Connect with us

Africa & Middle East

ပဋိပက္ခနှင့် ရေကြီးမှုများက ဆူဒန်နိုင်ငံတွင် ကာလဝမ်း ကပ်ရောဂါကို ပိုမိုဆိုးရွားစေ

ဆူဒန်နိုင်ငံ မြောက်ပိုင်း နိုင်းမြစ်ပြည်နယ် အဘူဟာမက်မြို့၌ ရေကြီးမှုပြီးနောက် မြင်ကွင်းကို သြဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ဆူဒန်နိုင်ငံ အချုပ်အခြာအာဏာပိုင်ကောင်စီ)

ပေကျင်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
မကြာသေးမီက ဆူဒန်နိုင်ငံတွင် ကာလဝမ်း ကပ်ရောဂါဖြစ်ပွားမှုကြောင့် လူ ၂၀ ကျော် သေဆုံးပြီး လူ ၃၀၀ ကျော် ကူးစက်ခံထားရကြောင်း ဆူဒန်ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၂၀ ရက်၌ ပြောကြားခဲ့သည်။
လက်နက်ကိုင်ပဋိပက္ခများဆက်တိုက်ဖြစ်ပွားမှုနှင့် ရာသီအလိုက် မိုးသည်းထန်စွာရွာသွန်းမှုမှတစ်ဆင့် ဖြစ်ပွားနေသော ရေကြီးမှုများသည် ကာလဝမ်းရောဂါ စသည့် ရောဂါများ ပျံ့နှံ့မှုကို ပိုမိုဆိုးရွားစေသည်။

အနည်းဆုံး လူရာနှင့်ချီ ကူးစက်ခံနေရ
ဆူဒန်နိုင်ငံတစ်ဝန်းတွင် အနည်းဆုံး လူပေါင်း ၃၅၄ ဦး ကာလဝမ်းရောဂါကူးစက်ကြောင်း အတည်ပြုခဲ့ပြီး အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့ကြောင်း ဆူဒန်ကျန်းမာရေးဝန်ကြီး Ibrahim Khatir က ဩဂုတ် ၁၈ ရက် ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ရာသီဥတုအခြေအနေနှင့် သောက်သုံးရေ ညစ်ညမ်းခံရမှုကြောင့် ဆူဒန်နိုင်ငံတွင် ကာလဝမ်း ကပ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း ပြီးခဲ့ရက်တွင် Ibrahim က ကြေညာခဲ့သည်။

ဓာတ်ခွဲခန်းတွင် ကာလဝမ်းရောဂါဖြစ်စေသော ဗိုင်းရပ်စ်ပိုး (Vibrio cholerae) ကို ရှာဖွေတွေ့ရှိပြီးနောက် အစိုးရသည် အရှေ့ပိုင်း Kassala ပြည်နယ်အစိုးရ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် ကာလဝမ်းရောဂါသည် ကပ်ရောဂါအဖြစ် ဖြစ်ပွားနေကြောင်း အတည်ပြုခဲ့သည်ဟု Ibrahim က ပြောကြားခဲ့သည်။ ယခုအကြိမ် ကပ်ရောဂါသည် Kassala ပြည်နယ်တွင် ပထမဆုံးဖြစ်ပွားပြီး နောက်ပိုင်း နိုင်ငံတစ်ဝန်းရှိ ပြည်နယ် ၅ ခုရှိ ဒေသ ၉ ခုသို့ပျံ့နှံ့ခဲ့ကြောင်း အေပီ သတင်းဌာန၏ သတင်းများ အရ သိရသည်။ ဆူဒန်အစိုးရနှင့် ကပ်ဘေးဒဏ်သင့်ပြည်နယ်များသည် အရေးပေါ် အစီအမံများကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ယခင်က တင်ပြခဲ့သော သက်ဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များသည် ဆူဒန်အစိုးရမှ ယခုထုတ်ပြန်ကြေညာသော ကိန်းဂဏန်းအချက်အလက်ထက် များစွာ ပိုများနေသည်။
ဆူဒန်နိုင်ငံတွင်း ကာလဝမ်းရောဂါဖြစ်ပွားသူ ၁၁,၃၂၇ ဦးရှိပြီး ၎င်းအနက် သေဆုံးသူ ၃၁၆ ဦး ရှိကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်ဟု WHO ပြောရေးဆိုခွင့်ရှိသူ Margaret Harris က ဩဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အမှန်တကယ်ရောဂါ ကူးစက်မှုနှင့် သေဆုံးမှုအရေအတွက်မှာ ပိုများနိုင်ကြောင်း WHO က ခန့်မှန်းထားသည်။

ကာလဝမ်းရောဂါသည် Vibrio cholerae ကြောင့် ဖြစ်ပွားသော ပြင်းထန်သော အူလမ်းကြောင်း ကူးစက်ရောဂါဖြစ်ပြီး အဓိကအားဖြင့် မသန့်ရှင်းသော ရေအရင်းအမြစ်များနှင့် အစားအစာများမှတစ်ဆင့် ကူးစက်တတ်ပြီး လူနာအနေဖြင့် အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းနှင့် အဖျားတက်ခြင်း စသည့် ရောဂါလက္ခဏာများ မကြာခဏဖြစ်တတ်ပြီး ပြင်းထန်သောရောဂါလက္ခဏာများနှင့် ကုသမှု နှောင့်နှေးခြင်းတို့ကြောင့် သေဆုံးနိုင်သည်။
စစ်ပွဲနှင့် ရေကြီးခြင်း ထပ်ဆင့် သက်ရောက်မှု
ရက်သတ္တပတ်အနည်းငယ်အတွင်း ရာသီအလိုက်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေမှုကြောင့် ဖြစ်ပွားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းများက ဆူဒန်နိုင်ငံတွင် ကာလဝမ်းရောဂါ စသည့်ရောဂါများ ပျံ့နှံ့မှုကို ပိုမိုဆိုးရွားစေခဲ့ကြောင်း ပြည်ပမီဒီယာအများအပြား၏ဖော်ပြချက်အရ သိရသည်။ ဆူဒန်အစိုးရသည် နိုင်ငံတကာအသိုက်အဝန်းအား အရေးပေါ်ပံ့ပိုးကူညီမှုများ ချက်ချင်းပေးအပ်ရန် တောင်းဆိုခဲ့ပြီးဖြစ်သည်။

ရေကြီးမှုသည် ဆူဒန်နိုင်ငံရှိ ပြည်နယ် ၁၂ ခုအား ရိုက်ခတ်ခဲ့သောကြောင့် သေဆုံးသူ ဒါဇင်နှင့်ချီရှိခဲ့ပြီး နေရာအများအပြားမှ အဓိက အခြေခံအဆောက်အဦများ ပျက်စီးစေခဲ့သည်။
ဆူဒန်နိုင်ငံတွင် ရေကြီးမှုကြောင့် လူပေါင်း ၁၁၈,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂ လူဝင်မှုကြီးကြပ်ရေးအေဂျင်စီ၏ စာရင်းဇယားများအရ သိရသည်။ ရေကြီးမှုကြောင့် အထူးသဖြင့် ကလေးများတွင် ဝမ်းပျက်ဝမ်းလျှောစသည့် ရောဂါများ တိုးမြင့်လာကြောင်း အေအပ်ဖ်ပီသတင်းဌာနက ဖော်ပြထားသည်။

ဆူဒန်နိုင်ငံသည် ရေရှည် စစ်ပွဲများ၏ ဖျက်ဆီးခြင်းကိုခံခဲ့ရပြီး ယခုအကြိမ် ပဋိပက္ခသည် ၂၀၂၃ ခုနှစ် ဧပြီလတွင် ဖြစ်ပွားခဲ့ရာ ပဋိပက္ခဖြစ်ပွားသော ဆူဒန်စစ်တပ် (SAF) နှင့် ဆူဒန် Rapid Support Forces (RSF) တို့ကြောင့် လူပေါင်း ၁၈,၈၀၀ ခန့် သေဆုံးခဲ့ရပြီး လူပေါင်း ၁၀.၁၇ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဆိုးရွားလှသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့သည်။ ဆူဒန်နိုင်ငံ၏ ကျန်းမာရေးစနစ်ကိုလည်း ပြင်းထန်စွာ ထိခိုက်စေခဲ့ပြီး နိုင်ငံအတွင်းရှိ ဆေးရုံ ထက်ဝက်ကျော်ခန့်မှာ လုပ်ငန်းလည်ပတ်မှု ရပ်တန့်ခဲ့ပြီးဖြစ်ရာ လူပေါင်းသန်း ၂၀ ခန့်သည် ဆေးဝါးနှင့် ကျန်းမာရေး ဝန်ဆောင်မှုများကို ရယူရန် ခက်ခဲလှပြီး ကူးစက်ရောဂါ အမျိုးမျိုး ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပျံ့နှံ့ခဲ့သည်။
ဆူဒန်နိုင်ငံတွင် လူပေါင်း ၂၅ သန်းကျော်သည် ဆိုးရွာလှသော ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရရာ စုစုပေါင်း လူဦးရေ၏ ထက်ဝက်ကျော်ရှိကြောင်း အေအပ်ဖ်ပီသတင်းဌာန သတင်းအရ သိရသည်။ ဆူဒန်နိုင်ငံ ဒါဖာဒေသရှိ ဒုက္ခသည်စခန်းတစ်ခုတွင် အငတ်ဘေး ကြုံနေရပြီဖြစ်ကြောင်း ကုလသမဂ္ဂက ယခုလ ၁ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။ (Xinhua)


………………………………..
(Chinese Version)
冲突和洪灾加剧苏丹霍乱疫情
新华社北京8月20日电 苏丹卫生部18日说,近期暴发的霍乱疫情已致20余人死亡,超过300人感染。
武装冲突持续和季节性暴雨引发的洪灾加剧了霍乱等疾病的传播。
至少数百人感染
苏丹卫生部长海赛姆·穆罕默德·易卜拉欣18日在声明中说,苏丹全国至少354人确诊感染霍乱,至少22人死亡。
易卜拉欣前一天宣布,由于天气情况和饮用水被污染,苏丹暴发霍乱疫情。
易卜拉欣说,在实验室发现霍乱弧菌后,政府与东部卡萨拉州政府、联合国机构和专家会商后确认霍乱疫情暴发。据美联社报道,本轮疫情最初在卡萨拉州暴发,随后蔓延至全国5省中的9个地区。苏丹政府和受影响的州已采取紧急干预措施。
世界卫生组织先前报告的相关数据远多于苏丹政府本次声明发布的数据。据路透社报道,世卫组织发言人玛格丽特·哈里斯16日说,苏丹境内已报告11327例霍乱病例,其中死亡病例316例。世卫组织估计,实际感染和死亡人数会更多。
霍乱是由霍乱弧菌引起的急性肠道传染病,主要经由不洁水源和食物传染,患者常出现呕吐、腹泻、脱水和高烧等症状,重症和延误治疗可致死亡。
战乱洪灾叠加影响
据多家外媒报道,数周来季节性暴雨引发的洪灾以及持续武装冲突引发的人道主义危机加剧了霍乱等疾病在苏丹传播。苏丹政府已请求国际社会立即提供紧急援助。
洪灾波及苏丹12个省,已导致数十人死亡,多处关键基础设施被冲毁。据联合国移民机构统计,受洪灾影响,苏丹大约11.8万人流离失所。法新社报道,洪灾导致患腹泻等病例增加,特别是儿童。
苏丹长期遭受战乱摧残,本轮冲突2023年4月爆发,冲突双方为苏丹武装部队与苏丹快速支援部队,已造成约1.88万人丧生,超过1017万人流离失所,引发严重人道主义危机。苏丹卫生系统也受到影响严重,国内一半以上医院已停止运转,约2000万人难以获得医疗卫生服务,多种传染病大范围传播。
据法新社报道,苏丹超过2500万人面临严重饥饿,占总人口一半以上。联合国本月1日发布报告显示,苏丹达尔富尔地区一座难民营已出现饥荒。
图说:这是8月10日在苏丹北部尼罗河州阿布哈马德市拍摄的洪水过后的景象。新华社发(苏丹主权委员会供图)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.