Connect with us

China

တရုတ်နိုင်ငံက အဝေးထိန်းအာရုံခံဂြိုဟ်တုအုပ်စု Yaogan-43 02 အား အောင်မြင်စွာ လွှတ်တင်

တရုတ်နိုင်ငံ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာက Long March-4B သယ်ဆောင်ရေးဒုံးပျံကို အသုံးပြုပြီး အဝေးထိန်းအာရုံခံဂြိုဟ်တုအုပ်စု Yaogan-43 02 ကို ဒေသစံတော်ချိန် စက်တာဘာ ၃ ရက် နံနက် ၉ နာရီ ၂၂ မိနစ်တွင် လွှတ်တင်ခဲ့စဉ် (ဆင်ဟွာ)

ရှီးချန်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာက Long March-4B သယ်ဆောင်ရေးဒုံးပျံကို အသုံးပြုပြီး အဝေးထိန်းအာရုံခံဂြိုဟ်တုအုပ်စု Yaogan-43 02 ကို ဒေသစံတော်ချိန် စက်တာဘာ ၃ ရက် နံနက် ၉ နာရီ ၂၂ မိနစ်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ရာ ဂြိုဟ်တုမှာ သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိသွားပြီး လွှတ်တင်ရေးမစ်ရှင် အပြည့်အဝ အောင်မြင်ခဲ့ကြောင်း သိရသည်။
Yaogan-43 02 ဂြိုဟ်တုအုပ်စုကို အဓိကအားဖြင့် ဂြိုဟ်ပတ်လမ်းနိမ့် နက္ခတာရာစနစ်ဆိုင်ရာ နည်းပညာသစ် စမ်းသပ်မှုများ လုပ်ဆောင်ရန် အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။
ယခုအကြိမ်မစ်ရှင်သည် Long March စီးရီး သယ်ဆောင်ရေးဒုံးပျံ၏ ၅၃၃ ကြိမ်မြောက် ပျံသန်းမှုဖြစ်ကြောင်း သိရသည်။ (Xinhua)


…………………………………………….
(Chinese Version)
我国成功发射遥感四十三号02组卫星
新华社西昌9月3日电(李国利、崔婉莹)9月3日9时22分,我国在西昌卫星发射中心使用长征四号乙运载火箭,成功将遥感四十三号02组卫星发射升空,卫星顺利进入预定轨道,发射任务获得圆满成功。
遥感四十三号02组卫星主要用于开展低轨星座系统新技术试验。
这次任务是长征系列运载火箭的第533次飞行。(完)