Connect with us

Media

ဂါဘွန်စစ်တပ်က အာဏာသိမ်းကြောင်း ကြေညာ ၊ အသွင်ကူးပြောင်းရေးခေါင်းဆောင်အဖြစ် ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်

လီဘရာဗီးလ် ၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)

ဂါဘွန်နိုင်ငံ၌ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ဩဂုတ် ၃၀ ရက် ညပိုင်းတွင် Gabonese Republican Guard ၏ ကာကွယ်ရေးဦးစီးချုပ် Brice Oligui Nguema ကို အသွင်ကူးပြောင်းရေးခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။

သမ္မတ Ali Bongo က တတိယသက်တမ်းအတွက် အနိုင်ရရှိခဲ့ကြောင်း ဂါဘွန်နိုင်ငံရွေးကောက်ပွဲကော်မရှင်က ယင်းနေ့အစောပိုင်းတွင် ကြေညာခဲ့သည်။ သို့သော်လည်း စစ်တပ်က ရွေးကောက်ပွဲရလဒ်အား ဖျက်သိမ်းခဲ့ကြောင်း နှင့် သမ္မတဖြစ်သူကို နေအိမ်အကျယ်ချုပ်အဖြစ် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ကြေညာခဲ့သည်။

ဂါဘွန်စစ်တပ်ခေါင်းဆောင်များက အသွင်ကူးပြောင်းရေး နှင့် ပြန်လည်တည်ဆောက်ရေးပြဋ္ဌာန်းခြင်းဆိုင်ရာ ကော်မတီ၏ ဥက္ကဋ္ဌ အဖြစ် ကာကွယ်ရေးဦးစီးချုပ် Brice Oligui Nguema ကို ခန့်အပ်ရန် တစ်ညီတစ်ညွတ်တည်းမဲပေးရွေးချယ်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………
(English Version)
Gabonese military declare coup, Brice Oligui Nguema named as transition leader
Brice Oligui Nguema, commander-in-chief of the Gabonese Republican Guard, was named as the transition leader of the central African country on Wednesday night following a coup.
The national electoral body announced earlier in the day that President Ali Bongo had won a third term. However, the military declared on state television that the election results were canceled and placed Bongo under house arrest.
Leaders of the Gabonese military agreed by unanimous vote to appoint Nguema as president of the Committee for the Transition and Restoration of Institutions (CTRI), said Ulrich Manfoumbi Manfoumbi, the committee’s spokesperson.
Xinhua News Agency correspondents reporting from Libreville.(XHTV)