Connect with us

China

အပြုသဘော လက်တွေ့ကျသည့် တရုတ်နိုင်ငံ မူဝါဒကို ကနေဒါ လက်ကိုင်ကျင့်သုံးရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်အား ၂၀၂၅ ခုနှစ် မတ် ၁၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်)

ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ)
Mark Carney သည် မကြာသေးမီရက်က ကနေဒါ အာဏာရပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံရရာ ကနေဒါ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သွားမည် ဖြစ်သည်။ သက်ဆိုင်ရာ သတင်းများကို တရုတ်နိုင်ငံက ဂရုပြုမိကြောင်းနှင့် မစ္စတာ Mark Carney အား ဂုဏ်ပြုပါကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က မတ် ၁၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးခွန်းများကို ဖြေကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။
“အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုပေါ်မှာ အခြေခံပြီး တရုတ်-ကနေဒါ ဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်ဖို့ တရုတ်နိုင်ငံအနေနဲ့ အစဉ်အမြဲ အဆိုပြုပါတယ်။ ကနေဒါနိုင်ငံအနေနဲ့ တရုတ်နိုင်ငံအပေါ် ဓမ္မဓိဋ္ဌာန်ကျမှု၊ ကျိုးကြောင်းဆီလျော်မှု ရှိသော အမြင်ထားရှိရန်၊ တရုတ်နိုင်ငံအပေါ် အပြုသဘောဆောင်၍ လက်တွေ့ကျသည့် မူဝါဒကို လက်ကိုင်ထားကျင့်သုံးရန်၊ တရုတ်နိုင်ငံနဲ့ စိတ်တူကိုယ်တူ တရုတ်-ကနေဒါ ဆက်ဆံရေး ကောင်းမွန်တိုးတက်အောင် ပြုပြင်ဆောင်ရွက်ရေး တွန်းအားပေးရန် မျှော်လင့်ပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)
———————–
(Chinese Version)
中国外交部:希望加拿大奉行积极务实的对华政策
新华社北京3月10日电(记者温馨、朱超)马克·卡尼近日当选加拿大执政党党首,并将出任加拿大总理。中国外交部发言人毛宁10日在例行记者会上回答提问时说,中方注意到有关报道,向卡尼先生表示祝贺。
“中方一贯主张在相互尊重、平等互利基础上发展中加关系,希望加方树立客观理性的对华认知,奉行积极务实的对华政策,同中方相向而行,推动中加关系改善发展。”毛宁说。(完)