Connect with us

International Organizations

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မျောက်ကျောက် ကပ်ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်များ စတင်

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ North-Kivu ပြည်နယ် Goma မြို့ပြင်ရှိ ဆေးရုံတစ်ခုတွင် မျောက်ကျောက်ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည့် ကလေးငယ်တစ်ဦးအား ကုသပေးနေသည်ကို ဩဂုတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် မျောက်ကျောက် ကပ်ရောဂါအတွက် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေးအစီအစဉ်များကို သြဂုတ် ၂၆ ရက်က စတင်ဆောင်ရွက်လျက်ရှိရာ ကမ္ဘာတစ်ဝန်း၊ ဒေသတွင်းနှင့် နိုင်ငံများအကြား ညှိနှိုင်းဆောင်ရွက်မှုများဖြင့် ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကို တားဆီးရန် ကြိုးပမ်းလျက်ရှိသည်။
ယင်းအစီအစဉ်သည် ယခုနှစ်စက်တင်ဘာလမှ နောက်နှစ် ဖေဖော်ဝါရီလအထိ ကြာမြင့်မည်ဖြစ်ပြီး ဘတ်ဂျက်မှာ အမေရိကန်ဒေါ်လာ ၁၃၅ သန်းဖြစ်ကြောင်း WHO ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းအစီအစဥ်သည် မျောက်ကျောက် ကပ်ရောဂါအတွက် အပြည့်အဝ စောင့်ကြည့်မှု၊ ကာကွယ်တားဆီးမှုနှင့် တုံ့ပြန်မှု မဟာဗျူဟာများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ သုတေသနနှင့် စမ်းသပ်ခြင်းကိရိယာများ၊ ကာကွယ်ဆေးများစသည့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့များကို တန်းတူညီမျှရရှိရန် မြှင့်တင်ပေးခြင်း၊ တိရစ္ဆာန်မှလူသို့ကူးစက်မှုကို အတတ်နိုင်ဆုံးလျှော့ချပေးပြီး ရပ်ရွာလူထုများ၏ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး တက်ကြွစွာပါဝင်မှု စွမ်းရည်ကို မြှင့်တင်ပေးခြင်းတို့လုပ်ဆောင်ရန်ဖြစ်သည်။
ယင်းအစီအစဉ်တွင် ရောဂါပျံ့နှံ့မှုကွင်းဆက်ဖြတ်တောက်ရန် မျောက်ကျောက်ရောဂါဖြစ်ပွားသူနှင့် အနီးကပ်ထိတွေ့ရသူများနှင့် ဆေးကုသရေး ဝန်ထမ်းများစသည့် အန္တရာယ်မြင့်မားသောအုပ်စုများအား ကာကွယ်ဆေးထိုးပေးခြင်းကိုလည်း မြှင့်တင်သွားမည်ဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။ ကမ္ဘာလုံးဆိုင်ရာအဆင့်တွင် ယင်းအစီအစဉ်သည် အဓိကအားဖြင့် မဟာဗျူဟာကျသော ခေါင်းဆောင်မှုပေးရန်၊ အချိန်နှင့်တစ်ပြေးညီ သက်သေအထောက်အထားအခြေပြု လမ်းညွှန်ချက်များပေးရန်နှင့် ထိခိုက်နစ်နာသောနိုင်ငံများရှိ အန္တရာယ်များသောအုပ်စုများ ဆေးဘက်ဆိုင်ရာတုံ့ပြန်မှုများ ရရှိနိုင်စေရေးလုပ်ဆောင်ချက်များ သေချာစေရန်ဖြစ်ကြောင်း သိရသည်။
မျောက်ကျောက်သည် တိရစ္ဆာန်နှင့် လူတွင် ကူးစက်တတ်သော ဗိုင်းရပ်စ်ရောဂါ (Zoonotic disease) တစ်မျိုး ဖြစ်သည်။ လူသားများတွင် မျောက်ကျောက်ရောဂါကူးစက်ခံရသော ကနဦးလက္ခဏာများမှာ အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ ကျောအောင့်ခြင်း၊ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းတို့ဖြစ်ပြီး နောက်ပိုင်းတွင် မျက်နှာနှင့် ခန္ဓာကိုယ် နေရာအနှံ့တွင် အနီအစက်အဖုများ ပျံ့နှံ့သွားသည်။ ရောဂါပိုးကူးစက်ခံရသူအများစုသည် ရက်သတ္တပတ်အနည်းငယ်အတွင်း ပြန်လည်သက်သာလာသော်လည်း အချို့ရောဂါကူးစက်သူများမှာ ရောဂါပြင်းထန်း၍ သေဆုံးသည်အထိ ဖြစ်နိုင်သည်။ (Xinhua)


…………………………….
(Chinese Version)
世卫组织启动全球计划遏制猴痘疫情传播
新华社日内瓦8月26日电(记者曾焱)世界卫生组织26日启动一项针对猴痘疫情的全球战略防范和应对计划,以通过全球、地区和国家的协调努力遏制疫情传播。
世卫组织在新闻公报中说,该计划将从今年9月持续至明年2月,预算为1.35亿美元。该计划针对猴痘疫情实施全面监测、预防和应对战略,推动研究和公平获取诊断检测工具和疫苗等医疗物资,最大限度减少动物传人以及提升社区积极参与疫情防控的能力。
公报说,该计划也将推动猴痘病例密切接触者和医护人员等高风险人群的疫苗接种,以切断传播链。在全球层面,该计划重点在于提供战略领导、及时循证指导,并确保受影响国家中的风险群体能够获得医疗应对措施。
猴痘是一种病毒性人畜共患病。人感染猴痘的初期症状包括发烧、头痛、肌肉酸痛、背痛、淋巴结肿大,之后可发展为面部和身体大范围皮疹。多数感染者会在几周内康复,但也有感染者病情严重甚至死亡。(完)
图说:8月19日,在刚果(金)北基伍省首府戈马市郊一家医院,一名感染猴痘病毒的儿童接受治疗。