ်ဟောင်း Zuniga သည် အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သောကြောင့် ဖမ်းဆီးခံရပြီး အစိုးရရှေ့နေများအနေဖြင့် Zuniga နှင့် ၎င်း၏ အဖွဲ့သားများကို ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ပြီဖြစ်ကြောင်း ဘိုလီးဗီးယားနိုင်ငံမီဒီယာများ၏ ဇွန် ၂၆ ရက် ဖော်ပြချက်အရ သိရသည်။ (Xinhua)

…………………………………………..
(Chinese Version)
玻利维亚发生未遂政变 前陆军司令被逮捕
拉巴斯,2024年6月27日
玻利维亚总统阿尔塞26日任命何塞·威尔逊·桑切斯·贝拉斯克斯为新陆军司令。桑切斯当日下达命令,要求攻占总统府的军人遵守宪法并返回驻地,随后军人撤离。据玻利维亚媒体26日报道,前陆军司令苏尼加当天因参与未遂政变被逮捕,检方已对苏尼加及其同伙展开刑事调查。
图说:6月26日,在玻利维亚拉巴斯,玻利维亚总统阿尔塞(中)向民众发表讲话。新华社发(罗伯托·阿兰达摄)