China
ရုရှား-အမေရိကန် ခေါင်းဆောင်များ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

ပေကျင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ)
ရုရှား-အမေရိကန် ခေါင်းဆောင်များ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုအပေါ် သတင်းထောက်များ၏ မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က မတ် ၁၉ ရက်တွင် ပြန်လည်ဖြေကြားခဲ့သည်။
ယင်းနေ့ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ရုရှား သမ္မတ ပူတင်နှင့် အမေရိကန် သမ္မတ ထရမ့်တို့သည် မတ် ၁၈ ရက်က ဖုန်းဖြင့် ဆက်သွယ်၍ ရုရှား-အမေရိကန် ဆက်ဆံမှု ပုံမှန်အသွင်ဖြစ်ရေးနှင့် ယူကရိန်းအခြေအနေ စသည့် အရေးကိစ္စများကို အဓိကထားဆွေးနွေးခဲ့ကြကြောင်း၊ ထို့ပေါ် တရုတ်နိုင်ငံက မည်သို့ သုံးသပ်ပြောကြားလိုပါသနည်း၊ ယင်းမှာ ယူကရိန်းအကျပ်အတည်းဖြေရှင်းရေးအပေါ် မည်သို့ ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ပါသနည်းဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။
“ကျွန်မတို့အနေနဲ့ သက်ဆိုင်ရာ သတင်းတွေကို သတိထားမိပါတယ်”၊ “တရုတ်နိုင်ငံဘက်က တွေ့ဆုံဆွေးနွေးမှုနဲ့အကျပ်အတည်း ဖြေရှင်းရေးကို အစကတည်းက လက်ကိုင်ထားပါတယ်၊ အပစ်ရပ်ရေး ကြိုးပမ်းမှုမှန်သမျှကို မြင်တွေ့လိုတယ်၊ ဒါက ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် မဖြစ်မနေ ခြေလှမ်းတစ်ရပ်လို့ ယူဆတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
外交部回应俄美元首通话
新华社北京3月19日电(记者邵艺博、曹嘉玥)外交部发言人毛宁19日就俄美元首通话答记者问。
当日例行记者会上,有记者问:3月18日,俄罗斯总统普京同美国总统特朗普通电话,重点讨论俄美关系正常化和乌克兰局势等问题。请问中方对此有何评论?这对于解决乌克兰危机能发挥多大作用?
“我们注意到有关报道。”毛宁说,“中方从一开始就主张通过对话谈判解决危机,乐见一切通往停火的努力,认为这是实现和平的必要一步。”(完)