Connect with us

China

မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် သြဂုတ် ၁၄ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထူးအလေးထားပြီး မြန်မာ-တရုတ် ချစ်ကြည်ရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားဆောင်ရွက်ကြောင်း၊ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာ လိုက်နာကျင့်သုံးကြောင်း၊ တရုတ်နိုင်ငံ၏ ယုံကြည်စိတ်ချရသည့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအဖြစ် ထာဝရရပ်တည်သွားလိုကြောင်း ပြောကြားခဲ့သည်။ လာမည့်နှစ်သည် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ရာ အစဉ်အလာချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက် အခမ်းအနားပွဲများကို နှစ်နိုင်ငံအတူတကွ ကျင်းပနိုင်ကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေး တွန်းအားပေးရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ခြင်းအပေါ် ကျေးဇူးတင်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ပြီး နိုင်ငံရေးအရ ပြန်လည်သင့်မြတ်မှုရရှိရေး ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံက ဆက်လက် ပံ့ပိုးကူညီမည်ဟု မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးအွန်လိုင်းလိမ်ညာမှု စသည့် နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုများကို အတူတကွ တိုက်ဖျက်ရာတွင် တရုတ်နိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း၊ တရုတ်နိုင်ငံ၏ လုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်စေသည့် မည်သည့်အပြုအမူကိုမျှ ခွင့်ပြုမည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိက မြန်မာနိုင်ငံအပေါ် ထားရှိသည့် တရုတ်နိုင်ငံ၏ ချစ်ကြည်ရေးမူဝါဒသည် မြန်မာနိုင်ငံ ပြည်သူတစ်ရပ်လုံးကို မျက်နှာမူကြောင်း၊ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ခြင်းမူကို ခိုင်မာစွာ လက်ကိုင်ထားပြီး မြန်မာ့နိုင်ငံရေးအစဉ်အလာနှင့် မြန်မာဘက်က မိမိနိုင်ငံ၏အခြေအနေအရ ရွေးချယ်သည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို လေးစားကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာ၊ နိုင်ငံတစ်သားတည်းဖြစ်တည်မှုနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ကာကွယ်ထိန်းသိမ်းခြင်းအပေါ် အခိုင်အမာ ထောက်ခံပါကြောင်း၊ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို မြန်မာနိုင်ငံက အားထားဆောင်ရွက်နေခြင်းအား အခိုင်အမာ ထောက်ခံသလို ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက်မှ ရှေ့လုပ်ငန်းစဉ်သစ် (၅) ရပ်ကို တွန်းအားပေးဆောင်ရွက်နေခြင်းအား အခိုင်အမာ ထောက်ခံကြောင်း ၊ နိုင်ငံရေးအရ ရင်ကြားစေ့ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရေးကို ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ကာ ရေရှည်တည်ငြိမ်အေးချမ်းသော လမ်းကို ရှာရမည်ဖြစ်ကြောင်း၊ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် မတည်မငြိမ်ဖြစ်နေခြင်းနှင့် စစ်ဖြစ်ပွားနေခြင်း၊ မြန်မာ့ပြည်တွင်းရေးအပေါ် ပြည်ပအင်အားစု ဝင်ရောက် စွက်ဖက်ခြင်းကို ဆန့်ကျင်သလို တရုတ်-မြန်မာ ဆက်ဆံရေးအား သွေးကွဲအောင် လုပ်ဆောင်နေမှုနှင့် တရုတ်နိုင်ငံအပေါ် မဟုတ်မမှန် ပြောဆိုလုပ်ကြံတိုက်ခိုက်နေမှု မှန်သမျှကို ဆန့်ကျင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်သွားလိုကြောင်း၊ ရပ်ဝန်းနှင့်ပိုးလမ်းမ အပါအဝင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းကြီးများ အတူတည်ဆောက်ရေးဖော်ဆောင်မှုကို အရှိန်မြှင့်ရန်၊ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း လည်ပတ်မှုကို ကောင်းမွန်စွာ ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံ၏ ပြည်သူ့နေထိုင်မှုဘဝကို ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး လက်တွေ့အကျိုးရလဒ်များ ပိုမို ရရှိရေး တွန်းအားပေး ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအလည်အပတ် ခရီးစဉ်ကာလအတွင်း ဝမ်ရိသည် မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်လည်းကောင်း၊ မြန်မာနိုင်ငံ ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ (အငြိမ်းစား) ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။ (Xinhua)

မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ

မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

……………………………….
(Chinese Version)

缅甸领导人敏昂莱会见王毅
新华社内比都8月14日电(记者张东强 黎广滔)8月14日,缅甸领导人敏昂莱在内比都会见中共中央政治局委员、外交部长王毅。
敏昂莱表示,缅甸高度重视对华关系,致力于发展缅中友好,坚定奉行一个中国原则,愿永远做中国可以信赖的友好邻邦。明年将迎来缅中建交75周年,双方可共同举办庆祝活动,弘扬传统友好,推动两国关系取得更大发展。感谢中方为推动缅北和谈发挥的建设性作用,期待中方继续支持缅维护国内稳定,实现政治和解。缅方也愿继续同中方合作,共同打击网赌电诈等跨国犯罪,绝不允许任何有损中国安全和利益的行为。
王毅表示,中国对缅友好政策面向全体缅甸人民,坚持不干涉内政原则,尊重缅甸政治传统和缅方根据本国国情选择的发展道路。中方坚定支持缅甸维护独立、主权、国家统一和领土完整,坚定支持缅甸致力于国内和平稳定、实现经济发展,坚定支持缅方在宪法框架下推进新的“五点路线图”,早日实现政治和解、恢复民主转型进程,找到实现长治久安的道路。作为友好邻邦,中方反对缅甸生乱生战,反对域外势力干涉缅内政,反对任何企图离间中缅关系、抹黑污蔑中国的言行。
王毅说,中方愿同缅方深化各领域合作,加快实施共建“一带一路”和中缅经济走廊大项目,运营好中缅油气管道,助缅改善民生,推动中缅命运共同体建设取得更多实实在在的成果。
访缅期间,王毅同缅甸副总理兼外长丹穗举行会谈,并会见了缅甸前国家和平与发展委员会主席丹瑞。(完)