မြန်မာ-ENG3 years ago
တရုတ်နိုင်ငံက ပစိဖိတ်ကျွန်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလျက်ရှိကြောင်း သမ္မတ ရှီပြော
ပေကျင်း၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဆော်လမွန်ကျွန်းစုများနိုင်ငံနှင့် အခြားသော ပစိဖိတ်ကျွန်းနိုင်ငံများနှင့်အတူ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် နက်ရှိုင်းသော ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု၌ ၎င်း၏အတွေ့အကြုံကို မျှဝေရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စက်တင်ဘာ ၂၄ ရက်၌ ပြောကြားခဲ့သည်။