Connect with us

North America

Hot Q&A | ဂရင်းလန်းကျွန်း၏ ထိန်းချုပ်ခွင့် ထရမ့်ရနိုင်မည်လော

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အမေရိကန် လွှတ်တော်အဆောက်အဦအပြင်မြင်ကွင်းအား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတအဖြစ် ထပ်မံ တာဝန်ထမ်းဆောင်တော့မည့် ထရမ့်သည် ၎င်း၏ ပထမ သမ္မတ သက်တမ်းအတွင်းမှာပင် အမေရိကန်အနေဖြင့် ဂရင်းလန်းကျွန်းကို ဝယ်ယူရန် စဉ်းစားခဲ့ဖူးသည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှစ၍ ရွေးကောက်ပွဲအနိုင်ရသူ ထရမ့်သည် ဂရင်းလန်းကျွန်း ထိန်းချုပ်ခွင့်ကို ရယူလိုသော ပြင်းပြသည့် ဆန္ဒကို ကြိမ်ဖန်များစွာ ဖော်ပြခဲ့သည်။ ထရမ့် မည့်သည်အရာများ ပြောကြားခဲ့ပါသနည်း။ ၎င်းအနေဖြင့် ဂရင်းလန်းကျွန်းကို အဘယ်ကြောင့် ဤမျှ လိုချင်တပ်မက် ဖြစ်နေရသနည်း။ အမေရိကန်နိုင်ငံအနေဖြင့် ဒိန်းမတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပိုင်နက်ဖြစ်သော ဤနေရာကို အမှန်တကယ် ထိန်းချုပ်နိုင်မည်လော။

ထရမ့် မည်သည့်အရာများ ပြောကြားခဲ့သနည်း
ထရမ့်သည် ၎င်း၏ အကြီးဆုံးသားဖြစ်သူ ဒေါ်နယ်ထရမ့်ဂျူနီယာနှင့် အခြား “ကိုယ်စားလှယ်” အချို့ကို ဇန်နဝါရီ ၇ ရက်က ဂရင်းလန်းကျွန်း အလည်အပတ် ခရီးစဉ် စေလွှတ်ခဲ့သည်။ ဒေါ်နယ်ထရမ့်ဂျူနီယာနှင့်အဖွဲ့ က ထရမ့်အမှတ်တံဆိပ်ပါ လေယာဉ်ဖြင့် ဂရင်းလန်းကျွန်းသို့ ရောက်ရှိသောရုပ်ပုံကို ၎င်းက လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့ပြီး ဂရင်းလန်းကျွန်းကို အမေရိကန် ထိန်းချုပ်မည့် “အပေးအယူ မုချ ဖြစ်မြောက်မည်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ထရမ့်က ဂရင်းလန်းကျွန်း၏ ထိန်းချုပ်ခွင့်ကို ရယူခြင်းဖြင့် “ဂရင်းလန်းကျွန်းကို ထပ်မံ ကြီးမြတ်စေမည်” ဖြစ်ကြောင်း ပြောကြားခဲ့ပေသေးသည်။

ဇန်နဝါရီ ၇ ရက် ညပိုင်း၊ မာအာလာဂိုနေအိမ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ထရမ့်က အမေရိကန် “စီးပွားရေး လုံခြုံရေး လိုအပ်ချက်” အရ ၎င်းအနေဖြင့် “စစ်ရေး သို့မဟုတ် စီးပွားရေး ဖိအားပေး အကျပ်ကိုင်ခြင်း” ဖြင့် ပနားမား တူးမြောင်းနှင့် ဂရင်းလန်းကျွန်းအား ထိန်းချုပ်ခွင့်ကို ရယူမည့် ဖြစ်နိုင်ခြေကို ဖယ်ရှားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ဂရင်းလန်းကျွန်းနေထိုင်သူများအနေဖြင့် ယင်းကျွန်း လွတ်လပ်ရေးရရှိရန် သို့မဟုတ် အမေရိကန်နိုင်ငံတွင် ပါဝင်ရန် မဲပေးနိုင်ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။

အကယ်၍ ဒိန်းမတ်အနေဖြင့် ဂရင်းလန်းကျွန်း၏ ထိန်းချုပ်မှုကို မစွန့်လွှတ်လိုပါက အမေရိကန်က ဒိန်းမတ်အပေါ် စည်းကြပ်ခွန် ထပ်တိုးကောက်ခံသွားမည် ဟု ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့ပေသေးသည်။

ထရမ့်အနေဖြင့် ဂရင်းလန်းကျွန်းကို အဘယ်ကြောင့် ဤမျှ လိုချင်တပ်မက် ဖြစ်နေရသနည်း
အမေရိကန်မီဒီယာများ၏ သတင်းများအရ ၂၀၁၈ ခုနှစ်မှစ၍ သမ္မတ ထရမ့်သည် အမေရိကန်အနေဖြင့် ဒိန်းမတ်ထံမှ ဂရင်းလန်းကျွန်အား ဝယ်ယူလိုကြောင်း နေရာအများအပြားတွင် ပြောကြားခဲ့သလို ယင်းအရောင်းအဝယ် ဖြစ်မြောက်ရေးနည်းလမ်းများကို ရှာဖွေရန် ၎င်း၏ အကြံပေးအဖွဲ့ကို ညွှန်ကြားခဲ့သည်။

ဂရင်းလန်းကျွန်း၏ ထိန်းချုပ်ခွင့်ကို ရယူရန် ထရမ့်အနေဖြင့် ယခုလို စွဲစွဲမြဲမြဲဖြစ်နေရခြင်းမှာ အဓိကအားဖြင့် ယင်းကျွန်းပေါ်ရှိ သဘာဝအရင်းအမြစ်သိုက်များရှိခြင်းနှင့် ၎င်း၏ တစ်မူထူးခြားသည့် ပထဝီနေရာ အနေအထားက အမေရိကန်အတွက် အရေးကြီးသည့် မဟာဗျူဟာ အကျိုးစီးပွား ဆောင်ကြဉ်းပေးနိုင်ခြင်းကြောင့် ဖြစ်သည်။

ပထမအနေဖြင့် ဂရင်းလန်းကျွန်းတွင် ကြွယ်ဝလှသည့် မြေရှားသတ္တု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ စသည့် သဘာဝအရင်းအမြစ်များ ကိန်းအောင်းနေရာ အမေရိကန်နိုင်ငံအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ သမားရိုးကျ စွမ်းအင်နှင့် စစ်ဘက်ဆိုင်ရာ ကုန်ထုတ်လုပ်မှု စသည့် ထုတ်လုပ်မှုလုပ်ငန်းများအတွက် အထူး အရေးပါသည်။ ဂရင်းလန်းကျွန်း၏ မြေရှားသတ္တုသိုက်ပမာဏမှာ တန်ချိန် ၁.၅ သန်းရှိသည်ဟု အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) ၏ ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။ ထို့အပြင် ယင်းကျွန်း၌ မတူးဖော်ရသေးသော ရေနံစည် ၁၇.၅ ဘီလီယံခန့်၊ သဘာဝဓာတ်ငွေ့သိုက် ကုဗမီတာ ၄.၁၅ ထရီလီယံ ခန့်ရှိကြောင်း သိရသည်။

ဒုတိယအနေဖြင့် ဥတုရာသီပြောင်းလဲမှုကြောင့် ဖြစ်ပွားသည့် ရေခဲမြစ် ပိုမိုလျင်မြန်စွာ အရည်ပျော်ကျခြင်းသည် အာတိတ်ဒေသတွင် ပင်လယ်ရေကြောင်းလမ်းကြောင်းသစ် ဖွင့်လှစ်နိုင်ခြေရှိပြီး ထိုမှတစ်ဆင့် နိုင်ငံတကာ ကုန်သွယ်စီးပွား ရေကြောင်း သယ်ယူပို့ဆောင်ရေးအတွက် ဖြတ်လမ်းပံ့ပိုးပေးနိုင်ခြင်းကြောင့် ဖြစ်သည်။ အာတိတ်ကောင်စီ၏ စာရင်းများအရ ၂၀၂၃ ခုနှစ်တွင် ကုန်ဆုံးသော ၁၀ နှစ်ကြာကာလအတွင်း 《ဝင်ရိုးစွန်းဒေသများ စည်းမျဉ်းသတ်မှတ်ချက်》၌ သတ်မှတ်ထားသည့် ရေကြောင်းသွားလာနိုင်သည့် အာတိတ်ရေပြင်တွင် ဖြတ်သန်းသွားသည့် သင်္ဘောအစင်းရေသည် ၃၇ ရာခိုင်နှုန်း တိုးလာပြီ ဖြစ်ကြောင်း သိရသည်။

အမေရိကန်အတွက်ဆိုလျှင် ဂရင်းလန်းကျွန်းသည် အာတိတ်နှင့် မြောက်အမေရိကဒေသများအကြား ချိတ်ဆက်သည့် “အမြန်လမ်း” ဖြစ်ပြီး မဟာဗျူဟာအနက်အဓိပ္ပါယ် အလွန်ကြီးမားကြောင်း ထရမ့်၏ ပထမ သမ္မတသက်တမ်းကာလ၌ သမ္မတ အမျိုးသားလုံခြုံရေး အကြံပေးတာဝန်ထမ်းဆောင်ခဲ့သူ
Robert C. O’Brien က Fox News Channel (FNC)၏ ယခုရက်ပိုင်း တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။ ရာသီဥတု ပူနွေးလာခြင်းနှင့်အတူ အာတိတ်ဒေသသည် အနာဂတ်တွင် “အချက်အချာကျသည့် စစ်မျက်နှာစာ” ဖြစ်လာနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဗြိတိန် လန်ဒန်တက္ကသိုလ် Royal Holloway တက္ကသိုလ် ပါမောက္ခ Klaus Dodds က အာတိတ် ရေခဲမြစ်ပျော်ကျမှုမှ ရရှိမည့် အခွင့်အလမ်းများကို ထရမ့်သည် “ပင်ကိုယ်စရိုက်အရ” အာရုံခံမိသော်လည်း ထင်ထားသလို မဖြစ်နိုင်ဟု ယူဆသည်။ အမှန်စင်စစ်တွင်မူ အာတိတ်ရေကြောင်းလမ်း၌ မမြင်ရသည့် အန္တရာယ်များစွာ ရှိနေကြောင်း၊ ရေခဲမြစ် အရည်ပျော်ခြင်းမှ ဖြစ်ပေါ်သည့် ရေပေါ်ရေခဲအစိုင်အခဲများက အာတိတ်တွင် မောင်းနှင်သွားလာနေသည့် သင်္ဘောများကို ပို၍ကြီးမားသော အန္တရာယ်ကြုံတွေ့စေနိုင်ကြောင်း ၎င်းက ဆိုသည်။

တတိယအနေဖြင့် ဂရင်းလန်းကျွန်းသည် “ဂရင်းလန်း-အိုက်စလန်-ဗြိတိန် လစ်လပ်နေရာ” ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်နှင့် အမေရိကန်-ဆိုဗီယက် စစ်အေးကာလတွင် မဟာဗျူဟာ အချက်အခြာအဖြစ် ရှုမြင်ခံရသောနေရာ ဖြစ်သည်။ ယခုနှစ်များတွင် ပထဝီနိုင်ငံရေး ပဋိပက္ခ ဆိုးရွားလာခြင်း၊ ဥတုရာသီပြောင်းလဲမှု ဖြစ်စဉ် ပိုမိုလျင်မြန်လာခြင်း၊ ထွန်းသစ်စနည်းပညာ အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ “ဂရင်းလန်း-အိုက်စလန်- ဗြိတိန် လစ်လပ်နေရာ” ၏ မဟာဗျူဟာ အရေးကြီးမှုသည် အမေရိကန်အစိုးရ အရာရှိနှင့် နိုင်ငံတကာ ဆက်ဆံရေး ပညာရှင်များ၏ မြင်ကွင်းစက်ဝန်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ယင်းမှာ ထရမ့် အဘယ်ကြောင့် အမေရိကန် “အမျိုးသားလုံခြုံရေး” ကို ကာကွယ်မည် ဟူသော စသည့် အဆိုများဖြင့် ဂရင်းလန်းကျွန်းအကြောင်းကို အလှဆင်ထုပ်ပိုးပြောကြားရသနည်းဟူသော အမေးကို ဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်ပေလိမ့်မည် ဖြစ်သည်။

အမေရိကန်အနေဖြင့် ဂရင်းလန်းကျွန်းကို ထိန်းချုပ်နိုင်မည်လော

ဒိန်းမတ်နှင့် ဂရင်းလန်းကျွန်း အချို့ အရာရှိများ၏ သဘောထားကို ကြည့်မည်ဆိုလျှင် ဝယ်ယူသည်ဖြစ်စေ၊ အင်အားသုံး လုယူသည် ဖြစ်စေ ထရမ့် စိတ်ကူးယဉ်ထားသည့် ဂရင်းလန်းကျွန်း ထိန်းချုပ်ခွင့်ကို အမေရိကန်ရရှိရေးမှာ တစ်ဖက်သတ်ဆန္ဒသာ ဖြစ်ပြီး ဖော်ဆောင်ရန် အလွန်ခဲယဉ်းမည်ကို စိုးရိမ်ရကြောင်း ပညာရှင်များက ယူဆကြသည်။

ဂရင်းလန်းကျွန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရ ဝန်ကြီးချုပ် Múte Egede က ထရမ့်၏ပြောဆိုချက်များကို “တည်ကြည်လေးနက်စွာ ဆက်ဆံ” ရမည် ဖြစ်ကြောင်း ဇန်နဝါရီ ၈ ရက်က ပြောကြားခဲ့သည်။ ဂရင်းလန်းကျွန်းသည် ဂရင်းလန်းပြည်သူများ၏ပိုင်ဆိုင်မှု ဖြစ်ပြီး “ဂရင်းလန်းကျွန်းရဲ့ အနာဂတ်က မိမိတို့ရဲ့ ကိစ္စသာဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဒိန်းမတ်အစိုးရအနေဖြင့် “ဂရင်းလန်းကျွန်း (နေထိုင်သူများ) ရဲ့ ဆန္ဒကို အပြည့်အဝ သိရှိပါတယ်” ၊ သို့သော် ဂရင်းလန်းကျွန်းနေပြည်သူများ၏ ဆန္ဒမှာ “အမေရိကန်ရဲ့ ပြည်နယ်တစ်ခု ဖြစ်ဖို့မဟုတ်ဘူး” ဟု ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး Rasmussen က ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။

၎င်းအနေဖြင့် “အနာဂတ်မှာ (ဂရင်းလန်းကျွန်း)ကို (အမေရိကန်) ဝယ်ယူဖို့ ဘယ်လမ်းမှခင်းထားတာ မတွေ့ရသေးပါဘူး၊ နိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်သူတွေကို အလွယ်တကူ ဝယ်လို့မရဘူး” ဟု CNN သတင်းဌာနက ဂရင်းလန်းကျွန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရ ဝန်ကြီးချုပ်ဟောင်း Kuupik Kleist ၏ ပြောကြားချက်ကို ကိုးကား၍ ဇန်နဝါရီ ၈ ရက်တွင် ဖော်ပြထားသည်။

ဂရင်းလန်းကျွန်းအရာရှိ အချို့က အမေရိကန်နှင့် “တစ်မူထူးခြားတဲ့ ပူးတွဲဆက်နွှယ်မှု” တစ်မျိုး ဖြစ်တည်စေလိုကြောင်း၊ ယင်းမှာ တစ်ဖက်က ဂရင်းလန်းကျွန်းအနေဖြင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းထားသည့် တစ်ချိန်တည်းမှာပဲ အမေရိကန်မှ လာသည့် ငွေကြေးပံ့ပိုးမှုကို ရယူခြင်း ၊ အခြားတစ်ဖက်က ဂရင်းလန်းကျွန်းအနေဖြင့် အမေရိကန်နိုင်ငံ၏ ယင်းဒေသရှိ မဟာဗျူဟာအကျိုးစီးပွားကို ကျေနပ်မှုရှိစေခြင်း ဖြစ်ကြောင်း သတင်းဖော်ပြထားသည်။
ဂရင်းလန်းကျွန်းနေပြည်သူများအနေဖြင့် အဆိုပါ “ပူးတွဲဆက်နွှယ်မှု” အပေါ် စိတ်ဝင်စားမည်မဟုတ်ကြောင်း Kuupik Kleist က ယူဆပေသည်။ (Xinhua)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ဖို့တ်လော်ဒါဒဲလ်မြို့တွင် ထရမ့် မိန့်ခွန်းပြောကြားနေသည့် ရုပ်မြင်သံကြား မြင်ကွင်းအား ရီပက်ဘလစ်ကန်ထောက်ခံသူများ ကြည့်ရှုနေကြသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………….
(Chinese Version)
热点问答|格陵兰岛控制权,特朗普能得到吗
新华社华盛顿1月8日电 热点问答|格陵兰岛控制权,特朗普能得到吗   新华社记者邓仙来
即将再次就任美国总统的特朗普,在其第一个总统任期内就曾考虑美国购买格陵兰岛的途径。2024年11月美国总统选举以来,胜选的特朗普又多次表达夺取格陵兰岛控制权的强烈意愿。特朗普说了什么?他缘何如此“垂涎”格陵兰岛?美国真的能控制这块丹麦自治领地吗?
特朗普说了什么
特朗普7日派其长子小特朗普和其他几名“代表”到访格陵兰岛。他在社交媒体上发布小特朗普等一行乘坐印有特朗普名字的飞机抵达格陵兰岛的画面,称美国控制格陵兰岛的“交易必须发生”。特朗普还说,要通过夺取对格陵兰岛的控制权“让格陵兰岛再次伟大”。
7日晚些时候,特朗普在海湖庄园召开记者会表示,出于对美国“经济安全需要”考虑,他不会排除通过“军事或经济胁迫”手段夺取格陵兰岛控制权的可能性。他声称,格陵兰岛居民可以通过投票实现该岛独立或加入美国。
特朗普还发出威胁:如果丹麦不愿放弃对格陵兰岛的控制,美国将对丹麦加征关税。
特朗普为何“垂涎”格陵兰岛
据美国媒体报道,自2018年起,时任总统特朗普就在多个场合表达美国向丹麦购买格陵兰岛的兴趣,并要求其顾问团队探索实现这笔买卖的方式。
特朗普如此执着于夺取对格陵兰岛的控制权,主要是看上该岛的自然资源储备及其独特地理位置可能给美国带来的重要战略利益。
首先,格陵兰岛蕴藏着丰富的稀土、石油和天然气等自然资源,对美国可再生能源、传统能源以及军工制造等产业至关重要。美国地质调查局数据显示,格陵兰岛的稀土储量高达150万吨。此外,该岛未开采的石油约有175亿桶,天然气储量约4.15万亿立方米。
其次,气候变化引发的冰川加速消融将为在北极地区开辟新的海上航道创造可能性,进而为国际商贸航运提供捷径。据北极理事会统计,截至2023年的10年间,在《极地规则》认定的北极通航水域通过的船只数量增加了37%。
曾在特朗普首个总统任期担任总统国家安全事务助理的奥布莱恩近日对美国福克斯新闻台表示,对美国而言,格陵兰岛是连接北极和北美两地区的“高速公路”,战略意义重大。随着气候变暖,北极地区未来将成为“关键战场”。
英国伦敦大学皇家霍洛威学院教授多兹认为,特朗普“本能地”嗅到北极冰川融化带来的机遇,但可能会事与愿违。事实上,北极航道仍然暗藏危险,冰川消融产生的浮冰会让在北极航行的船只面临更大危险。
第三,格陵兰岛是所谓“格陵兰-冰岛-英国缺口”的组成部分,在第二次世界大战和美苏冷战期间曾被视为战略要地。近年来,随着地缘政治冲突加剧、气候变化进程加速以及新兴技术迅猛发展,“格陵兰-冰岛-英国缺口”的战略重要性重新回归美国政府官员和国际关系学者的视野。这或许能解释特朗普为何反复以所谓维护美国“国家安全”等说辞包装格陵兰岛议题。
美国能不能控制格陵兰岛
专家认为,从丹麦和格陵兰岛一些官员表态来看,无论通过购买还是以强力夺取,特朗普设想的美国获得格陵兰岛控制权恐怕只是一厢情愿,很难实现。
格陵兰岛自治政府总理埃格德8日表示,特朗普的言论必须被“严肃对待”。他表示,格陵兰岛属于格陵兰人。“格陵兰岛的未来……是我们自己的事务。”
丹麦外交大臣拉斯穆森8日表示,丹麦政府“充分认识到格陵兰岛(居民)的愿望”,但格陵兰岛居民的愿望“不是成为美国的一个州”。
美国有线电视新闻网8日引述格陵兰岛自治政府前总理克莱斯特的话报道说,他“看不到任何能为(美国)未来购买(格陵兰岛)铺平道路的事情,你不能简单地购买一个国家或一国人民”。
报道说,有格陵兰岛官员主张该岛与美国形成一种“特殊的联合体”。一方面,格陵兰岛在保有主权的同时获得来自美国的资金支持;另一方面,格陵兰岛满足美国在当地的战略利益。
克莱斯特认为,格陵兰岛居民不会对上述“联合体”感兴趣。(完)
1. 这是1月6日在美国华盛顿拍摄的美国国会大厦外景。新华社记者胡友松摄
2. 2024年11月6日凌晨,共和党支持者在美国佛罗里达州劳德代尔堡观看特朗普发表讲话的电视画面。新华社记者吴晓凌摄