Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဆော်လမွန်ကျွန်းစုနိုင်ငံ ဝန်ကြီးချုပ် Jeremiah Manele တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သော ဆော်လမွန်ကျွန်းစုနိုင်ငံ ဝန်ကြီးချုပ် Jeremiah Manele နှင့် ဇူလိုင် ၁၂ ရက် ညနေပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သော ဆော်လမွန်ကျွန်းစုနိုင်ငံ ဝန်ကြီးချုပ် Jeremiah Manele နှင့် ဇူလိုင် ၁၂ ရက် ညနေပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ဆော်လမွန်ကျွန်းစုနိုင်ငံအား မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း၊ ညီအစ်ကိုကောင်းအဖြစ် ရှုမြင်ကြောင်း၊ ဆော်လမွန်ကျွန်းစုနိုင်ငံ၏ မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို လျှောက်လှမ်းနေမှု၊ နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းမှုအပေါ် အားပေးထောက်ခံကြောင်း ပြောကြားခဲ့သည်။’


တရုတ်နိုင်ငံသည် ဆော်လမွန်ကျွန်းစုနိုင်ငံနှင့်အတူ မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှုများကို တိုးမြှင့် ဆောင်ရွက်ပြီး ဗဟိုအကျိုးစီးပွားနှင့် အဓိက ဂရုပြုမှုများကို ခိုင်မာစွာထောက်ခံကာ အပြန်အလှန် ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်ရေးကို တွန်းအားပေး၍ ဆော်လမွန်ကျွန်းစုနိုင်ငံနှင့်အတူ မဟာဗျူဟာ ချိတ်ဆက်မှုများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆေးကုသရေးဝန်ဆောင်မှု၊ အခြေခံအဆောက်အအုံ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဥတုရာသီ ပြောင်းလဲမှု ကိုင်တွယ်ဖြေရှင်းရေး စသည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းအောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး ခေတ်သစ် တရုတ်-ဆော်လမွန်ကျွန်းစု အေးအတူ ပူအမျှ အသိုက်အဝန်းကို အတူလက်တွဲ တည်ဆောက်ကာ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ပိုမိုကောင်းမွန်စွာ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် Jeremiah Manele က ဤအကြိမ် မိမိ၏ တရုတ်နိုင်ငံ ခရီးစဉ်သည် ဖူကျန့်တွင် အစပြုခြင်းဖြစ်ရာ တရုတ်နိုင်ငံ ဖွံ့ဖြိုးမှု၏ ဧရာမအောင်မြင်မှုများကို နက်နက်ရှိုင်းရှိုင်း သိမြင်ခဲ့သလို ဆော်လမွန်ကျွန်းစု- တရုတ် ပူးပေါင်းဆောင်ရွက်မှု၏ ကြီးမားကျယ်ပြန့်သည့် အနာဂတ်အလားအလာကို သိရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စံနမူနာ ပြနိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ အဆိုပြုနှိုးဆော်သည်မှာ လူသားမျိုးနွယ် တစ်ရပ်လုံး၏ ဘုံစံတန်ဖိုး ဖြစ်ကြောင်း၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ခိုင်မာစွာ လက်ကိုင်ထားပြီး “အသိုက်အဝန်းငယ်” ဖွဲ့စည်းမှု မပြုခြင်း၊ ပထဝီနိုင်ငံရေး မလုပ်ခြင်း ၊ အခြားနိုင်ငံအား ဘက်ရွေးရပ်တည်စေခြင်း မရှိဘဲ နိုင်ငံတကာ အသိုက်အဝန်း သွေးစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိုသာ လက်ကိုင်ထားကြောင်း ၊ အထူးသဖြင့် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက် (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အဆိုပြုချက် (GCI)သည် ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်စွာ အတူဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရာတွင် အကျိုးရှိစေသလို ဆော်လမွန်ကျွန်းစုကဲ့သို့သော နိုင်ငံငယ်များအတွက် အရေးကြီးသည့်အနက်အဓိပ္ပါယ်ကို ဖော်ဆောင်ကြောင်း Jeremiah Manele က ပြောကြားခဲ့သည်။

“ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်ရေးတွင် ပါဝင်သည့် အကျိုးကျေးဇူးကြောင့် ဆော်လမွန်ကျွန်းစုနိုင်ငံသည် အခြေခံအဆောက်အဦတည်ဆောက်ရေး စသည့် ကဏ္ဍများတွင် သိသာထင်ရှားသည့် တိုးတက်မှုကို ရရှိခဲ့ကြောင်း၊ ဆော်လမွန်ကျွန်းစုနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်မာစွာ လိုက်နာသွားမည် ဖြစ်သလို “ထိုင်ဝမ် သီးခြားရပ်တည်ရေး” မည်သည့်ပုံစံကိုမဆို ခိုင်မာစွာ ဆန့်ကျင်သွားမည် ဖြစ်ပြီး နိုင်ငံပေါင်းစည်းရေးအတွက် တရုတ်နိုင်ငံ၏ အလုံးစုံသော ကြိုးပမ်းဆောင်ရွက်မှုများကို ခိုင်မာစွာ ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ၊ ဆော်လမွန်ကျွန်းစုနိုင်ငံအနေဖြင့် ဆော်လမွန်ကျွန်းစု-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တစ်ဆင့်တိုး နက်ရှိုင်းအောင် ဆောင်ရွက်ပြီး ဆော်လမွန်ကျွန်းစု-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်သွားရန် မျှော်လင့်ကြောင်း Jeremiah Manele က ပြောကြားခဲ့သည်။ (Xinhua)

……………………………..
(Chinese Version)
习近平会见所罗门群岛总理马内莱
新华社北京7月12日电(记者郑明达)7月12日下午,国家主席习近平在北京人民大会堂会见来华进行正式访问的所罗门群岛总理马内莱。
习近平指出,中方视所罗门群岛为好朋友、好伙伴、好兄弟,支持所方走符合自身国情的发展道路,维护国家主权、安全、发展利益。中方愿同所方加强战略沟通,坚定支持彼此维护核心利益和重大关切,推进共建“一带一路”同所方发展战略对接,深化农村发展、医疗服务、基础设施、可持续发展、应对气候变化等领域合作,携手构建新时代中所命运共同体,更好造福两国人民。
马内莱表示,我此次访华之旅始于福建,深切领略到中国发展取得的巨大成就,并感受到所中合作的巨大潜力和广阔前景。中国为发展中国家树立了榜样。中方倡导全人类共同价值,坚持多边主义,不搞“小圈子”,不搞地缘政治,不要求别国选边站队,主张国际社会加强团结合作。特别是习近平主席提出全球发展倡议、全球安全倡议、全球文明倡议,有利于促进世界的和平稳定和共同发展,对于所罗门群岛这样的小国尤其具有重要意义。得益于参与共建“一带一路”,所罗门群岛在基础设施建设等领域取得显著进展。所方坚定恪守一个中国原则,坚决反对任何形式的“台独”,坚定支持中国政府为实现国家统一所作的一切努力。所方希望进一步深化所中全面战略伙伴关系,构建所中命运共同体。