Connect with us

Africa & Middle East

ပါလက်စတိုင်း လေးသောင်းကျော် အသက်ဆုံးရှုံးခဲ့ပြီဖြစ်ရာ ဂါဇာပဋိပက္ခ အမှန်ပင် ဖြေရှင်း၍ မရနိုင်တော့ပြီလော

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း ဂါဇာမြို့တွင် အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူများအတွက် ဝမ်းနည်းနေကြသူများအား ၂၀၂၄ ခုနှစ် ဩဂုတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်/ဂါဇာ၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
လွန်ခဲ့သည့်နှစ် အောက်တိုဘာလ၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အသစ်တစ်ဖန် ဖြစ်ပွားသည့် အချိန်မှစ၍ အစ္စရေးတပ်၏ ဂါဇာကမ်းမြောင်ဒေသ စစ်ရေးလှုပ်ရှားမှုများကြောင့် ပါလက်စတိုင်း လေးသောင်းကျော် သေဆုံးခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးများ ပို၍ ဆိုးရွားလျက်ရှိကြောင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာန၏ ဩဂုတ် ၁၅ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

စစ်မက်မီးလျှံ ပျံ့နှံ့နေပြီး ပဋိပက္ခအရှိန် ပြင်ပသို့ ယိုလျှံသက်ရောက်မှုများ လျင်မြန်စွာ ဖြစ်ပေါ်လျက်ရှိရာ လက်ဘနွန်-အစ္စရေး၊ ဆီးရီးယား-အစ္စရေး၊ ပင်လယ်နီ စသည့် နေရာများတွင် သတိပေးချက်များ အကြိမ်ပေါင်းများစွာ ထွက်ပေါ်လျက်ရှိသည်။ ဟားမက်စ် နိုင်ငံရေးဗျူရို ခေါင်းဆောင် Ismail Haniyeh မကြာသေးမီက အီရန်တွင် လုပ်ကြံခံရ၍ သေဆုံးသွားခြင်းသည် အခြေအနေများ၏ အန္တရာယ်ကို အဆုံးစွန် ရောက်ရှိသွားစေခဲ့သည်။ ဂါဇာအပစ်ရပ်ရေး အဘယ်ကြောင့် ခက်ခဲနေသနည်း။ စေ့စပ်ညှိနှိုင်းမှုများ အဘယ်တွင် ပိတ်မိနေပါသနည်း။ ပို၍ ပြင်းထန်၊ ပို၍ ကျယ်ပြန့်သည် ပဋိပက္ခများ ဖြစ်ပွားလာမည်လော။ အဖြေရှာကြည့်ရအောင် ။

စစ်ရေးကို အချိန်ဆွဲ၍ အဘယ်ကြောင့် မဖြေရှင်းသနည်း

ရေရှည်အပစ်ရပ်ရေး ချက်ချင်းဖော်ဆောင်ရန်မှာ ဂါဇာပြည်သူလူထု၏ အပူတပြင်းမျှော်လင့်နေသည့် အရာဖြစ်သလို နိုင်ငံအသိုက်အဝန်း၏ သောင်ပြိုကမ်းပြိုရှိထားသည့် သဘောတူညီချက်လည်း ဖြစ်ပေသည်။ သို့သော် အစ္စရေးအနေဖြင့် တစ်ဖက်တွင် စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်ဆောင်ရွက်မည်ဟု သဘောတူထားပြီး တစ်ဖက်တွင်လည်း ဂါဇာကမ်းမြောင်ကို ဆက်လက် ထိုးစစ်ဆင်လျက်ရှိသည်။

အစ္စရေးဘက်က ဩဂုတ် ၉ ရက်တွင် စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်စတင်မည်ဟု သဘောတူခဲ့သော်လည်း ဩဂုတ် ၁၀ ရက်တွင် ဂါဇာမြို့ရှိ စာသင်ကျောင်း တစ်ကျောင်းကို ဟားမက်စ် အဖွဲ့ဝင်များ ပုန်းအောင်းရာနေရာတစ်ခုဖြစ်သည်ဟုဆိုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည်။ အပစ်အခတ်ရပ်စဲရေးနှင့် ထိန်းသိမ်းထားသူများ ပြန်လည်လွှတ်ပေးရေး စေ့စပ်ညှိနှိုင်းမှု ဆွေးနွေးပွဲသစ် မစတင်မီ ဩဂုတ် ၁၄ ရက်တွင် ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများကို အစ္စရေးတပ်က စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ လူအများအပြား သေဆုံး ဒဏ်ရာရခဲ့သည်။

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အသစ်တစ်ဖန်ဖြစ်ပွားသည့် အစောပိုင်းကာလကို ပြန်ပြောင်းကြည့်မည်ဆိုလျှင် အစ္စရေးအစိုးရက အရန်စစ်သည် ၃၆,၀၀၀ ကို စည်းရုံးခဲ့ရာ ၎င်းမှာ အစ္စရေးနိုင်ငံ တည်ထောင်ပြီး ၇၅ နှစ်ကြာကာလ၌ “အကြီးမားဆုံးသော အရန်စစ်သည်အင်အားစုဆောင်းခြင်း” ဖြစ်သည်။ ပဋိပက္ခ ဖြစ်ပွားသည့်အချိန်မှစ၍ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသ စစ်ရေးလှုပ်ရှားမှုမှာ ဟားမက်စ်ကို ချေမှုန်းရန်၊ ထိန်းသိမ်းခံထားရသည့် အစ္စရေးတို့အား ကယ်ဆယ်ရန်၊ ဂါဇာကမ်းမြောင်ဒေသသည် အစ္စရေးအတွက် လုံခြုံရေးခြိမ်းခြောက်မှု ထပ်မံ မရှိစေရန် ဟူသော ရည်ရွယ်ချက်သုံးခုရှိကြောင်း အဖန်တလဲလဲ အလေးထားပြောကြားခဲ့သည်။

စစ်ရေးအချိန်ဆွဲပြီး ဖြေရှင်းမှုမရှိခြင်း၊ ထိန်းသိမ်းခံထားရသူများ အချိန်ကာလကြာသည့်တိုင် ပြန်လည်လွတ်မြောက်လာမှုမရှိခြင်း၊ စီးပွားရေးနှင့် ပြည်သူ့စားဝတ်နေရေး ပြင်းထန်စွာ ရိုက်ခတ်ခံရခြင်း၊ စစ်ရေးလှုပ်ရှားမှုကြောင့် ပါလက်စတိုင်းအရပ်သား အများအပြား သေဆုံးဒဏ်ရာရခြင်း၊ အစ္စရေးနိုင်ငံ၏ပုံရိပ် ဆိုးရွားစွာ ပျက်စီးလာခြင်း၊ သံတမန်ရေးတွင် “ဘေးကျပ်နံကျပ်” “အများဆန့်ကျင်ဖယ်ခွာခံရခြင်း” စသည်တို့ကြောင့် အစ္စရေးနိုင်ငံ ပြည်တွင်းပဋိပက္ခ မျိုးစုံ ပို၍ ပြင်းထန်လာခြင်း၊ လူမှုအသိုက်အဝန်းခွာပြဲမှုများ တစ်ဆင့်တိုး ပို၍ ဆိုးရွားလာခြင်းသည် နေတန်ယာဟု အစိုးရကို ပြည်သူ့ဆန္ဒဆုံးရှုံးရမည့်အန္တရာယ်နှုတ်ခမ်းဝကို ရောက်ရှိနေပြီဖြစ်သည်။

အစ္စရေးလက်ယာယိမ်းအစိုးရက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အဓိက အတားအဆီးဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဖိအားပိုပေး၍ အပစ်ရပ်ရေး သဘောတူညီမှုရရှိအောင် တွန်းအားပေးဆောင်ရွက်သင့်ကြောင်း အစ္စရေး ဒေသတွင်း နိုင်ငံခြားရေးမူဝါဒဆိုင်ရာ သုတေသနဌာန ဌာနမှူး Nimrod Goren က ဆင်ဟွာကို ပြောသည်။

အပစ်ရပ်ရေး စေ့စပ်ညှိနှိုင်းမှုများ အဘယ်တွင် ပိတ်မိနေပါသနည်း
လွန်ခဲ့သည့်နှစ် နိုဝင်ဘာလတွင် ဟားမက်စ်နှင့် အစ္စရေးတို့အကြား ခေတ္တ အပစ်အခတ်ရပ်စဲပြီး ထိန်းသိမ်းထားသူအချို့ကို နှစ်ဖက်အပြန်အလှန် လွှတ်ပေးခဲ့ကြသည်။ သို့သော် နောက်ပိုင်း စေ့စပ်ညှိနှိုင်းမှုများတွင် အကြိမ်ကြိမ် ရပ်တန့်သွားရသည့် အကြောင်းရင်းများအနက် တစ်ခုမှာ အစ္စရေးက ဟားမက်စ်ကို အမြစ်ပြတ်ချေမှုန်းမည်ဟု ပြောဆိုနေခြင်း၊ ထာဝရအပစ်ရပ်ရန် ထပ်ခါတလဲလဲ ငြင်းပယ်နေခြင်းကြောင့် ဖြစ်ပေသည်။
ထို့အပေါ် ဇူလိုင်လတွင် ဟားမက်စ်က “အလျှော့ပေး” ခဲ့ရာ “အစ္စရေးအနေဖြင့် ထာဝရအပစ်ရပ်ရေးကို ဦးဆုံး ကတိပြုပါမှ သဘောတူညီချက်တွင် ဟားမက်စ် လက်မှတ်ထိုးနိုင်မည်” ဟူသော အဓိကတောင်းဆိုချက်ကို စွန့်လွှတ်ခဲ့သည်။ ထိုစဉ်က မီဒီယာများက ဟားမက်စ်၏ လိုက်လျောအလျှော့ပေးမှုသည် ဂါဇာဒေသအတွက် လွန်ခဲ့သည့်နှစ် နှစ်ကုန်ပိုင်းမှစ၍ ပထမဆုံးအကြိမ် အပစ်ရပ်ရေးနှင့် နောက်ပိုင်း စေ့စပ်ညှိနှိုင်းရေးအတွက် လမ်းခင်းပေးနိုင်မည်ဟု ကြိုတင်မျှော်လင့်ထားကြသည်။

သို့သော် အစ္စရေးအနေဖြင့် နေရပ်စွန့်ခွာသွားခဲ့ရသည့် ပါလက်စတိုင်းများ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းသို့ ပြန်လာချိန်တွင် စစ်ဆေးမှုခံယူရန်၊ အီဂျစ်နှင့် နယ်မြေချင်းဆက်စပ်နေသည့် Philadelphi စင်္ကြံ ထိန်းချုပ်ရေးစသည့် ကိစ္စရပ်များအပါအဝင် တောင်းဆိုချက် အချို့ကို ထပ်မံတောင်းဆိုခဲ့သည်။ ယင်း တောင်းဆိုချက်အသစ်များက စေ့စပ်ညှိနှိုင်းမှုကို နောက်ထပ်တစ်ဖန် ရှေ့ဆက်မရအောင် ပိတ်မိစေခဲ့ကြောင်း ဘီဘီစီ သတင်းဌာနက သတင်းအရင်းအမြစ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဩဂုတ် ၁၂ ရက်တွင် ဖော်ပြခဲ့သည်။

ဟားမက်စ်တို့က ဆွေးနွေးပွဲများ ပို၍ ကျင်းပခြင်း သို့မဟုတ် နည်းလမ်းသစ်များ အဆိုပြုခြင်း မဟုတ်ဘဲ ယခင်ဆွေးနွေးမှုရလဒ်များအပေါ် လက်တွေ့ဖော်ဆောင်ရေး အစီအစဉ် သတ်မှတ်ရေးဆွဲရန်နှင့် အစ္စရေး မဖြစ်မနေ လက်တွေ့ဆောင်ရွက်ရန် ကြားဝင်စေ့စပ်ပေးသူများအား ဩဂုတ် ၁၁ ရက်တွင် တောင်းဆိုခဲ့သည်။ စေ့စပ်ဆွေးနွေးမှု လုပ်ငန်းစဉ်တစ်ခုလုံးတွင် တစ်ခါမျှ အဆိုမပြုဘူးသည့် တောင်းဆိုချက်သစ်များကို တောင်းဆိုပြီး ဂါဇာကမ်းမြောင်ကို ဆက်လက်တိုက်ခိုက်နေခြင်း၊ ဟားမက်စ် နိုင်ငံရေးဗျူရို ခေါင်းဆောင် Ismail Haniyeh ကို လုပ်ကြံခြင်းတို့မှာ အစ္စရေးအနေဖြင့် စစ်ပွဲ ဆက်လက်ဆင်နွှဲလိုခြင်းနှင့် အပစ်ရပ်ရေး သဘောတူညီချက်ရယူလိုသည့် ဆန္ဒမရှိကြောင်းကို သက်သေပြုနေကြောင်း ဟားမက်စ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဂါဇာအပစ်ရပ်ရေး ဆွေးနွေးပွဲသစ်ကို ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌ ဩဂုတ် ၁၅ ရက်တွင် ကျင်းပရန် သတ်မှတ်ထားသည်။ အဆိုပါဆွေးနွေးပွဲကို အစ္စရေး၊ ကာတာ၊ အမေရိကန်နှင့် အီဂျစ်နိုင်ငံများမှ အရာရှိများ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ ဟားမက်စ်အနေဖြင့် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်မဟုတ်ကြောင်း ဟားမက်စ် အရာရှိများက ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသတွင် ဘက်စုံတိုက်ပွဲများ ဖြစ်ပွားလာနိုင်မည်လော

အီရန်အနေဖြင့် အစ္စရေးကို လက်စားချေ တိုက်ခိုက်မှု ပြုမည်၊ မပြုမည်ဆိုသည်မှာ အစ္စရေးနှင့် ဟားမက်စ် အပစ်ရပ်ရေး သဘောတူညီချက် ရရှိမည်၊ မရှိမည်နှင့် သက်ဆိုင်ကြောင်း အီရန် အဆင့်မြင့် အရာရှိက ဆိုသည်။
အီရန်ဘက်က အဆိုပါ ရပ်တည်ချက်မှာ အမည်မဖော်လိုသည့် အီရန် အဆင့်မြင့်အရာရှိ သတင်းအရင်းအမြစ် ၃ ဦး ပြောကြားချက်ဖြင့် ရိုက်တာ သတင်းဌာနက ဩဂုတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ အကယ်၍ ဂါဇာကမ်းမြောင် အပစ်ရပ်ရေး ဆွေးနွေးမှု မအောင်မြင်ခဲ့လျှင် သို့မဟုတ် ဆွေးနွေးပွဲကို အစ္စရေးက ရည်ရွယ်ချက်ရှိရှိ အချိန်ဆွဲထားမည်ဆိုလျှင် အီရန်နှင့် ၎င်း၏ မဟာမိတ်ဖြစ်သည့် လက်ဘနွန် ဟစ်ဇ်ဘိုလာတို့က အစ္စရေးကို တိုက်ရိုက် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း သတင်းအရင်းအမြစ် တစ်ဦးက ဆိုသည်။ အီရန်ဘက်က ဆွေးနွေးပွဲဖြစ်မြောက်ရေးကာလ မှတ်ချက်ကိုမူ အဆိုပါအရာရှိက ပြောဆိုခြင်းမရှိခဲ့ပေ။

ဇူလိုင် ၃၁ ရက်က အီရန်နိုင်ငံ တီဟီရန်မြို့တွင် ဟားမက်စ် နိုင်ငံရေးဗျူရို ခေါင်းဆောင် Ismail Haniyeh လုပ်ကြံခံခဲ့ရသည်။ ဟားမက်စ်နှင့် အီရန်တို့က ယင်းလုပ်ကြံမှုမှာ အစ္စရေး၏လက်ချက်ဖြစ်သည်ဟု သတ်မှတ်ထားသည်။ ထို့အပေါ် အစ္စရေးက ဝန်ခံခြင်းမရှိသလို ငြင်းပယ်ခြင်းလည်း မပြုပေ။ Ismail Haniyeh လုပ်ကြံခံရမည့်နေ့မတိုင်မီ တစ်ရက်က လက်ဘနွန် ဟစ်ဇ်ဘိုလာ အဆင့်မြင့်စစ်ရေးအရာရှိ တပ်မှူးတစ်ဦး အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးခဲ့သည်။ အီရန်၊ ဟားမက်စ်နှင့် လက်ဘနွန် ဟစ်ဇ်ဘိုလာ စသည်တို့က အစ္စရေးအပေါ် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမည် ဖြစ်ကြောင်း ကျိန်ဆိုပြောကြားခဲ့သည်။

ဗြိတိန် Cardiff တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပညာရှင် Amal Saad က အစ္စရေး၏ “ပစ်မှတ်ထား ရှင်းလင်းမှု” များ ဆက်လက်လုပ်ဆောင်မှုကို တားဆီးရန် အီရန်အနေဖြင့် “Axis of Resistance” မဟာမိတ်အဖွဲ့နှင့်အတူ လှုပ်ရှားနိုင်ကြောင်း၊ သို့သော် တစ်ချိန်တည်းတွင်ပင် လက်စားချေတုံ့ပြန်မှုများ စစ်ပွဲအဆင့် တိုးမြင့်မလာရန် ရှောင်ရှားနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အီရန်နှင့် လက်ဘနွန် ဟစ်ဇ်ဘိုလာတို့သည် “(အစ္စရေးဝန်ကြီးချုပ်) နေတန်ယာဟုရဲ့ ထောင်ချောက်ထဲကို ဝင်ရောက်ချင်မည်” မဟုတ်သလို အမေရိကန်ကို စစ်ပွဲထဲဆွဲသွင်းရန် အစ္စရေးကို အခွင့်အရေးပေးချင်မည် မဟုတ်ကြောင်း ယူဆသည်။

“Axis of Resistance” သည် အီရန်ဦးဆောင်သည့် အစ္စရေးဆန့်ကျင်ရေး မဟာမိတ်ဖြစ်ပြီး ဟားမက်စ်၊ ဟစ်ဇ်ဘိုလာ၊ ယီမင် ဟူသီလက်နက်ကိုင်နှင့် အီရတ် ပြည်သူ့စစ်အဖွဲ့အချို့ ပါဝင်သည်။

အစ္စရေး Eyal Zisser တက္ကသိုလ် အရှေ့အလယ်ပိုင်းဒေသအရေး ကျွမ်းကျင်သူ ပညာရှင် Tel Aviv က အကယ်၍ အီရန်၏ အစ္စရေးလက်တုံ့ပြန်လှုပ်ရှားမှုအတိုင်းအတာက အကန့်အသတ်ရှိမည်ဆိုလျှင် အစ္စရေးအနေဖြင့်လည်း အကန့်အသတ်ဖြင့် ပြန်လည်တိုက်ခိုက်နိုင်ကြောင်း၊ အစ္စရေး-အီရန် တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်မှုက ဧပြီလတွင် ဖြစ်ပွားသကဲ့သို့ပင် “အလျင်အမြန်တိုက်ခိုက် အလျင်အမြန် ပြီးဆုံး” နိုင်ကြောင်း၊ သို့သော် ဂါဇာ ပဋိပက္ခနှင့် အစ္စရေး-လက်ဘနွန် နယ်စပ်တင်းမာမှုအခြေအနေများက ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ယူဆသည်။

ယခုနှစ် ဧပြီ ၁၃ ရက်တွင် အီရန်က အစ္စရေးကို ဒုံးကျည်နှင့် ဖောက်ခွဲနိုင်သည့် ဒရုန်းယာဉ်များဖြင့် တိုက်ခိုက်ပြီး ဆီးရီးယားနိုင်ငံဆိုင်ရာ အီရန်သံတမန်အဆောက်အဦအား အစ္စရေးတိုက်ခိုက်မှု စသည့် စစ်ရေးလှုပ်ရှားမှုများအပေါ် လက်တုံ့ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်၏ ပြောကြားချက်များအရ အီရန်မှ ဒုံးကျည်နှင့် ဒရုန်း ရာနှင့်ချီပစ်လွှတ်ခဲ့သော်လည်း အများစုမှာ ကြားဖြတ်ဟန့်တားခံခဲ့ရကြောင်း သိရသည်။

လက်ရှိ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ဂါဇာအခြေအနေအပေါ် စိုးရိမ်မှုထက် အီရန်နှင့် လက်ဘနွန် ဟစ်ဇ်ဘိုလာက အစ္စရေးကို ကြီးကြီးမားမားတိုက်ခိုက်နိုင်မှုအပေါ် ပို၍ စိုးရိမ်ကြကြောင်း၊ အစ္စရေးနှင့် ဟားမက်စ်တို့အကြား အပစ်ရပ်ရေးနှင့် ထိန်းသိမ်းခံထားရသူများ ပြန်လွှတ်ရေးဆိုင်ရာ သဘောတူညီချက်များရရှိအောင် လျင်မြန်စွာဆောင်ရွက်သင့်ကြောင်း၊ ထို့နောက် ယင်းသဘောတူညီချက်ဖြင့် အစ္စရေးနှင့် လက်ဘနွန် ဟစ်ဇ်ဘိုလာတို့၏ အခြေအနေတင်းမာမှုများကို လျှော့ချရမည် ဖြစ်ကြောင်း Nimrod Goren က ယူဆသည်။ (Xinhua)


…………………………….
(Chinese Version)
解局 | 逾4万巴勒斯坦人丧生!加沙冲突真的无解?
新华社耶路撒冷/加沙8月15日电 巴勒斯坦加沙地带卫生部门15日发布的数据显示,去年10月新一轮巴以冲突爆发以来,以军在加沙地带的军事行动已造成逾4万巴勒斯坦人死亡,人道灾难持续加剧。
战火弥漫,冲突外溢效应加速,黎以、叙以、红海,多个方向频现警报。哈马斯政治局领导人哈尼亚不久前在伊朗遇刺身亡更令局势危如累卵。加沙为何停火难?谈判卡在哪?更高烈度、更大范围的冲突会不会爆发?请看解局——
战事为何久拖不决?
立即实现持久停火,是加沙民众的迫切期盼,也是国际社会压倒性共识。然而,以色列一方面答应恢复谈判,另一方面继续在加沙地带的攻势。
以色列方面9日同意重启停火谈判,却在10日轰炸加沙城一所学校,声称那里是哈马斯成员的藏身地之一,造成上百人死亡。14日,新一轮停火及释放被扣押人员谈判前一天,以军继续在加沙地带中部和南部展开军事行动,导致多人伤亡。
回到2023年10月新一轮巴以冲突爆发之初,以色列政府动员36万名预备役军人,是建国75年来“最大规模预备役征召行动”。冲突爆发以来,以色列反复强调在加沙地带军事行动有三大目标:消灭哈马斯、解救所有被扣押以方人员、加沙地带不再对以构成安全威胁。
随着战事久拖不决、被扣押人员迟迟未能获释、经济和民生受到重创、军事行动导致大量巴方平民伤亡、以色列国家形象严重受损、外交“四面楚歌”“众叛亲离”等,以色列国内各类矛盾再度激化、社会撕裂进一步加剧,内塔尼亚胡政府实已处于民意的“火山口”。
对深陷危机的内塔尼亚胡政府而言,加沙地带军事行动目标能否实现很大程度上关乎其政权存废。在这个角度,便不难理解内塔尼亚胡政府为何不顾国际社会强烈反对而执意将加沙地带军事行动进行到底。
以色列区域外交政策研究所所长尼姆罗德·戈伦告诉新华社记者,以色列右翼政府是和平进程的重要障碍,国际社会应进一步施压、推动停火协议达成。
停火谈判卡在哪儿?
去年11月,哈马斯和以色列短暂停火,双方互释一些在押人员。但后续谈判屡次陷入停滞的原因之一,是以色列声称要彻底消灭哈马斯,反复拒绝永久停火。
哈马斯7月作出“让步”,放弃“以色列必须首先承诺永久停火,哈马斯才会同意签署协议”这一关键要求。媒体当时预期,哈马斯的妥协可能令加沙地带迎来自去年年末以来首次停火并为后续谈判铺路。
然而,以色列又提出了一些条件,包括流离失所的巴勒斯坦人返回加沙地带北部时应该接受筛查以及与埃及接壤的费城走廊的控制问题等。英国广播公司12日援引消息人士的话报道说,这些新提出的条件导致谈判再陷僵局。
哈马斯11日要求斡旋方就先前谈判结果制订落实计划并强制以色列执行,而不是举行更多谈判或提出新方案。它在声明中说,以方提出了在整个谈判过程中从未提出的新条件并且继续袭击加沙地带、暗杀哈马斯政治局领导人哈尼亚,这些都证实了以方继续战争和不愿达成停火协议的意图。
新一轮加沙停火谈判定于15日在卡塔尔首都多哈举行。据报道,与会者包括以色列、卡塔尔、美国和埃及的官员。哈马斯多名官员说,哈马斯不派代表参加。
中东会否全面开打?
伊朗高级官员称,伊朗是否对以色列发动报复性打击,与以色列能否和哈马斯达成加沙停火协议相关联。
路透社13日以3名不愿公开身份的伊朗高级官员为消息源报道伊方上述立场。其中一名伊朗安全部门高级官员说,如果加沙地带停火谈判失败或以色列蓄意拖延谈判,伊朗及其盟友黎巴嫩真主党将向以色列发动直接打击。这名官员没有说明伊朗方面认定的谈判期限。
7月31日,哈马斯政治局领导人哈尼亚在伊朗首都德黑兰遇袭身亡。哈马斯和伊朗均指认暗杀是以色列所为。以方对此既不承认也未否认。在哈尼亚遇刺前一天,黎巴嫩真主党一名高级军事指挥官在以军空袭中被炸死。伊朗、哈马斯和黎巴嫩真主党等誓言对以色列施以强力报复。
英国卡迪夫大学国际关系专家阿迈勒·萨阿德表示,伊朗很可能会与“抵抗之弧”盟友协同行动,以阻止以色列继续实施类似“定点清除”的政策,但同时会尽可能避免报复行动升级为战争。因为伊朗和黎巴嫩真主党不想“落入内塔尼亚胡的圈套”,让以方乘机把美国直接拖进战争。
“抵抗之弧”是伊朗主导的一个抗以联盟,包括哈马斯、真主党、也门胡塞武装以及一些伊拉克民兵武装。
以色列特拉维夫大学中东问题专家埃亚勒·齐塞尔认为,如果伊朗对以色列的报复规模有限,以色列也将有限还击,以伊直接对抗会如同4月那次一样“速战速决”,但加沙冲突和以黎边境的紧张局势还将持续。
今年4月13日,伊朗向以色列发射导弹和爆炸式无人机,报复以色列袭击伊朗驻叙利亚外交建筑等军事行动。按照以军说法,伊朗共发射了数百枚导弹和无人机,不过大多数遭到拦截。
戈伦认为,当前国际社会对伊朗和黎巴嫩真主党可能向以色列发动大规模袭击的关注已经超过对加沙局势的关注,以色列和哈马斯之间应尽快达成停火和释放被扣押人员的相关协议,然后利用该协议缓解以色列与黎巴嫩真主党的紧张局势。(记者:王卓伦、黄泽民、惠晓霜、王逸君、胡若愚;视频:王沛)
1. 8月12日,在加沙地带北部加沙城,人们哀悼以军袭击中的遇难者。新华社发(马哈茂德·扎基摄)