China
၁၀ ကြိမ်မြောက် တရုတ်-ဗြိတိန် မဟာဗျူဟာ ဆွေးနွေးပွဲကို လန်ဒန်မြို့၌ကျင်းပ
![](https://xinhuamyanmar.com/wp-content/uploads/2025/02/14j01-scaled.jpg)
လန်ဒန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လာမီတို့သည် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၃ ရက်တွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ၁၀ ကြိမ်မြောက် တရုတ်-ဗြိတိန် မဟာဗျူဟာ ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ဝမ်ရိက လွန်ခဲ့သည့်နှစ် နိုဝင်ဘာလတွင် သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် ကီယာစတားမာတို့ အောင်မြင်စွာ တွေ့ဆုံဆွေးနွေးခဲ့ရာ တရုတ်-ဗြိတိန် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေရေးဦးတည်ချက်ကို အတည်ပြုကာ တွန်းအားများ ဖြည့်တင်းပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံက ကဏ္ဍအသီးသီးတွင် ကူးလူးဆက်ဆံမှုနှင့် ယန္တရားဆိုင်ရာ ဆွေးနွေးမှုများကိုလည်း ရှေ့ဆင့်နောက်ဆင့် ပြန်လည်စတင်လာရာ ပူးပေါင်းဆောင်ရွက်မှုရလဒ်များသည်လည်း တစ်ဆင့်ချင်း ပေါ်လွင်လာကြောင်း၊ ယင်းသည် လူမှုအသိုက်အဝန်း နယ်ပယ်အသီးသီး၏ ယုံကြည်ချက်ကို မြှင့်တင်ပေးသည့်အပြင် ကမ္ဘာကြီးထံသို့ အပြုသဘောအချက်ပြလိုက်ခြင်းလည်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
ဝမ်ရိက တရုတ်-ဗြိတိန် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းသည် မှန်ကန်သော ရွေးချယ်မှုဖြစ်ပြီး နှစ်ဦးနှစ်ဖက် အကျိုးစီးပွားနှင့်လည်း ကိုက်ညီကာ ကမ္ဘာ့အခြေအနေနှင့်လည်း လျော်ညီသည်ကို ဖြစ်ရပ်မှန်က သက်သေပြုနေကြောင်း၊ တရုတ်-ဗြိတိန်သည် စနစ်၊ သမိုင်း၊ ယဉ်ကျေးမှုများ မတူညီသည့်အတွက် ကွာဟမှုနှင့် သဘောထားကွဲလွဲမှုများရှိသည်မှာ ပုံမှန်ဖြစ်ကြောင်း၊ အဓိကအချက်မှာ ဓမ္မဓိဋ္ဌာန်ကျသောအမြင် ထားရှိပြီး အပြန်အလှန်လေးစားမှုကို အရင်းခံ၍ ညှိနှိုင်းဆွေးနွေးမှုများကို မြှင့်တင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ဗြိတိန်နိုင်ငံကို အရေးပါသော မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် ရှုမြင်ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးပါသဘောတူညီချက်များအား အကောင်အထည်ဖော်ကာ နှစ်ဖက်ဆက်ဆံရေး တည်ငြိမ်၍ တိုးတက်လာသည့် အလားအလာကို ခိုင်မာအောင် လုပ်ဆောင်သွားလိုကြောင်း၊ နောက်တစ်ဆင့် အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံမှုကို အစီအစဉ်ရေးဆွဲ၍ ကဏ္ဍအသီးသီး လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေကာ နှစ်ဖက်ဆက်ဆံရေးကို နှစ်သစ်တွင် အသွင်သစ်ဖြင့် တိုးတက်လာစေရန် တွန်းအားပေးသွားလိုကြောင်း ၎င်းကဆိုသည်။
ဝမ်ရိက ယခုနှစ်သည် တရုတ်ပြည်သူများ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ ဖက်ဆစ်တော်လှန်ရေး စစ်ပွဲ အောင်နိုင်ခြင်း ၈၀ ပြည့်နှစ် ဖြစ်သလို ကုလသမဂ္ဂ တည်ထောင်ခြင်း ၈၀ ပြည့်နှစ်လည်း ဖြစ်ကြောင်း၊ တရုတ်-ဗြိတိန်တို့သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည့်နည်းတူ လက်ရှိအခြေအနေတွင် နိုင်ငံကြီးတာဝန်ကို ထမ်းဆောင်ကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို လက်တွေ့ဖော်ဆောင်သင့်ကြောင်း၊ လွတ်လပ်စွာ ကုန်သွယ်ရေးကို ထောက်ခံ၍ နိုင်ငံရေးနည်းလမ်းဖြင့် အားလုံးဂရုပြုကြသည့်ပြဿနာများ ဖြေရှင်းရေးကို တွန်းအားပေးကာ ကမ္ဘာကြီးငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အတူတကွမြှင့်တင်သွားသင့်ကြောင်း ပြောကြားခဲ့သည်။
ဒေးဗစ်လာမီက ဗြိတိန်-တရုတ်ဆက်ဆံရေးသည် အလွန်အရေးပါကြောင်း၊ လက်ရှိနိုင်ငံတကာအခြေအနေတွင် စိန်ခေါ်မှုအမျိုးမျိုး တိုးပွားလာလျက်ရှိကြောင်း၊ ဗြိတိန်-တရုတ်သည် လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ နိုင်ငံကြီးအနေဖြင့် မဟာဗျူဟာ ချိတ်ဆက်မှုများ မြှင့်တင်ကာ တစ်ကမ္ဘာလုံး တည်ငြိမ်အေးချမ်းမှုကို အတူတကွမြှင့်တင်ရန် မဖြစ်မနေလိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် ကီယာစတားမာက ယမန်နှစ် နှစ်ကုန်ပိုင်းတွင် သမ္မတ ရှီကျင့်ဖိန်နှင့် အောင်မြင်စွာ တွေ့ဆုံပြီးနောက် ဗြိတိန်-တရုတ်သည် ဘဏ္ဍာရေး၊ ငွေကြေး စသည့်ကဏ္ဍများ၌ ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများမှာ အပြုသဘော တိုးတက်မှုများ ရရှိခဲ့ကြောင်း၊ ဗြိတိန်ဘက်က ရေရှည်တည်ငြိမ်သော၊ ရင့်ကျက်သော၊ အားကောင်းသော တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို ကြိုးပမ်းတည်ဆောက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံမှုများကို မြှင့်တင်၍ အပြုသဘောဆောင်သော ဆွေးနွေးမှုနှင့် ကဏ္ဍအသီးသီး လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်သွားရန် ဆန္ဒရှိကြောင်း ဒေးဗစ်လာမီက ပြောကြားခဲ့သည်။
နှစ်ဖက်က နောက်တစ်ဆင့် နှစ်ဦးနှစ်ဖက်ကူးလူးဆက်ဆံရေး လမ်းပြမြေပုံနှင့် စပ်လျဉ်း၍ သဘောတူညီချက် ရရှိခဲ့ပြီး အလွှာအသီးသီး ကူးလူးဆက်ဆံမှုကို မြှင့်တင်ကာ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်မှုများ နက်ရှိုင်းစေ၍ အပြန်အလှန်နားလည်သိရှိမှုကို တိုးမြှင့်ရန်၊ “ပဲရစ် သဘောတူညီချက်” ဘက်စုံထိရောက်စွာ အကောင်အထည်ဖော်ဆောင်မှုအား ဆက်လက်တွန်းအားပေး၍ မိမိနိုင်ငံကိုယ်စီ အစိမ်းရောင်အသွင်ကူးပြောင်းမှုအတွက် ထောက်ခံအားပေးသွားရန် သဘောတူညီခဲ့ကြောင်း သိရသည်။
ထိုင်ဝမ်၊ ဟောင်ကောင် စသည့် အရေးကိစ္စများအပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကိုလည်း ဝမ်ရိက နက်ရှိုင်းစွာ ရှင်းလင်းပြောကြားခဲ့သည်။
နှစ်ဖက်က ယူကရိန်းအကျပ်အတည်းနှင်စပ်လျဉ်း၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ဝမ်ရိက တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို ဘက်စုံရှင်းလင်းပြောကြားခဲ့ပြီး တရုတ်ဘက်က အမြဲတစေ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် “ဆောင်ရွက်သင့်သည့် အရာ ၄ ခု” ကို အခြေခံလိုက်နာဆောင်ရွက်မှုဖြင့် “စစ်ပွဲ ပြင်ပသို့ မယိုလျှံရေး၊ စစ်ရေး အရှိန်အဟုန် မမြင့်တက်ရေး၊ ဘက်ပေါင်းစုံ မီးလောင်ရာလေပင့် မပြုရေး” တို့ကို တိုက်တွန်းထားကြောင်း၊ အခြေအနေ၏ တိုးတက်ပြောင်းလဲမှုများကလည်း တရုတ်နိုင်ငံ အဆိုပြုချက်၏ တရားနည်းလမ်းကျမှုနှင့် အပြုသဘောဆောင်မှုကို သက်သေထူနေကြောင်း အလေးထားပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် ကြိုးပမ်းလုပ်ဆောင်မှု မှန်သမျှကို တရုတ်ဘက်က တွေ့မြင်လိုကြောင်း၊ ညီမျှသော၊ ထိရောက်သော၊ စဉ်ဆက်မပြတ်ဖြစ်သော ဥရောပလုံခြုံရေး ဖွဲ့စည်းပုံကို တည်ဆောက်ခြင်းဖြင့် နောက်ဆုံးတွင် ဥရောပတိုက် ရေရှည်တည်ငြိမ်အေးချမ်းရေး အကောင်အထည်ဖော်ဆောင်မှုအား ထောက်ခံအားပေးကြောင်း၊ ယင်းအတွက် တရုတ်နိုင်ငံသည် ဥရောပအပါအဝင် သက်ဆိုင်ရာ ဘက်အသီးသီးနှင့်အတူ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားလိုကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသ အခြေအနေ စသည့်အကြောင်းအရာများနှင့် စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။ (Xinhua)
![](https://xinhuamyanmar.com/wp-content/uploads/2025/02/14j02-scaled.jpg)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လာမီတို့ ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၃ ရက်တွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ၁၀ ကြိမ်မြောက် တရုတ်-ဗြိတိန် မဟာဗျူဟာ ဆွေးနွေးပွဲကျင်းပနေစဉ် (ဆင်ဟွာ)
……………………..
(Chinese Version)
第十次中英战略对话在伦敦举行
新华社伦敦2月13日电(记者孙晓玲 赵修知)当地时间2月13日,中共中央政治局委员、外交部长王毅在伦敦同英国外交大臣拉米举行第十次中英战略对话。
王毅表示,去年11月,习近平主席和斯塔默首相成功会晤,为中英关系改善发展明确了方向,注入了动力。两国各领域交往和机制性对话相继重启,合作成果逐步显现,提振了社会各界信心,也向世界传递了积极信号。事实证明,中英加强对话合作是正确的选择,符合双方利益,顺应世界大势。中英制度、历史、文化不同,存在一些差异和分歧很正常,关键是树立客观理性认知,本着相互尊重态度,加强对话沟通。中方视英方为重要战略伙伴,愿落实两国领导人重要共识,巩固双边关系企稳向好态势,规划好下阶段高层交往,深化各领域务实合作,推动双边关系在新的一年展现新气象。
王毅说,今年是中国人民抗日战争暨世界反法西斯战争胜利80周年,也是联合国成立80周年。中英同为安理会常任理事国,当前形势下应展现大国担当,践行多边主义,支持自由贸易,推动政治解决热点问题,共同促进世界和平与稳定。
拉米表示,英中关系十分重要。当前国际局势中各种挑战增多,英中作为安理会常任理事国和全球性大国,有必要加强战略沟通,共促全球和平稳定。继斯塔默首相去年底同习近平主席成功会晤以来,英中在财金等领域对话合作取得积极进展。英方致力于发展长期稳定、成熟、有力的对华关系,愿同中方加强高层交往,开展建设性对话和各领域务实合作。
双方就下一步双边交往的路线图达成了共识,同意加强各层级交往,深化人文交流,增进相互理解,继续推动《巴黎协定》全面有效落实,助力各自绿色转型。
王毅还深入阐述了中方在台湾、香港等问题上的立场。
双方就乌克兰危机深入交换了看法。王毅全面阐释中方立场,强调中方始终以习近平主席提出的“四个应该”为根本遵循,呼吁“战场不外溢、战事不升级、各方不拱火”,形势发展变化印证了中方主张的合理性和建设性。中方乐见一切致力于和谈的努力,支持构建均衡、有效、可持续的欧洲安全架构,最终实现欧洲的长治久安。中方愿同包括欧方在内的各方一道,继续为此发挥建设性作用。
双方还就中东局势等问题交换了看法。(完)
图说1:当地时间2月13日,中共中央政治局委员、外交部长王毅在伦敦同英国外交大臣拉米举行第十次中英战略对话。这是王毅同拉米握手。 新华社记者 李颖 摄
图说2:当地时间2月13日,中共中央政治局委员、外交部长王毅在伦敦同英国外交大臣拉米举行第十次中英战略对话。 新华社记者 李颖 摄