Connect with us

Europe

အမေရိကန်နှင့် ရုရှား၊ ယူကရိန်း ဆက်သွယ်ဆွေးနွေးခြင်းက ပဋိပက္ခ သို့မဟုတ် အချိုးအကွေ့ ဖြစ်ပေါ်နိုင်မည်လော

အမေရိကန် သမ္မတ ထရမ့်နှင့် ရုရှားသမ္မတ ပူတင်တို့ ဖင်လန်နိုင်ငံ မြို့တော် ဟယ်လ်ဆင်ကီမြို့၌ တွေ့ဆုံဆွေးနွေးနေသည်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၁၆ ရက်က ဓာတ်ပုံတွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ထရမ့်သည် ရုရှား သမ္မတ ပူတင်နှင့် ဖေဖော်ဝါရီ ၁၂ ရက်က ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေးအတွက် “အနီးကပ် ပူးပေါင်းဆောင်ရွက်ရန်” နှစ်ဖက်သဘောတူညီခဲ့သည်။ ယင်းနေ့တွင် ထရမ့်သည် ယူကရိန်း သမ္မတ ဇယ်လန်းစကီးနှင့်လည်း ဖုန်းဖြင့် ဆက်သွယ်၍ ယူကရိန်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဖြစ်နိုင်ခြေအား ဆွေးနွေးခဲ့ပေသေးသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က NATO ၌ ယူကရိန်း ပါဝင်မှုကို မထောက်ခံကြောင်း ပြောကြားခဲ့သည်။

အမေရိကန် သမ္မတ နှင့် အဆင့်မြင့်အရာရှိတို့ ဖော်ပြသည့် သဘောထားက ယူကရိန်းအကျပ်အတည်းတွင် အမေရိကန်၏ရပ်တည်ချက်မှာ အကြီးအကျယ် ပြောင်းလဲလာပြီဖြစ်နိုင်ရာ ရုရှား-ယူကရိန်း ပဋိပက္ခအလားအလာအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း သုံးသပ်သူများက ယူဆသည်။ ၎င်းမှာ အမေရိကန်နှင့် ဥရောပသမဂ္ဂကြား သဘောထားကွဲလွဲမှုများကို နက်ရှိုင်းစေမည် ဖြစ်ပြီး အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေး အေးစက်နိုင်သည်ဟု ယူဆကြသည်။

အမေရိကန်နှင့် ရုရှား၊ ယူကရိန်း ဆက်သွယ်ဆွေးနွေး

ရုရှားသမ္မတ၏ ပြန်ကြားရေး အတွင်းဝန် Dmitry Peskov က ရုရှား-အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်များ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုမှာ အချိန် ၁ နာရီခွဲ နီးပါးကြာကြောင်း ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။ ပူတင်က ဆက်သွယ်ဆွေးနွေးမှုမှတစ်ဆင့် ယူကရိန်းအကျပ်အတည်း ရေရှည် ဖြေရှင်းနိုင်သော ထရမ့်၏ သက်ဆိုင်ရာအမြင်များကို သဘောတူထောက်ခံသည်ဟု ပြောကြားခဲ့ကြောင်း ၎င်းက ဆိုသည်။
ထိုနေ့တွင်ပင် ထရမ့်က လူမှုကွန်ရက်စာမျက်နှာတွင် ၎င်းအနေဖြင့် ပူတင်နှင့် ဆက်သွယ်ဆွေးနွေးရာ၌ ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေးအတွက် “နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ” လုပ်ဆောင်သွားရန် သဘောတူညီကြကြောင်းနှင့် အဖွဲ့များ ကိုယ်စီစေလွှတ်၍ “ဆွေးနွေးမှုများ ချက်ချင်း စတင်မည်” ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။

ယင်းမှာ ရုရှား-ယူကရိန်း ပဋိပက္ခ ဖြစ်ပွားသည့် အချိန်မှစ၍ အမေရိကန်-ရုရှား ခေါင်းဆောင်များအကြား ပထမဆုံးအကြိမ် လူသိရှင်ကြား အတည်ပြုသည့် ဖုန်းခေါ်ဆိုမှု ဖြစ်ပေသည်။ ထရမ့်က ၎င်းအနေဖြင့် မကြာမီတွင် ပူတင်နှင့် တွေ့ဆုံမည်ဖြစ်ရာ တွေ့ဆုံမည့်နေရာမှာ ဆော်ဒီအာရေဗျ၌ ဖြစ်နိုင်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်က ပြောကြားခဲ့သည်။

ရုရှား-အမေရိကန် သမ္မတ တိုက်ရိုက် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခြင်းက “နိမိတ်ကောင်း” တစ်ခု ဖြစ်ပြီး နှစ်ဖက် ထိတွေ့မှုများ ပြန်လည်ဆောင်ရွက်နေသည်ကို ဖော်ပြနေကြောင်း ရုရှားသိပ္ပံအကယ်ဒမီ အမေရိကန်နှင့် ကနေဒါရေးရာ သုတေသနဌာန ထိပ်တန်း သုတေသီ Vladimir Batuk က ပြောကြားခဲ့သည်။

ယင်းနေ့ညပိုင်းတွင် ထရမ့်က ဇယ်လန်းစကီးနှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ ဇယ်လန်းစကီးက ထရမ့်အနေဖြင့် ၎င်းနှင့် ပူတင်၏ ဆက်သွယ်ဆွေးနွေးမှု အသေးစိတ်ကို ၎င်းနှင့်မျှဝေခဲ့ကြောင်း၊ နှစ်ဖက်အနေဖြင့် ယူကရိန်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဖြစ်နိုင်ခြေကို အချိန်ကြာမြင့်စွာ ဆွေးနွေးခဲ့ကြောင်း ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်း လူမှုကွန်ရက်စာမျက်နှာတွင် ပြောကြားခဲ့သည်။ တစ်ဆင့်တိုးဆက်သွယ်မှုများ ထားရှိပြီး လာမည့် တွေ့ဆုံမှုအတွက် အစီအစဉ်များရေးဆွဲရန် ယူကရိန်း-အမေရိကန် နှစ်ဖက်သဘောတူညီခဲ့ကြကြောင်း သိရသည်။
သက်ဆိုင်ရာ ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီ ၁၄ ရက်မှစသည့် မြူးနစ်လုံခြုံရေးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲကျင်းပသွားမည် ဖြစ်ကြောင်း ထရမ့်က လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

ထို့အပြင် ယူကရိန်း၏ ၂၀၁၄ ခုနှစ်မတိုင်မီက နယ်နိမိတ်များကို ပြန်လည်ဖော်ဆောင်ခြင်းမှာ “လက်တွေ့မကျ” ကြောင်း၊ NATO တွင် ယူကရိန်းပါဝင်လာစေခြင်းဖြင့် ယူကရိန်းအနာဂတ်လုံခြုံရေးကို အာမခံပေးသင့်သည်ဟု အမေရိကန်အနေဖြင့် မယူဆကြောင်း Pete Hegseth က ဖေဖော်ဝါရီ ၁၂ ရက်တွင် ဘယ်လ်ဂျီယမ်နိုင်ငံ မြို့တော် ဘရပ်ဆဲလ်၌ အခမ်းအနားတစ်ခုသို့ တက်ရောက်စဉ် ပြောကြားခဲ့သည်။ အမေရိကန်က ယူကရိန်းသို့ စစ်တပ်စေလွှတ်မည် မဟုတ်ကြောင်း၊ ဥရောပအနေဖြင့် အနာဂတ်တွင် ယူကရိန်းသို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့စေလွှတ်မည်ဆိုလျှင် NATO အဖွဲ့ ကာကွယ်ရေးပါသတ်မှတ်ချက်တွင် အကျုံးမဝင်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။

အမေရိကန်၏ မူဝါဒတွင် ကြီးမားသော ချိန်ညှိမှုများရှိလာ

အမေရိကန်အစိုးရသစ်က ရုရှား-ယူကရိန်း ပဋိပက္ခအပေါ် သဘောထားထုတ်ပြန်ချက်နှင့် လှုပ်ရှားမှုများက ၎င်းအနေဖြင့် အမေရိကန်-ရုရှားဆက်ဆံရေး၊ ရုရှား-ယူကရိန်း ပဋိပက္ခအပေါ် ထားရှိသည့် မူဝါဒများတွင် ကြီးမားသောချိန်ညှိမှုများ ရှိလာသည်ကို ကြိုတင်ဖော်ပြနေပြီး ယင်းသည် အမေရိကန်နိုင်ငံ ပြည်တွင်းနှင့် ဥရောပနိုင်ငံများစွာတွင် အငြင်းပွားမှုများ ဖြစ်လာစေသည်ဟု လေ့လာသုံးသပ်သူများက ယူဆကြသည်။

လွန်ခဲ့သည့်အကြိမ် အမေရိကန်-ရုရှား နိုင်ငံခေါင်းဆောင်များ‌ တွေ့ဆုံပွဲမှာ ၂၀၂၁ ခုနှစ် ဇွန်လတွင် ထိုစဉ်က သမ္မတ ဘိုင်ဒန်နှင့် ပူတင်၏ ဆွစ်ဇာလန်နိုင်ငံ၌ တွေ့ဆုံမှုပင်ဖြစ်ကြောင်း၊ ထရမ့်နှင့် ပူတင်တွေ့ဆုံမှု ထမြောက်ခဲ့ပါက ယင်းသည် အမေရိကန်-ရုရှားဆက်ဆံရေးအတွက် ကြီးမားသော ပြောင်းလဲမှုဖြစ်လာမည်ဟု အမေရိကန် “The Hill” နေ့စဉ်သတင်းစာက ဆိုသည်။

၂၀၀၈ ခုနှစ်၊ NATO ၏ ဗူးခရက် ထိပ်သီးအစည်းအဝေးပြီးနောက် NATO အဖွဲ့ဝင်နိုင်ငံ အများစုသည် ယူကရိန်းကို ၎င်းအဖွဲ့၏ အဖွဲ့ဝင်အဖြစ် လက်ခံရန် အသိအမှတ်ပြုခဲ့သည်။ လတ်တလောနှစ်ပိုင်းများတွင် အချို့သော NATO အဖွဲ့ဝင်နိုင်ငံ့ခေါင်းဆောင်များက “ယူကရိန်း၏ အနာဂတ်သည် NATO တွင် ဖြစ်သည်” ဟုပင် ဆိုထားကြသည်။ ယခုအကြိမ် အမေရိကန် ကာကွယ်ရေးဝန်ကြီး၏ သဘောထား ဖော်ပြချက်သည် NATO တွင် ယူကရိန်း ပါဝင်လာနိုင်သည့် ဖြစ်နိုင်ခြေကို ဖယ်ရှားလိုက်ပြီး ကိဗ်ထံ အတိအလင်းအချက်ပြခြင်းဖြစ်ရာ အမေရိကန်၏ မူဝါဒဆိုင်ရာ အရေးကြီးသည့်ပြောင်းလဲမှု အဓိပ္ပါယ်ပါကြောင်း ယခင်အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ အရာရှိ Alexander Vindman က ထောက်ပြခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth ၏ သဘောထားက “တရားနည်းလမ်းမကျ” ကြောင်း၊ အမေရိကန်အနေဖြင့် ယူကရိန်းထံသို့ ပိုမိုများပြားသည့် ကူညီမှုများ ထောက်ပံ့ပေးကာ ရုရှားအပေါ် ပိုမိုပြင်းထန်သည့် ဒဏ်ခတ်အရေးယူမှုများ လုပ်ဆောင်သင့်ကြောင်း ယူကရိန်းနိုင်ငံ လွှတ်တော် နိုင်ငံခြားရေးမူဝါဒကော်မတီ ဥက္ကဋ္ဌ Oleksandr Merezhko က ဆိုသည်။

အမေရိကန်နိုင်ငံရေး ဆုံးရှုံးနိုင်ခြေ အတိုင်ပင်ခံကုမ္ပဏီ ယူရေးရှားအုပ်စု (Eurasia Group) ဥက္ကဋ္ဌ Ian Bremmer က NATO တွင် ယူကရိန်း ပါဝင်ရန် လမ်းကြောင်းမရှိသည်ကို NATO အဖွဲ့ဝင်နိုင်ငံအများစုက နားလည်သဘောပေါက်ကြောင်း၊ သို့သော် NATO တွင် ယူကရိန်း ပါဝင်နိုင်ခြင်း ရှိမရှိကို အမေရိကန်-ရုရှား နိုင်ငံခေါင်းဆောင် ဆွေးနွေးမှုမတိုင်မီ အမေရိကန်ဘက်က တစ်ဖက်သတ် နောက်ဆုတ်ပေးခြင်းမဟုတ်ဘဲ NATO နှင့် ယူကရိန်းတို့ အတူတကွဆွေးနွေးညှိနှိုင်းသင့်သည်ဟု ဆိုသည်။ “NATO က ဒါကြောင့် ပိုမိုအင်အားလျော့နည်းလာမယ်” ဟုလည်း ၎င်းက သတိပေးပြောဆိုခဲ့သည်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ အဆင့်မြင့်ကိုယ်စားလှယ် Kaja Kallas က လူမှုမီဒီယာတွင် ယူကရိန်း၏ လွတ်လပ်မှုနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ကာကွယ်ထိန်းသိမ်းခြင်းမှာ ခြွင်းချက်မရှိကြောင်း၊ လက်ရှိအရေးကြီးဆုံးမှာ ယူကရိန်း၏စွမ်းရည်ကိုမြှင့်တင်၍ ၎င်းအတွက် အားကောင်းသော လုံခြုံရေးအာမခံမှုကို ထောက်ပံ့ပေးရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noël Barrot က NATO တွင် ယူကရိန်း ပါဝင်နိုင်သောလမ်းကြောင်းကို ပြင်သစ်ဘက်က အလွန်အလေးထားသည်ဟု ဆိုသည်။ ယူကရိန်းနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်မှန်သမျှတွင် ယူကရိန်းဘက်က မဖြစ်မနေ ပါဝင်ရမည်ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က မီဒီယာများကို ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း ပဋိပက္ခ အခြေအနေလားရာအပေါ် သက်ရောက်မှုရှိနိုင်

အမေရိကန်၊ ရုရှား၊ ယူကရိန်း သုံးနိုင်ငံ ဆက်သွယ်ဆွေးနွေးမှုသည် ရုရှား-ယူကရိန်း ပဋိပက္ခ လားရာကို ပြောင်းလဲသွားစေနိုင်မည်၊ ပဋိပက္ခ ဆောလျင်စွာ အဆုံးသတ်သွားရန် တွန်းအားပေးနိုင်မည်ဟု အမေရိကန်မီဒီယာများက ယေဘုယျအားဖြင့် ယူဆကြသည်။ ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးမှုကို တွန်းအားပေးသည့် မည်သည့်ကြိုးပမ်းမှုကိုမဆို ကြိုဆိုကြောင်း ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

သို့သော် ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်နိုင်မည်လော ဟူသည်မှာ မျှော်မှန်းရခက်နေဆဲဖြစ်သည်။ အပေါ်ယံကြည့်မည်ဆိုလျှင် အမေရိကန်၊ ရုရှား ဟူသည့် နျူကလီးယားနိုင်ငံကြီးနှစ်နိုင်ငံ၏ ခေါင်းဆောင်များ တိုက်ရိုက် ဖုန်းဖြင့်ဆက်သွယ်မှုသည် ရုရှား-ယူကရိန်း ပဋိပက္ခကို အရှိန်လျော့လာစေနိုင်ကြောင်း၊ သို့သော် ယင်းသည် ယူကရိန်း၏ အကျိုးစီးပွားကို အနစ်နာခံသည့် အခြေအနေ ဖြစ်နိုင်ခြေ အလွန်များကြောင်း BBC သတင်းဌာန၏ ဆောင်းပါးတွင် ဖော်ပြထားသည်။ “အနောက်တိုင်းနိုင်ငံများက ဒီမတိုင်ခင် ယူကရိန်းအပေါ် ထောက်ခံပံ့ပိုးမှုဟာ ‘လိုအပ်တာရှိရင် ဆက်လက်လုပ်ဆောင်သွားမယ်’ လို့ အမြဲပြောခဲ့ပါတယ်။ အခုကြည့်ရတာလည်း ဒါဟာ အနှစ်သာရမရှိတဲ့ ဆောင်ပုဒ် သက်သက်ပါပဲ” ဟုလည်း ဆောင်းပါးတွင် ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံ King’s College London ဂုဏ်ထူးဆောင်ပါမောက္ခ Lawrence Friedman က အပစ်ရပ်ခဲ့သည့်တိုင် ယူကရိန်းပြဿနာ၏ ရှုပ်ထွေးမှုကြောင့် ရုရှား-ယူကရိန်းတို့ ဘက်စုံငြိမ်းချမ်းရေး သဘောတူညီချက်ရရှိရန် ပိုမိုကြာမြင့်သည့်အချိန် လိုအပ်နေဆဲ ဖြစ်ကြောင်း ထောက်ပြထားသည်။ ယူကရိန်း သမိုင်းပညာရှင် Vadim Denishenko က ငြိမ်းချမ်းရေးဆွေးနွေးမှုသည် ဘက်အသီးသီးက မည်သည့်တောင်းဆိုချက်များ တောင်းဆိုသည့်အပေါ်တွင် မူတည်ပြီး အနာဂတ် သုံးလသည် အဓိကအကျဆုံး ကာလဖြစ်နိုင်သည်ဟု ယူဆသည်။

အမေရိကန်အစိုးရသစ်က ရုရှား-ယူကရိန်း ပဋိပက္ခအပေါ် မူဝါဒ ချိန်ညှိမှုသည် အမေရိကန်နှင့် ဥရောပ၏ ခွာပြဲမှုကို ပိုမိုဆိုးရွားစေမည်ဟု လေ့လာသုံးသပ်မှုများလည်း ရှိသည်။ အမေရိကန် Politico သတင်းဌာန၏ ဥရောပရေးရာစာမျက်နှာတွင် ဖော်ပြသည့် ဆောင်းပါး၌ လက်ရှိ ဥရောပသည် “ရက်စက်တဲ့ ဖြစ်ရပ်မှန်” တစ်ခုနှင့် ရင်ဆိုင်နေရကြောင်း၊ ယင်းသည် ဥရောပသမဂ္ဂနှင့် အိမ်ဖြူတော်၏ ဆက်ဆံရေးသည် “အလွန်ဆိုးရွား” လာနိုင်ခြေရှိခြင်းပင်ဖြစ်ကြောင်း ဖော်ပြထားသည်။ အမေရိကန်အစိုးရသစ်သည် အတ္တလန္တိတ်ဖြတ်ကျော် မဟာမိတ်ဆက်ဆံရေးကို ပြင်းထန်သောစိန်ခေါ်မှုများ သယ်ဆောင်လာကြောင်း၊ “ဥရောပရဲ့ အမေရိကန်ရာစုနှစ်ဟာ အဆုံးသတ်သွားပါပြီ” ဟု အမေရိကန် CNN သတင်းရုပ်သံကလည်း ဝေဖန်ဖော်ပြထားသည်။

ဥရောပသည် အုပ်စုလိုက် ကာကွယ်ခြင်း၊ စစ်ရေး ပူးပေါင်းဆောင်ရွက်ခြင်း စသည့်ကဏ္ဍများတွင် အမေရိကန်ကို အရင်းမြစ်မှ လိုအပ်ကြောင်း၊ ထိုသို့ မှီခိုအားထားသည့်ဆက်ဆံရေးကြောင့် ဥရောပသမဂ္ဂက အမေရိကန်အပေါ် အလွန်မာမာတင်းတင်းဆက်ဆံရန် ခက်ခဲစေမည်ဟု ဂျာမနီနိုင်ငံ တတ်သိပညာရှင်အဖွဲ့အစည်း Jacques Delors စင်တာမှ နိုင်ငံရေး လေ့လာသုံးသပ်သူ Arthur Leichthammer က ထောက်ပြထားသည်။ (Xinhua)

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ကျင်းပသော သတင်းစာရှင်းလင်းပွဲသို့ သမ္မတ ထရမ့် တက်ရောက်နေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံ မြို့တော် မော်စကိုရှိ ကရင်မလင်နန်းတော်အား ၂၀၂၄ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————————-
(Chinese Version)
国际观察丨美与俄乌通气 冲突或现转机?
新华社北京2月13日电 美国总统特朗普12日同俄罗斯总统普京通电话,双方同意“紧密合作”以结束俄乌冲突。当天,特朗普还同乌克兰总统泽连斯基通话讨论乌克兰实现和平的可能性。美国国防部长赫格塞思还表达了不赞成乌克兰加入北约的态度。
分析人士认为,美国总统及高官的表态暗示美方在乌克兰危机上的立场或已发生重大转变,并影响俄乌冲突走向。这恐将加深美国与欧洲盟友间分歧,跨大西洋关系寒意凛凛。
美与俄乌“通气”
俄罗斯总统新闻秘书佩斯科夫12日晚说,俄美领导人通话持续近一个半小时。普京在通话中赞同特朗普关于通过谈判让乌克兰危机得到长远解决的观点。同日,特朗普在社交媒体上发文说,他同普京在通话中同意就结束俄乌冲突进行“紧密合作”,并派遣各自团队“立即开始谈判”。

这是俄乌冲突发生以来,美俄元首首个被公开证实的通话。特朗普12日还表示,他不久将与普京会面,地点可能在沙特阿拉伯。俄罗斯科学院美国和加拿大研究所首席研究员弗拉基米尔·巴图克说,俄美总统直接通话是一个“好兆头”,表示双方正在恢复接触。
当天晚些时候,特朗普与泽连斯基通话。泽连斯基12日晚在社交媒体上说,特朗普分享了他与普京通话的细节,双方就乌克兰实现和平的可能性进行了长时间讨论。乌美双方同意保持进一步联系并为接下来的会晤制订计划。特朗普在社交媒体上透露,相关方代表将在14日开始的慕尼黑安全会议期间举行会谈。
此外,赫格塞思12日在比利时首都布鲁塞尔出席活动时说,恢复乌克兰2014年之前的边界“不现实”,美国不认为应该通过乌克兰加入北约来保障乌未来安全。他强调,美国不会向乌克兰派遣军队,欧洲未来如果向乌克兰派遣维和部队不适用于北约的集体防御条款。
美政策出现重大调整
分析人士认为,美国新一届政府针对俄乌冲突的一系列表态和动作预示其在美俄关系、对俄乌冲突政策上出现重大调整,这在美国国内及欧洲多国引发争议。
美国《国会山》日报说,上一次美俄元首会晤是时任总统拜登与普京2021年6月在瑞士举行的会晤。若特朗普与普京实现会晤,这将是美俄关系的重大变化。
自2008年北约布加勒斯特峰会以来,北约不少成员国认可接纳乌克兰成为该组织成员,近年来一些北约国家领导人还表示“乌克兰的未来在北约”。前白宫国家安全委员会官员亚历山大·文德曼指出,此次美防长的表态排除了乌克兰加入北约的可能,向基辅发出了明确信号,意味着美方政策的重要转变。
乌克兰议会对外政策委员会主席亚历山大·梅列日科表示,赫格塞思的表态“不合逻辑”,美方应向乌提供更多援助并对俄实施更严厉制裁。
美国政治风险咨询公司欧亚集团总裁伊恩·布雷默说,大多数北约成员国明白,乌克兰并没有加入北约的路径,但乌克兰能否加入北约应通过北约与乌克兰共同协商,而不是美国在美俄元首谈判前单方面作出让步。他警告说,“北约会因此变得更加脆弱”。
欧盟外交与安全政策高级代表卡拉斯在社交媒体上说,维护乌克兰的独立和领土完整是无条件的,当务之急是提升乌克兰的实力并向其提供强有力的安全保障。法国外长巴罗表示,法方“高度重视乌克兰通向北约的路径”。德国外长贝尔伯克对媒体说,任何关于乌克兰的决定都必须有乌方参与。
可能影响俄乌冲突走向
美国媒体普遍认为,美、俄、乌三方“通气”可能改变俄乌冲突走向,或推动冲突早日结束。联合国发言人哈克12日表示,欢迎任何推动俄乌和谈的努力。
不过,俄乌冲突能否结束依然难料。英国广播公司文章说,从表面看,美俄这两个核大国领导人直接通话或给俄乌冲突“降温”,但这很可能是建立在牺牲乌克兰利益的前提下。“西方国家此前总说对乌克兰的支持‘只要需要就会继续’,现在看来也只是空洞的口号。”
英国伦敦国王学院名誉教授劳伦斯·弗里德曼指出,即使实现停火,鉴于乌克兰问题的复杂性,俄乌达成全面和平协议仍需要更长时间。乌克兰历史学家瓦季姆·杰尼先科认为,和谈取决于各方将提出哪些要求,未来三个月可能是关键期。
还有分析说,美国新一届政府对俄乌冲突政策的调整恐加深美欧裂痕。美国《政治报》欧洲版文章说,当下欧洲面临一个“残酷事实”,即欧盟与白宫的关系恐变得“非常糟糕”。美国有线电视新闻网也评论说,美国新一届政府给跨大西洋盟友关系带来严峻挑战,“欧洲的美国世纪已经结束了”。
德国智库雅克·德洛尔中心政治分析师莱希特哈默指出,欧洲在集体防御、军事合作等方面从根本上需要美国,这种依赖关系可能使欧盟难以对美国十分强硬。
1. 这张2018年7月16日的资料照片显示,美国总统特朗普(左)和俄罗斯总统普京在芬兰首都赫尔辛基举行会晤。新华社发(海基·绍科马摄)
2. 2025年1月30日,美国总统特朗普在首都华盛顿的白宫出席新闻发布会。新华社记者胡友松摄
3. 这是2024年5月11日在俄罗斯首都莫斯科拍摄的克里姆林宫。新华社发(亚历山大摄)