Connect with us

Latin America

တရုတ်နိုင်ငံက ဘရာဇီးနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အလွန်အရေးပါကြောင်း ဘရာဇီးနိုင်ငံ သမ္မတ လူလာဒီဆေးဗားလ် ပြောကြား

ဘရာဇီးနိုင်ငံ၊ ဘရာဇီးလီယာမြို့တွင် ကျင်းပသော ၎င်းနိုင်ငံရှိ နိုင်ငံခြားမီဒီယာများနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ခု၌ ဘရာဇီးသမ္မတ လူလာအား ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးလီယာ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ဘရာဇီးနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အလွန်အရေးပါကြောင်း၊ တရုတ်နိုင်ငံနှင့် “အကန့်အသတ်မရှိ နီးကပ်”သော “မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသစ်” ကို ထူထောင်ရန် မျှော်လင့်ကြောင်း ဘရာဇီးသမ္မတ လူလာက ဇူလိုင် ၂၂ ရက်၌ ပြောကြားခဲ့သည်။
ထိုနေ့တွင် လူလာသည် ဘရာဇီးနိုင်ငံရှိ နိုင်ငံခြားမီဒီယာများနှင့် ဘရာဇီးလီယာမြို့တွင် တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို တက်ရောက်ခဲ့သည်။ ယခုနှစ်သည် ဘရာဇီးနှင့် တရုတ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့် နှစ်ပတ်လည်နှစ်ဖြစ်ကြောင်း၊ သိပ္ပံနှင့်နည်းပညာဖလှယ်ရေး၊ ချိ(ပ်) ထုတ်လုပ်ရေး၊ ဆော့ဖ်ဝဲ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် နှစ်နိုင်ငံလုံးကတိုးမြှင့်ဆောင်ရွက်ကာ နှစ်နိုင်ငံစလုံးအတွက် အလုပ်အကိုင်များ ဖန်တီးပေးရန် မျှော်လင့်ကြောင်း ဆင်ဟွာသတင်းအေဂျင်စီမှ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် လွန်ခဲ့သည့် နှစ် ၄၀ ကျော်ကာလအတွင်း အံ့သြဖွယ်ကောင်းပြီး ထင်မှတ်ထားသည်ထက်ကျော်လွန်သော အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ ဘရာဇီးနိုင်ငံသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံများ သင်ယူရန် မျှော်လင့်ကြောင်း လူလာက ထောက်ပြခဲ့သည်။ “တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ငြင်းလို့မရပါဘူး “တရုတ်ဟာ ဘရာဇီး အမြဲတန်ဖိုးထားရမယ့် မိတ်ဖက်နိုင်ငံ ဖြစ်ပါတယ်။ ဘရာဇီးအနေနဲ့ တရုတ်နိုင်ငံနဲ့ အထူးဆက်ဆံရေးကို ထိန်းသိမ်းသွားမှာ ဖြစ်ပြီး အဲတာက နှစ်နိုင်ငံလုံးအနေနဲ့ မဟာဗျူဟာအရ အရေးပါတယ် ” ဟု ၎င်းက ပြောကြားခဲ့သည်။
ဘရာဇီးနိုင်ငံသည် ယခုနှစ် G20 ၏ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံ ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုနှင့် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး မဟာမိတ်အဖွဲ့တစ်ခု ထူထောင်ရန် အဆိုပြုမည်ဟု စီစဉ်ထားကြောင်း သိရသည်။
လက်ရှိကမ္ဘာတစ်ဝန်းတွင် အလွန်အမင်း ဆင်းရဲနွမ်းပါးမှုအခြေအနေတွင် ငတ်မွတ်ပြီးအအေးဒဏ်ကို ခံစားနေရသူ အများအပြား ရှိနေဆဲဖြစ်ကြောင်း၊ “ဒါဟာ သဘာဝကြောင့် ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်မဟုတ်ဘဲ လူ့အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်လာတာ ပိုများတယ်”ဟု လူလာက ထောက်ပြခဲ့သည်။ ငတ်မွတ်ခေါင်းပါးမှုဖြစ်စဉ်မှာ ဖျောက်ဖျက်၍မရနိုင်ခြင်းမဟုတ်သည်ကို ဘရာဇီးနှင့် တရုတ်နိုင်ငံတို့၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အတွေ့အကြုံများတွင် ထင်ရှားစွာပြသပြီးဖြစ်ကြောင်း၊
ငတ်မွတ်ခေါင်းပါးမှုနှင့် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးတွင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပူးပေါင်းပါဝင်မှုကို မြှင့်တင်ရန်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)


………………………………………………………………….
(Chinese Version)
巴西总统卢拉:中国对巴西经济增长至关重要
新华社巴西利亚7月22日电(记者陈威华 卞卓丹)巴西总统卢拉22日表示,中国对巴西经济增长至关重要,他希望与中国建立“无限密切”的“新战略伙伴关系”。
卢拉当天在巴西利亚参加与外国驻巴媒体的小范围对话会。他在回答新华社记者提问时表示,今年是巴西和中国建交50周年,巴方希望推动双方加强在科技交流、芯片生产、软件研发等领域合作,为两国创造更多就业。
卢拉指出,40多年来,中国取得了令人赞叹、难以想象的成就,巴西希望学习中国的发展经验。“中国的发展是无可否认的,中国是巴西永远重视的合作伙伴,我们将与中国保持特殊关系,这对巴中两国来说都具有战略意义。”
巴西是今年二十国集团轮值主席国,预计将提议建立一个全球反饥饿与贫困联盟。卢拉指出,目前全球仍有众多人口生活在极度贫穷状态中,忍饥受冻,“这并不是自然造成的现象,更多的是人为因素”。他表示,巴西和中国的减贫经验显示,饥饿现象并非不可消除,两国将合作推动国际社会共同参与反饥饿与贫困事业。
图说:7月22日,巴西总统卢拉在巴西利亚参加与外国驻巴媒体的小范围对话会。